မေမေခိုင်နှင်းဝေနဲ့အတူ ရုပ်ပြောင်လေးတွေလုပ်ကာ ပျော်ရွှင်နေတဲ့ ရွှန်းရတီခိုင်ရဲ့ Video လေး

မေမေခိုင်နှင်းဝေနဲ့အတူ ရုပ်ပြောင်လေးတွေလုပ်ကာ ပျော်ရွှင်နေတဲ့ ရွှန်းရတီခိုင်ရဲ့ Video လေး

ပရဟိတမင်းသမီးလေးလို့တောင် ပရိသတ်တွေ တင်စားခေါ်ဆိုနေရသူလေးကတော့ မင်းသမီးချောလေး ခိုင်နှင်းဝေပဲဖြစ်ပါတယ်။ သူမဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်ကတည်းက အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့ ထွန်းလင်းတောက်ပနေတဲ့ ကြယ်ပွင့်လေးအဖြစ်ယနေ့တိုင် တည်ရှိနေတာပါ။ သူမဟာ အနုပညာအလုပ်နဲ့ ပရဟိတအလုပ်တွေကို အားလပ်ချိန်မရှိအောင်ကို ကြိုးစားလုပ်ကိုင်နေတာဟာလည်း ချီးကျူးစရာပါပဲနော်။

သူမဟာ ကိုယ်ပိုင်ဂေဟာလေးတစ်ခုတည်ထောင်ကာ မိဘမဲ့နေရှာတဲ့ ကလေးများကို မိခင်ရင်းသဖွယ်ပြုစုစောင့်ရှောက်ထားသူလည်း ဖြစ်ပါတယ်။ ခိုင်နှင်းဝေဟာ ရေဘေးသင့်ဒေသများကိုလည်း ကိုယ်တိုင်ကိုယ်ကျသွားရောက်ကာ လှူဒါန်းထားတာလည်း ဖြစ်ပါတယ်။ သူမဟာ အားလပ်ချိန်များကို မိခင်နဲ့သမီးဖြစ်သူတို့နဲ့အတူ ဖြတ်သန်းကုန်ဆုံးလေ့ရှိတာပါ။

အခုတစ်ခေါက်မှာလည်း သမီးလေး ဖြစ်သူ ရွှန်းရတီခိုင်နဲ့အတူ ရုပ်ပြောင်လေးတွေလုပ်ကာ ဆော့ကစားနေတဲ့ ဗီဒီယိုလေးကို သူမရဲ့Facebook myday လေးမှာ ဝေမျှထားတာပဲ ဖြစ်ပါတယ်။ သမီးလေးဟာလည်း နေကောင်းခါစဖြစ်တဲ့အတွက် မေမေနားကိုကပ်ကာတီတီတာတာလေးတွေကပ်ချွဲနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် သမီးလေးရဲ့ချစ်စရာ ဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source – Khine Hnin Wai,CRD-Myanmar Load

Comments are closed.