မီတာခတွေ ပိုကျနေတဲ့ အချိန်မှာ ကျွန်မဒီလိုသုံးပါတယ် (၅၀၀၀၀ ကျော်ကနေ ၂၅၀၀၀ ကျော်ပဲကျပါတယ်

မီတာခတွေ ပိုကျနေတဲ့ အချိန်မှာ ကျွန်မဒီလိုသုံးပါတယ် (၅၀၀၀၀ ကျော်ကနေ ၂၅၀၀၀ ကျော်ပဲကျပါတယ်

မီတာခတွေ ပိုကျနေတဲ့ အချိန်မှာ ကျွန်မဒီလိုသုံးပါတယ် (လစဉ် ၅၀၀၀၀ ကျော်ကနေ ၂၅၀၀၀ ကျော်ပဲကျပါတယ်)

lkdkffkfkfkfkfkf

သူများတွေ မီတာစာရွက်အကြောင်းလေးတွေ ပြောနေကြလို့ပါကျွန်မ အိမ်ရဲ့မီတာခက လစဉ် ငွေ၅သောင်းနီးနီးကျတဲ့အတွက်မီတာခတွေ တိုးကောက်မယ် သုံးဆတက်မယ်ဆိုတော့ သိန်းချီပေးရတော့မယ်ဆိုပြီး စိတ်အတော်ညစ်သွားချိန်မှာအိမ်ကို မီတာလာဖတ်တဲ့စာရေးလေးက အကြံပေးသွားတာက အစ်မ သုံးတဲ့ လျှပ်စစ်ဓာတ်အားတွေကို အတတ်နိုင်ဆုံးလျှော့လိုက်ပါ တဲ့။အမျိုးသားကတော့ သုံးသင့်တာ သုံးပါ သိပ်စိတ်ညစ်မခံပါနဲ့ လို့ပြောပေမယ့်အိမ်တစ်အိမ်မှာ အိမ်ရှင်မ က အခရာဆိုတာ ကျွန်မ သက်သေပြလိုက်နိုင်တာလေး ပြောပြချင်လို့ပါ။ကဲ မီတာဖတ်တဲ့စာရေးလေးက မီတာပုံးမှာ ကျွန်မ သုံးတဲ့ယူနစ်ကို ရေးလိုက်ပါပြီအစ်မ နောက်လက စပြီး တက်ပြီနော် တဲ့။

lkdkffkfkfkfkfkf

အိုကေပါ ကျွန်မ ချွေတာရပါမယ်။ငွေရှာရတဲ့ အမျိုးသားအပေါ် မှာလည်း အားနာသင့်တယ်မဟုတ်လားနော်အဲဒီအတွက် ညတိုင်း ထွန်းနေကျ လမ်းမီးကို မှောင်ရိပ်သန်းလာမှ ထွန်းပြီး မနက် ၅ နာရီထိုးတာနဲ့ ပိတ်လိုက်ပါတယ်။ခေါင်းရင်းဘက်ကခြံထဲဖွင့်တဲ့ မီးလုံးကို လုံးဝ မဖွင့်တော့ပါဘူ။မီးပူက မီတာယူနစ်အားအတက်ဆုံးလ်ု့ိ အင်တာနက်မှာ ဖတ်ရတဲ့အတွက် အိမ်နေ အဝတ်အထည်ကို မီးပူ လုံးဝ မတိုက်တော့ပဲ တိုက်တဲ့အခါလည်းအချိန်မဆွဲဘဲ အမြန်တိုက်ပြီး မလိုအပ်ရင် မီးပူခလုတ် ပိတ်ထားပါတယ်။ရေစက်မမောင်းဘဲ မိုးရေနဲ့ ရေတစ်လျောက်သုံးပါတယ်။TV ကိုလည်း အရင်ကလို မကြည့်ချင်ဘဲ ဖွင့်ထားတာမျိုး မလုပ်ပါဘူး။

