ဗစ်တိုးရီးယား အမှုမှန်ပေါ်ပေါက်ဖို့ ထောင်ထဲတွင် ဘုရားရှိခိုးဆုတောင်းနေရတယ်လို့ အောင်ကြီးပြော

ဗစ်တိုးရီးယား အမှုမှန်ပေါ်ပေါက်ဖို့ ထောင်ထဲတွင် ဘုရားရှိခိုးဆုတောင်းနေရတယ်လို့ အောင်ကြီးပြော

ဗစ်တိုးရီးယား အမှုမှန်ပေါ်ပေါက်ဖို့ ထောင်ထဲတွင် ဘုရားရှိခိုးဆုတောင်းနေရတယ်လို့ အောင်ကြီးပြော

victer23655 4

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စိတ်ဝင်စားနေကြတဲ့ ဗစ်တိုးရီးယားအမှုဟာ အမှုမှန်ပေါ်ပေါက်ဖို့အတွက် စစ်ဆေးနေဆဲပဲဖြစ်ပါတယ်။ ဗစ်တိုးရီးယားလေးမိခင်က ဆရာမနှင်းနုကို ထပ်တိုးတရားခံအဖြစ် တင်သွင်းခဲ့ပေမယ့်လည်း လက်မခံခဲ့သေးဘဲ စတုတ္ထမြောက်ရုံးချိန်းမှာတော့ သမီးလေး ဗစ်တိုးရီးယားကို မေးမြန်းထားတဲ့ ဗီဒီယိုကို ဖခင်ဖြစ်သူက တရားရုံးတော်ကိုတင်သွင်းခဲ့ပါတယ်။

victer23655 3

ထိုဗီဒီယိုမှာတော့ ကိုကိုညီညီ (၂) ဦးလုပ်တာဖြစ်ကြောင်းနှင့် အောင်ကြီးကို မသိကြောင်း ဗစ်တိုးရီးယားလေးကဖြေဆိုထားခဲ့ပါတယ်။ သို့သော်ရဲတပ်ဖွဲ့က အောင်ကြီးကို သံသယရှိ တရားခံအဖြစ် တရားရုံးတော်ကို သက်သေနှင့်တကွ တင်သွင်းထားတာဖြစ်ပါတယ်။

victer23655 2

အောင်ကြီးရဲ့ မိခင်ဖြစ်သူကလည်း အောင်ကြီးသည် ဒီအမှုနဲ့မသက်ဆိုင်တဲ့သူ၊ အပြစ်မရှိသူတစ်ယောက်ဖြစ်ကြောင်း သက်သေပြနိုင်ဖို့အတွက် ကြိုးစားနေရရှာပါတယ်။ ဗစ်တိုးရီးယားအမှုနဲ့ပတ်သက်ပြီးတော့လည်း အမှုမှန်အမြန်ပေါ်ပေါက်ဖို့ သံသယရှိတရားခံ အောင်ကြီးဟာ ထောင်ထဲမှာ ဘုရားရှိခိုးတိုင်း ဆုတောင်းနေခဲ့တယ်လို့ မိခင်ဖြစ်သူကဆိုပါတယ်။

victer23655 1

“ထောင်ဝင်စာသွားတယ် ဒီအမှုနဲ့ပတ်သက်လို့ သားဘာမှမပူနဲ့နော် သားတရားခံလည်းမဟုတ်ဘူး။ အမေ သားဘုရားမှာအမြဲရှိခိုးပါတယ်။ သားဝဋ်ကြွေးရှိလို့ သားခံရတာပေါ့နော်။ သားဝဋ်ကြွေးရှိသလောက်ပေးဆပ်ရဦးမှာပေါ့။ ဒီအမှုကိုလည်း အမှုမှန်မြန်မြန်ပေါ်ပါစေလို့ သားအမြဲဆုတောင်းပါတယ်တဲ့ ဘုရားရှိခိုးတိုင်းပေါ့။

victer23655 5

ကျမသားလေးက သူများကို မတရားလုပ်ချင်တဲ့စိတ်လည်း သူ့မှာမရှိပါဘူး။ သူဘယ်လိုနေတယ် ဘယ်လိုထိုင်တယ် ဘယ်လိုလူမျိုးလည်းဆိုတာကို မေးကြည့်လို့ရပါတယ် ဒီပတ်ဝန်းကျင်ကို။ ဟော့ဟော့ရမ်းရမ်း ဗရမ်းဗတာနေတဲ့ ကလေးတစ်ယောက်မဟုတ်ပါဘူး။” လို့ အောင်ကြီးရဲ့ အမေဖြစ်သူက ပြောပါတယ်။

Comments are closed.