ကျေအေးရုပ်သိမ်းလွှာကိုမြန်မြန်လုပ်ပေးကြပါ အရမ်းပင်ပန်းနေပြီဆိုတဲ့ အစ္စဏီ

ကျေအေးရုပ်သိမ်းလွှာကိုမြန်မြန်လုပ်ပေးကြပါ အရမ်းပင်ပန်းနေပြီဆိုတဲ့ အစ္စဏီ

ကျအေးရုပ်သိမ်းလွှာကိုမြန်မြန်လုပ်ပေးကြပါ အရမ်းပင်ပန်းနေပြီဆိုတဲ့ အစ္စဏီ

eisali53994 1

ရည်းစားဟောင်းကို အဓမ္မကျင့် နှိပ်စက်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ အဆိုတော် အစ္စဏီကို ပြီးခဲ့တဲ့ သြဂုတ်၂၃ရက် က တာမွေတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ဩဂုတ်လ၁၆ရက်နေ့ ရုံးချိန်းတုန်းက ကျန်းမာရေးအခြေအနေကြောင့် အမှုစစ်ဆေးခြင်းကို ရပ်နားခဲ့ရပေမယ့် ဒီတစ်ခေါက်မှာတော့ ကျန်းမာရေးအခြေအနေ ပြန်ကောင်းမွန်နေပြီလို့ သိရပါတယ်။

eisali53994 4

ဒီနေ့ ရုံးချိန်အပြန်မှာတော့ အဆိုတော် အစ္စဏီက အမှုကို မြန်မြန်ပြီးအောင် လုပ်ပေးဖို့ မီဒီယာကနေ တဆင့် တောင်းဆိုစကား ဆိုလိုက်ပါတယ်

eisali53994 2

အစ္စဏီရဲ့ မခင်ဖြစ်သူ ဒေါ်ဥမ္မာမြင့်က “ကျန်းမာရေးက တစ်ခါတစ်လေကျရင် မွန်းကြပ်တာတွေဘာတွေရှိတယ် သူလည်းကြာနေတော့လည်း တစ်ခါတစ်လေကျရင် စိတ်ထွက်ပေါက်လေး ရချင်တာပေါ့။ အခုကတစ်ခါတစ်လေကောင်းတယ်တစ်လေကျတော့လည်း အသက်ရှူကြပ်တာတို့မောတာတို့။ ပရိသတ်တွေလည်း ပြောရတော့မှာပါ။”လို့ ပြီးခဲ့တဲ့ဩဂုတ်လ ၂၃ ရက်နေ့ ရုံးချိန်းမှာ ပြောသွားခဲ့တာပါ။

eisali53994 3

အစ္စဏီကလည်း “ကျန်းမာရေးကတော့ ဒီလိုပဲ ဂရုစိုက်နေရတာပေါ့။ ကျေအေးရုပ်သိမ်းလွှာတင်ထားတာ ရက်၂၀ ကျော်သွားပြီပေါ့ အမြန်ဆုံးလုပ်ပေးကြပါ ကျွန်တော်လည်း ပင်ပန်းနေပါပြီ။ ဆုတောင်းပေးကြပါ။”လို့အချုပ်ကားပေါ်မတက်ခင်မှာ မီဒီယာတွေကိုပြောသွားခဲ့ပါတယ်။

eisali53994 4

တရားဆွဲဆိုခံထားရတဲ့ တေးသံရှင်အစ္စဏီကို တရားလိုဘက်က သြဂုတ်လ(၅) ရက်နေ့က အမှုကျေအေးလွှာမှာ လက်မှတ်ရေးထိုးပေးခဲ့တာ ဖြစ်ပါတယ်။တရားလိုဖြစ်သူ မော်ဒယ် စူးရှထက်က သူဆွဲထားတဲ့ အမှုတွေနဲ့ ပတ်သက်ပြီး ကျေအေးလွှာမှာ လက်မှတ်ထိုးထားပေမယ့်လည်း ဥပဒေအရ အဆင့်ဆင့် ဆောင်ရွက်ရမှာတွေ ပြီးဆုံးမယ့် အချိန်အတိအကျ မသိနိုင်ဘူးလို့ အစ္စဏီရဲ့ရှေ့နေ ဦးကျော်ဇင်ဦးက ပြောခဲ့ပါတယ်။

Comments are closed.