lkdkffkfkfkfkfkf

CCTV ကင်မရာကို တစ်နေ့လုံး မဖွင့်တော့ဘဲ ညမှောင်မှ ဖွင့်ပြီး မနက် မိုးလင်းတာနဲ့ ပိတ်ပါတယ်။တစ်လလုံး Aircon လုံးဝ မဖွင့်ပါဘူး။သားဖြစ်သူ ပူအိုက်နေမှာစိုးတာနဲ့ ရေထည့်ပြီးဖွင့်လို့ရတဲ့ ပန်ကာကို တစ်လုံးထပ်ဝယ်လိုက်ပါတယ်။အကျိုးဆက်က ယူနစ်မတက်ဘဲ အများကြီးသက်သာပြီး တစ်နေ့လုံးလည်းဖွင့်ထားနိုင်ပါတယ်။ရေပူရေအေးစက်ကို ရေမချိုးခင် ၅မိနစ်အလိုမှ ဖွင့်ပြီး ချက်ချင်း ပြန်ပိတ်ပါတယ်။လူမရှိတဲ့အခန်းတွေမှာ မီးချောင်းမီးလုံးတွေ လုံးဝ မထွန်းထားခဲ့ပါဘူး။

lkdkffkfkfkfkfkf

အရင်က အိမ်ရှေ့ဧည့်ခန်းမှာ မီးချောင်းနှစ်ချောင်း ထိန်နေအောင် ဖွင့်ခဲ့ပေမယ့် ညနေမှောင်လာမှ တစ်ချောင်းသာ ထွန်းပါတယ်။ညအိပ်မီးလုံး နှစ်လုံးအစား တစ်လုံးကိုပဲ အခန်းကူးလျှောက်လမ်းမှာ တစ်ညလုံး ထွန်းထားလိုက်ပါတယ်။ရေခဲသတ္တာကိုတော့ တောက်လှျှောက်ဖွင့်ထားပါတယ်။ထမင်းဟင်းချက်တာကို ပေါင်းအိုးတစ်လုံးနဲ့ အိုးနီတစ်လုံးပဲ သုံးပါတယ်။ကော်ဖီဖျောက်သောက်ချိန် လျှပ်စစ်ရေနွေးအိုးကို ခလုတ်တက်တာနဲ့ ချက်ချင်းပိတ်ပါတယ်။ အရင်လို မီးပလပ်တန်းလန်းနဲ့ မထားခဲ့ပါဘူး။

lkdkffkfkfkfkfkf

အဝတ်လျှော်စက်သုံးတဲ့အခါမှာလည်း အဝတ်များမှသာ တစ်ခါ စု လှျှော်လိုက်ပါတယ်။အဓိကက ရေကိုလည်း ချွေတာသုံးပါတယ် ရေမောင်းရေတင်ရတဲ့အခါ လျှပ်စစ်အားကို အသုံးပြုရမှာမို့ပါချွေတာတယ်ဆိုတဲ့နေရာမှာ စိကုပ်နေတာမဟုတ်ဘဲ ရေကိုသုံးပါ မဖြုန်းပါနှင့် ဆိုတာကို လိုက်နာပြီးသုံးတာပါ။ပဲခူးမှာ မီးပျက်ချိန်လည်း အရမ်းနည်းသွားပါတယ် အရင်လို အကြာကြီးမပျက်တော့ပါဘူး။ပြောချင်တာကအရင်လတွေက ကျွန်မ နေချင်သလိုနေပြီး လျှပ်စစ်ကို သုံးချင်သလို သုံးပါတယ်။ တန်ဖိုးလည်း မသိပါဘူး။

lkdkffkfkfkfkfkf

ခုတော့ လျှပ်စစ်ကို ဘယ်လို ချွေတာသုံးရမလဲ ဆိုတာကို ကျွန်မ နားလည်ပြီ။မီတာဖတ်တဲ့စာရေးလေးက ကျွန်မကို မီတာလာဖတ်တဲ့အချိန်က အရမ်းကို အံ့သြသွားပုံနဲ့ အစ်မရယ် ယူနစ်တွေကို တော်တော်ချွေတာလိုက်တာပဲ လို့ ဝမ်းသာအားရ ပြောသွားပါတယ်။ကျွန်မလည်း ကိုယ့်ကိုယ် ကို တော်တယ် လို့ သတ်မှတ်လိုက်ပါတယ်။အမျိုးသားကလည်း ကျွန်မကို ချီးမွမ်းပါတယ်။ အရမ်းကိုတော်တယ် တဲ့။မျှဝေ တဲ့ သဘောပါ။

Comments are closed.