ထင်မှတ်ထားလောက်တဲ့ ပြောင်းလဲမှုကြီးတစ်ခုကို ထပ်မံချပြလိုက်တဲ့ နေခြည်ဦး

ထင်မှတ်ထားလောက်တဲ့ ပြောင်းလဲမှုကြီးတစ်ခုကို ထပ်မံချပြလိုက်တဲ့ နေခြည်ဦး

မထင်မှတ်ထားလောက်တဲ့ ပြောင်းလဲမှုကြီးတစ်ခုကို ထပ်မံချပြလိုက်တဲ့ နေခြည်ဦး

smdpfbpslmdfvchi 4

နေခြည်ဦးကတော့ Beauty Blogger တစ်ဦးအနေနဲ့ ပရိသတ်တွေရဲ့ ရင်ထဲကို ဝင်ရောက်နေရာယူလာတဲ့ သူလေးတစ်ယောက်ပါ။သွက်လက်ထက်မြတ်ပြီး အမြဲယုံကြည့်မှုရှိနေတဲ့ သူမရဲ့ပုံစံတွေကြောင့် မြန်မာမိန်းကလေးတော်တော်များများကသဘောကျပြီး နှစ်သက်အားပေးကြတာပဲဖြစ်ပါတယ်။နေခြည်ဦးဟာ သူမကိုယ်တိုင်လည်း ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့်ရှိပြီး အမြဲလှပအောင်နေသလို မိန်းကလေးတိုင်းကိုလည်း လှပအောင်နည်းလမ်းကောင်းလေးတွေမျှဝေပေးတတ်တဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။

smdpfbpslmdfvchi 3

အခုနောက်ပိုင်းမှာတော့ နေခြည်ဦးဟာ သရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာဖြစ်ပြီး အချိန်တိုတိုအတွင်းမှာပဲ ထိပ်တန်းမင်းသမီးတစ်ယောက်အနေနဲ့ အောင်မြင်မှုတွေကို ရရှိထားပါသေးတယ်။လက်ရှိမှာလည်း နေခြည်ဦးဟာ “ရန်သူ”၊”ဧည့်သည်”၊”ပုရိသ”စတဲ့ ရုပ်ရှင်ဇာတ်ကားတွေ(၃)ကားတိတိကို ပါဝင်ရိုက်ကူးထားပြီး တက်သစ်စသရုပ်ဆောင်တစ်ယောက်လို့မထင်ရဘဲ ဝါရင့်သရုပ်ဆောင်တစ်ဦးလို ကျရာဇာတ်ရုပ်တိုင်းကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

smdpfbpslmdfvchi 2

လတ်တလောမှာလည်း နေခြည်ဦးဟာ ပရိသတ်တွေမထင်မှတ်ထားလောက်တဲ့ ပြောင်းလဲမှုကြီးတစ်ခုကို သူမရဲ့ လူမှုကွန်ရက်ကနေ ချပြခဲ့ပါသေးတယ်။ဒီပြောင်းလဲမှုကြီးနဲ့ ပတ်သက်ပြီးတော့လည်း နေခြည်ဦးက “မဖြစ်ဘူးဆိုတာ ဘာမှမရှိဘူး။မဖြစ်သေးတာဘဲ ရှိတယ်။

smdpfbpslmdfvchi 1

ကိုယ်လိုချင်တာတစ်ခုအတွက် ပြင်းပျတဲ့ ဆန္ဒနဲ့ ပေးဆပ်မှုရယ် ကြိုးစားမူနဲ့ ယုံကြည်မှုရယ်ရှိရင် နေခြည်အတွက်ကတော့ Everything is Possible ပဲ။ Don’t stop believing in yourself!! PUSH YOURSELF HARDER and stay out of comfort zone “ဆိုပြီး သူမရဲ့ ပြောင်းလဲသွားတဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့အတူ ဖော်ပြထားတာဖြစ်ပြီး ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Comments are closed.