ပုသိမ်ထီးတစ်လက်နဲ့ မန္တလေးလမ်းမပေါ်မှာ Catwalk အစွမ်းပြခဲ့တဲ့ ဖိလစ်ပိုင်ဂေးမော်ဒယ်

ပုသိမ်ထီးတစ်လက်နဲ့ မန္တလေးလမ်းမပေါ်မှာ Catwalk အစွမ်းပြခဲ့တဲ့ ဖိလစ်ပိုင်ဂေးမော်ဒယ်

ပုသိမ်ထီးတစ်လက်နဲ့ မန္တလေးလမ်းမပေါ်မှာ Catwalk အစွမ်းပြခဲ့တဲ့ ဖိလစ်ပိုင်ဂေးမော်ဒယ်

missearthmynmar 1

ဖိလစ်ပိုင်နိုင်ငံသား နာမည်ကျော်ဂေးမော်ဒယ်တယောက်ဖြစ်တဲ့ Sinon Loresca ဟာ Miss Earth Myanmar 2019 အလှမယ်ပြိုင်ပွဲမှာ ဒိုင်အဖြစ် ပါဝင်သွားဖို့ မြန်မာနိုင်ငံ ကို ရောက်ရှိနေပါတယ်။The King Of Catwalk လို့ အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ထင်ရှား တဲ့ Sinon Loresca ဟာ သြဂုတ်လ ၂၁ ရက်နေ့က ရန်ကုန်မြို့ကို လေကြောင်းနဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပြီး မန္တလေးကို ဆက်သွားခဲ့တာ ဖြစ်ပါတယ်။

missearthmynmar 2
missearthmynmar 3

အသက် ၃၁ အရွယ် ရှိနေပြီဖြစ်တဲ့ Sinon Loresca ဟာ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာ မြို့ဇာတိဖြစ်ပြီး ကြံ့ခိုင်တဲ့ ကြွက်သားအမြှောင်းမြှောင်းနဲ့ ခန္ဓာကိုယ်နဲ့ ဒေါက်မြင့်ဖိနပ်ကို ကျွမ်းကျွမ်းကျင်ကျင် စီးကာ အလှပြ Catwalk လျှောက်နိုင်သူအဖြစ် ထင်ရှားသူ ဖြစ်ပါ တယ်။သူ့ကိုယ်သူလည်း ဂေးတယောက်အဖြစ် ခံယူထားပြီး မော်ဒယ်လောကမှာပါ ထူး ခြားတဲ့ Catwalk လျှောက်ဟန်နဲ့ အောင်မြင်လာခဲ့တာပါ။

missearthmynmar 5

ခုခရီးစဉ်မတိုင်ခင်ကတည်းက သူဟာ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှတဆင့် မြန်မာ နိုင်ငံကို လာရောက်မယ့် အကြောင်း၊ စိတ်လှုပ်ရှားနေတဲ့အကြောင်း တင်ထားခဲ့တာ ဖြစ်ပါတယ်။ဒီကနေ့ တင်ထားခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ မြန်မာပြည်လမ်းမထက်မှာ အပေါ်ပိုင်း ဗလာကျင်းခန္ဓာကိုယ်၊ ပုသိမ်ထီးတလက်နဲ့အတူ အောက်မှာတော့ လိုက်ဖက်တဲ့ လိမ္မော်ရောင် အဆင်တစကို ဝတ်ဆင်ကာ Catwalk လျှောက်ပြနေခဲ့တာကို တွေ့ရပါတယ်။

လမ်းတဖက်က ကားတွေယာဉ်တွေ သွားလာနေကြပြီး တဖက်မှာတော့ အနီရောင်ရဲရဲ ဒေါက်ဖိနပ်အမြင့်ကြီး စီးထားပြီး ယုံကြည်မှုရှိရှိ၊ ဟန်ပါပါ Catwalk လျှောက်ပြ နေတဲ့ Sinon Loresca ရဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ အွန်လိုင်းပေါ်မှာတော့ ပရိသတ်တွေကြား အားပေးမှုတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။

Comments are closed.