ထက်ထက်နဲ့ တူလွန်းတယ်လို့ လူပြောများနေတဲ့ ဖြူဖြူထွေးရဲ့ ကြော်ငြာ TikTok

ထက်ထက်နဲ့ တူလွန်းတယ်လို့ လူပြောများနေတဲ့ ဖြူဖြူထွေးရဲ့ ကြော်ငြာ TikTok

ဖူဖြူထွေး ဟာ Myanmar Influencer Awards 2019 မှာ Celebrity Influencer Award Winner ဆုကိုရရှိခဲ့တာပဲ ဖြစ်ပြီး Celebrity Influencer Award ကတော့ Influencer ကနေ အကြောင်းအရာတွေကို ဖန်တီးနေရင်းနဲ့ အနုပညာရှင်ဘက်ကိုပြောင်းသွားတဲ့ သူတွေကို ပရိသတ်တွေက ချစ်ပေးတဲ့ ဆုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

phyuphyuhtew 5

ပရိသတ်တွေ အချစ်ပိုလာရတဲ့ အကြောင်းကတော့ ပရိသတ်ပြောတဲ့ စကားလေးတွေကို တန်ဖိုးထားပြီးတော့နားထောင်ကာ ပြုပြင်ပြောင်းလဲခဲ့တဲ့ အတွက် အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်သင့်သလောက်ရောက် လာခဲ့ပြီလို့ဆိုနိုင်ပါတယ်။ ဖြူဖြူထွေး ဆိုတာနဲ့ ပရိသတ်တွေကိုရယ်မောစေချင်တဲ့ အသက်ငယ်တဲ့အနုပညာရှင်တစ်ယောက်လို့ သိကြတာပဲ ဖြစ်ပါတယ်။

phyuphyuhtew 2

ပထမတော့ ပရိသတ်တွေက ဝေဖန်မှု၊ တိုက်ခိုက်မှုများစွာရှိခဲ့ပေမယ့် အခုချိန်မှာ ပွင့်လင်းတဲ့ အပြော ရိုးသားတဲ့စိတ်ဓာတ်လေးကြောင့် ပရိသတ်တွေ လက်ခံအားပေးလာတာပဲ ဖြစ်ပါတယ်။

phyuphyuhtew 4

အနုပညာအလုပ်များစွာကို လုပ်ကိုင်နေပြီဖြစ်ပြီး ကြော်ငြာတွေပါလက်ခံရိုက်ကူးလာတဲ့ ဖြူဖြူထွေးကတော့ သူမရဲ့ Life Style ကို ပရိသတ်ကိုအမှန်တိုင်းချပြရဲတဲ့ သူတစ်ယောက်လည်းဖြစ်ပြီး MTVတွေပါ ရိုက်ကူးနေပြီတဲ့ ဖြူဖြူထွေးကတော့အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်ရှိလာတာဟာ ရိုးသားစွာ ကြိုးစားခဲ့တာကြောင့် ဆိုရမှာပါနော်။

phyuphyuhtew 5

လက်ရှိမှာလည်း မကြာသေးမီက ရွှေဆိုင်ရိုက်ကူးရင်း TikTok လေးတွေရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ရိုက်ကူးရေးလုပ်နေစဉ်ရိုက်ကူးထားတာ ဖြစ်တာကြောင့် ထက်ထက်ငယ်ငယ်က ပုံရိပ်လေးတွေနဲ့ ဆင်ကြောင်း ပရိသတ်တွေက မှတ်ချက်ပေးနေကြတာပဲ ဖြစ်ပါတယ်။

အနုပညာလောကထဲကို စတင်ဝင်ရောက်ချိန်ကနဲ့ လုံးဝကွားခြားသွားတဲ့ ဖြူဖြူထွေးကတော့ ပရိသတ်တွေရဲ့ မှတ်ချက်ကောင်းတွေကိုပဲ ဆက်တိုက်ရရှိနေတာလို့ ဆိုရမှာပါနော်။ ပရိသတ်ကြီးလည်း ဖြူဖြူထွေးရဲ့ TikTok ဗီဒီယိုဖိုင် လေးကိုကြည့်ပြီး ထက်ထက်နဲ့ တူရဲ့လားဆိုတာမှတ်ချက်ပေးခဲ့ပါဦးနော်။

Comments are closed.