တစ်ချိန်က တိုက်စစ်မှူးဘောလုံးကစားသမားဟောင်း အဖြစ် စွမ်းရည်တွေကို ထုတ်ပြတော့မယ့် ဒေါင်း

တစ်ချိန်က တိုက်စစ်မှူးဘောလုံးကစားသမားဟောင်း အဖြစ် စွမ်းရည်တွေကို ထုတ်ပြတော့မယ့် ဒေါင်း

တစ်ချိန်က တိုက်စစ်မှူးဘောလုံးကစားသမားဟောင်း အဖြစ် စွမ်းရည်တွေကို ပြန်လည်ထုတ်ပြတော့မယ့် ဒေါင်း

dow523669 1

ဒေါင်းကတော့ ” ပုဂံမြို့သူ ” ဇာတ်လမ်းတွဲ မှာ မောင်မောင်ကြီး ကာရိုက်တာနဲ့ ပရိသတ်တွေရင်ထဲရောက်ခဲ့သူပဲ ဖြစ်ပြီး ” Star Awards Best Tv Series Actor ” ဆုကို ပုဂံမြို့သူဇာတ်ကားနဲ့ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ဒေါင်းကိုဆိုမကြွေတဲ့ မိန်းကလေးတွေမရှိသလောက်ပါပဲနော်။

dow523669 3

ဒေါင်းရဲ့ နောက်မှာ အားပေးတဲ့ အမာခံမိန်းကလေးပရိသတ်တွေ အများကြီးရှိပါတယ်။ ဒေါင်းရဲ့ ညှို့အားပြင်းတဲ့မျက်ဝန်းတစ်စုံနဲ့ သူ့ရဲ့ တည်ငြိမ်အေးဆေးတဲ့ အပြုံး ယောကျာ်းပီသတဲ့ ပုံစံကြောင့် နှုတ်ခမ်းနီမလေးတွေ ကြွေလောက်စရာ ဖြစ်နေတာပါ။

dow523669 4

အခုဆိုရုပ်ရှင်ကားကြီးတွေပါ ရိုက်ပြီး ပရိသတ်အားပေးမှုအပြည့်အဝရထားသူပဲ ဖြစ်ပါတယ်။ တက်သစ်စဖြစ်ပေမယ့်အမျိုးသမီးပရိသတ်တွေ အများဆုံးအားပေးဝန်းရံခံရတဲ့သူပဲ ဖြစ်ပြီး သရုပ်ဆောင်ချက်တွေပီပြင်မှုကြောင့် အချိန်တိုတိုနဲ့ အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်ရှိခဲ့တဲ့သူလို့ဆိုနိုင်ပါတယ်။အနုပညာအလုပ်တွေမလုပ်ခင်က “Southern Myanmar FC ” ဘောလုံးအသင်းရဲ့ ကစားသမားတစ်ဦးပဲ ဖြစ်ပြီး အသင်းရဲ့ တိုက်စစ်မှူး၊ ဂိုးပေါက်ကိုဘောလုံးအရောက်ထည့်ရတဲ့ရှေ့တန်းတိုက်စစ်မှူး နေရာကနေ ကစားခဲ့တဲ့ ကစားသမားဟောင်းတစ်ဦးပဲ ဖြစ်ပါတယ်။

dow523669 5

လက်ရှိမှာလည်း ရေဘေးသင့်ရန်ပုံငွေ ဘောလုံးပွဲအတွက် အနုပညာရှင်များစွာပါဝင်တင်ဆက်မယ့် ပွဲမှာ ဒေါင်းလဲပါဝင်မယ်လို့ သိရပါတယ်။ပါဝင်မယ့်အသင်းနှစ်သင်းကတော့ အဖြူအသင်းနဲ့ အပြာအသင်းဖြစ်ပြီး ဒေါင်းကတော့ အပြာအသင်းမှာပါဝင်မှာပဲ ဖြစ်ပါတယ်။

dow523669 6

အနုပညာရှင်တွေပဲ ပါဝင်မယ့်ပွဲ ဖြစ်တာကြောင့် ဘောလုံးကစားသမားတိုက်စစ်မှူးဟောင်းဖြစ်တဲ့ ဒောင်းကို အနိုင်ကန်နိုင်ဖို့အတွက် တစ်ဖက်အသင်းဖြစ်တဲ့ အဖြူအသင်းသားတွေ ရှိန်နေရတယ်လို့ ဆိုရမှာပါနော်။ ပရိသတ်ကြီးရော ဒောင်းပါဝင်မယ့်အပြာအသင်းက အဖြူအသင်းကို အပြတ်အသတ်နိုင်မှာလားဆိုတာ ထင်မြင်ချက်လေး တစ်ခုခုပေးခဲ့ပါဦးနော်။

Comments are closed.