သရုပ်ဆောင် ဆုအိမ့်စံရဲ့ ဖေ့စ်ဘုတ်အကောင့် အဟက်ခံရ

သရုပ်ဆောင် ဆုအိမ့်စံရဲ့ ဖေ့စ်ဘုတ်အကောင့် အဟက်ခံရ

သရုပ်ဆောင် ဆုအိမ့်စံရဲ့ ဖေ့စ်ဘုတ်အကောင့် အဟက်ခံရ

sueisan5369 1

လတ်တလော ပရိသတ်တွေကြားမှာ တော်တော်လေးနာမည်ကြီးနေတဲ့ မော်ဒယ်မင်းသမီးချောလေး ဆုအိမ့်စံရဲ့ အချစ်ရေးကတော့ လူမှုကွန်ယက်မှာ ပရိသတ်စိတ်အဝင်စားဆုံး အကြောင်းအရာတစ်ခု ဖြစ်လာပါတယ်။ အများစုကလည်း ကိုယ်ချစ်ရတဲ့ အနုပညာရှင်ကို ကာကွယ်ပြောဆိုပြီး ထင်မြင်ချက်တွေမျိုးစုံ ပေးနေကြတာလည်း တွေ့ရပါတယ်။ ဒီနေ့မနက်ခင်းပိုင်းလောက်မှာတော့ ရုတ်တရက်ဆိုသလို သရုပ်ဆောင် ဆုအိမ့်စံရဲ့ ဖေ့စ်ဘုတ်အကောင့် အဟက်ခံလိုက်ရတာကြောင့် ပရိသတ်တွေလည်း စိတ်မကောင်းဖြစ်နေကြတာပါ။

sueisan5369 2

ချစ်ပရိသတ်တွေအတွက် ဖေ့စ်ဘုတ်အကောင့် အဟက်ခံလိုက်ရတဲ့ မော်ဒယ်မင်းသမီးချောလေး ဆုအိမ့်စံရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

sueisan5369 3

ဒီနေ့မနက်ခင်းမှာပဲ သရုပ်ဆောင် ဆုအိမ့်စံရဲ့ အကောင့်မှာ ပရိုဖိုင်တွေချိန်းပြီး၊ သူမ မရေးတဲ့စာတွေတင်ထားတာကြောင့် ပရိသတ်တွေက အကောင့်အဟက်ခံနေရမှန်း ရိပ်မိသွားကြတာပါ။

sueisan5369 4

အချစ်ရေးမှာ အဆင်မပြေ ဖြစ်နေတဲ့ ဆုအိမ့်စံကတော့ လက်ရှိမှာ အနုပညာအလုပ်တွေ ခပ်ကြဲကြဲလုပ်ဖြစ်နေတာတွေ့ရပြီး၊ သူငယ်ချင်းတွေနဲ့အတူ ခရီးတွေလည်း ထွက်ဖြစ်နေတာပါ။ ပရိသတ်တွေ စိတ်ဝင်တစား စောင့်ကြည့်နေကြတဲ့ အချစ်ရေးအကြောင်းကိုတော့ သူမဘက်က တရားဥပဒေအရ ရင်ဆိုင်သွားမယ်လို့လည်း ပြောထားပါသေးတယ်။ ချစ်ပရိသတ်တွေလည်း အကောင့်အဟက်ခံရတဲ့ ဆုအိမ့်စံအကြောင်း share သွားကြဖို့မမေ့ပါနဲ့နော်။

Comments are closed.