ဗိုလ်ချုပ်သမိုင်းကြောင်း ကိုလေ့လာရင်း အံ့သြစရာတွေ ကြုံခဲ့ရတယ်လို့ပြောလာတဲ့ လူမင်း

ဗိုလ်ချုပ်သမိုင်းကြောင်း ကိုလေ့လာရင်း အံ့သြစရာတွေ ကြုံခဲ့ရတယ်လို့ပြောလာတဲ့ လူမင်း

ဗိုလ်ချုပ်သမိုင်းကြောင်း ကိုလေ့လာရင်း အံ့သြစရာတွေ ကြုံခဲ့ရတယ်လို့ပြောလာတဲ့ လူမင်း

lumin423964 1

ရုပ်ရှင်လောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေတဲ့ အကယ်ဒမီ သရုပ်ဆောင် လူမင်းဟာ သူချစ်တဲ့ အနုပညာတွေကို အကောင်းဆုံးလုပ်ဆောင်နေသူဖြစ်ပါတယ်။ သူဟာ ရိုက်ကူးဖို့ကြာနေတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အထ္တုပတ္တိ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနိုင်ဖို့အတွက် အစွမ်းကုန်ကြိုးစားနေတဲ့ ဒါရိုက်တာတစ်ယောက်လဲ ဖြစ်ပါတယ် ။ အဲ့ဒီလို လေ့လာနေရင်း ဗိုလ်ချုပ်အောင်ဆန်း သွားခဲ့ဖူးတဲ့ ဂျပန်ပြည်ကို သွားရောက်ကာ လေ့လာမှတွေ ပြုလုပ်ခဲ့ပါတယ်။ အဲ့လိုလေ့လာနေချိန်မှာဘဲ လူမင်းတစ်ယောက် အံ့မှင်သက်သွားခဲ့ရတဲ့ သမိုင်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်းပြောပြလာပါတယ်။

lumin423964 2

လူမင်းရဲ့ ပြောချက်အရတော့ “ ဗိုလ်ချုပ်သွားခဲ့တဲ့နေရာတွေနဲ့ ဗိုလ်မှူးကြီးစူဇူကီးအကြောင်းကို ပိုပြီးသိနိုင်ဘို့ ဂျပန်နိုင်ငံ ကိုပထမ ဆုံးအကြိမ်ရောက်လာခဲ့ပါတယ် ၊ စူဇူကီးရဲ့အရိုးအိုးရှိရာ ဂျပန်ဘုန်းကြီးကျောင် းကိုရောက်တဲ့အချိန်မှာတော့ ကျွန်တော် အံ့သြမှင်သက်သွားရပါတော့တယ် ။ ကျွန်တော့်ရဲ့ဘယ်ဘက်က စူဇူကီးရဲ့ အုတ်ဂူနဲ့ အတူယှဉ် တွဲပြီးရှိနေတဲ့ လက်ျာဘက်ကအုတ်ဂူပေါ်ကနာမည်ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဂျပန်နာမည် အိုမို့ဒါ့ ဖြစ်နေလို့ပါဘဲ”

lumin423964 3

“ဗိုလ်ချုပ်ဂျပန်စ ရောက်တဲ့အချိန်မှာ စူဇူကီးကိုယ်တိုင်ပေးခဲ့တဲ့ ဂျပန်နာမည်ဖြစ်ပါတယ်။ တခြားဂျပန်တယောက်ရဲ့ မျိုးရိုးနာမည်ဖြစ်ပေမယ့် ဒီနာမည်နှစ်ခု အခုလို အတူယှဉ်တွဲ ရှိနေခြင်းဟာ ကျွန်တော့်အတွက်တော့ သာမန်ထက်ပိုထူးခြားတဲ့ တိုက်ဆိုင်မှု လို့ဘဲမှတ်ယူလိုက်မိပါတော့တယ် ” ဆိုကာ ပုံတွေနဲ့ အတူ ပထမပိုင်း ရေးသား ဖော်ပြခဲ့ပါတယ်။

lumin423964 4

အဲ့ဒီနောက်ဆက်လက်ပြီး “ မြန်မာနိုင်ငံမှာကျဆုံးခဲ့တဲ့ဂျပန်စစ်သည် ၃၈၉၀၀ ကျော်(ဂျပန်ဘက်မှတ်တမ်းများအရ) အနက် ဟာမမတ်ဆု ဒေသမှ စစ်သည် ၂၇၀၀ အတွက်ဂုဏ်ပြုခြင်း နှင့် ဂျပန်မြန်မာချစ်ကြည်ရေး အထိမ်းအမှတ်ကျောက်စာတိုင် ။၁၉၇၄ ခုနှစ် မေလ ၁၂ ရက်နေ့တွင်ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမှတ်ကြီး ဦးချစ်ကိုကိုမှ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ဗိုလ်ချုပ်တို့အားပထမဆုံးယာယီအစိုးရဖွဲ့ပေးခဲ့သောဂျပန်ဗိုလ်ချုပ်ကြီး အီးဒါးရှောဂျိရို မှဤကျောက်စာကို မ တည်လှူဒါန်း ခဲ့ခြင်းဖြစ်သည်” လို့ဆိုပြီး ရေးသားခဲ့ပါတယ်။

lumin423964 5

ယခုလို ဗိုလ်ချုပ်အပေါ်အလေးထားဂုဏ်ပြုတဲ့ ဂျပန်တွေကတော့ တကယ့် လေးစားစရာပါဘဲ။ ဖတ်ရှု့မိတဲ့ ပရိသတ်ကြီးအနေနဲ့ ဗိုလ်ချုပ်အပေါ်အလေးထားတဲ့ ဂျပန်တွေအတွက် အမှတ်တရ စကားလေး တွေပြောပေးခဲ့ကြပါအုံးနော်။

Comments are closed.