
အရိုးပြုတ်ရည်ဘာလို့သောက်သင့်သလဲ
အရိုးပြုတ်ရည်ဘာလို့သောက်သင့်သလဲ
အစာလမ်းကြောင်းဟာ ကျန်းမာရေးအတွက် အဓိကအရေးကြီးသော အကြောင်းတစ်ခုဖြစ်တယ်ဆိုတာ သိလာကြပါပြီ။
ရောဂါအတော်များများ ဖြစ်ကြတာကလဲ အစာလမ်းကြောင်းမှာရှိနေသည့် ပိုးတွေမမျှတမှုကြောင့် ဖြစ်ပါတယ်။
အစာလမ်းကြောင်း ပြဿ နာတွေ အဆစ်တွေနာနေသူတွေ ကျီးပေါင်း တက်နေသူတွေအားလုံးအတွက် အရိုးပြုတ်ရည်ဟာ အင်မတန်သင့်တော်ပါတယ်။
ဘာရောဂါပဲဖြစ်ဖြစ် အရိုးပြုတ်ရည်ဟာ ရောဂါတွေသက်သာလာစေရန် အခြေခံအုတ်မြစ်ဖြစ်ပါတယ်။
ရောဂါ အတော်များများဟာ Leaky gut ခေါ် အူလမ်းကြောင်းမလုံခြင်းကြောင့် ဖြစ်လေ့ရှိကြပါတယ်။ အထူးသဖြင့် Allergies & Autoimmune Diseases တွေ အဖြစ်များပါတယ်။
အရိုးပြုတ်ရည်မှာပါနေတဲ့ Collagen ခေါ်ပရိုတင်းဓာတ် တစ်မျိုးဟာ အူရဲ့ Lining ကို ပြန်ပြီး ပြုပြင်ပေးနိုင်စွမ်းရှိလို့ ဖြစ်ပါတယ်။
အရိုးပြုတ်ရည်မှာပါသည့် အာဟာရ များဟာ ခန္ဓာကိုယ်ကနေ အလွယ်တကူ စုပ်ယူနိုင် ပြီး ခန္ဓာကိုယ်ကနေ ရောဂါများသက်သာစေနိုင်ရန် အသုံးချနိုင် ပါတယ်။
အရိုးပြုတ်ရည်မှာ ပါနေတဲ့ အဓိက အာဟာရ များကတော့ ——–
1. Calcium, Phosphorus and Other Minerals သတ္တုဓာတ်များ
2. Glucosamine and Chondroitin sulfate အရိုးအဆစ်တွေ အတွက် အဓိက သဘာဝဓာတ်များ
3. အရိုးတွင်ပါဝင်နေသော ပရိုတင်း Collagen
4. ရိုးတွင်းချဉ်ဆီ
5. ခန္ဓာကိုယ် လို အပ် သော Amino acids များ ဖြစ် ကြ သည့် Glutamine ( အူလမ်းကြောင်း ပြန် ပြင် ရာ မှာ အဓိက လို အပ် သော ဓာတ် ) ၊ Pro line and Glycine တို့ ဖြစ် ပါ တယ်။
အရိုးပြုတ်ရည်၏ အကျိုးအာနိသင်များ
===================
၁. အရိုး၊ အဆစ် နှင့် ခန္ဓာကိုယ် ယောင်ကိုင်းခြင်းတို့မှ သက်သာစေပါသည်။
၂. နှာစေး၊ ချောင်းဆိုးကို ဖြစ်စေတတ် သော virus ပိုးများကို တားမြစ်နိုင်ပြီး
ခန္ဓာကိုယ်ခုခံအား ကောင်းစေပါသည်။
၃. ဆံပင် နှင့် လက်သည်း ခြေသည်းကျန်းမာရေးအတွက်လည်း ကောင်းပါသည်။
၄. ဥဏှောက် နဲ့ အာရုံကြောအတွက် လည်း အလွန်ကောင်းမွန်ပါသည်။
{Autism ကလေးများကိုတိုက်ပါ}
အခုဆိုရင် အရိုးပြုတ်ရည်ဟာ ကျန်းမာရေးအတွက် ဆေးတစ်ခွက်အဖြစ်ဖြင့် အလွန်ပေါ်ပြူ လာ ဖြစ်လို့နေပါပြီ။
New York က အချို့ဆိုင်တွေမှာတောင် ရောင်းကုန်ကြပြီ ဖြစ်ပါတယ်။
အရိုးပြုတ်ရေလုပ်နည်း
============
၁။ အမဲရိုး/ဆိတ်ရိုး/ကြက်ရိုး ကြိုက်နှစ်သက်ရာ၁ပိဿ ာ ရင်ရိုး အဆစ်ရိုး နှင့် ချဉ်ဆီရိုးများ အကုန်ရပါတယ်။
၂။ ပန်းသီးရှာလကာရေ ၃ခွက်ထည့်ဖို့ အရေးကြီးပါတယ်။ အရိုးမှာရှိတဲ့ အာနိသင်တွေကို ဟင်းချိုထဲရောက်အောင် ၎င်းကလုပ်ပေးမှာဖြစ်ပါတယ်
၃။ တရုပ်နံနံ / ဗမာနံနံ ၃ချောင်းစီထည့်ပါ။ မုန်လာဥနီ ၃ခုနှင့် ကြက်သွန်နီ ၃ဥတို့ကိုလည်း လေးစိတ်စိတ်ပြီးထည့်ပါ။ ကြက်သွန်ဖြူ ဥ ၁လုံးနှင့် ဂျင်းအရွယ်တော်၁တက်လည်းထည့်ပါ။
*Rock salt or Sea salt ထည့်ပါ
*အချို မှုန့် လုံးဝ (လုံးဝ) မထည့်ရပါ
ပြုတ်နည်း
=====
ရှေးဦးစွာ အရိုးတွေကို သန့်စင်သွားစေရန် ရေထဲမှာ ရှာလကာရေထည့်ပြီး ဆေးပြစ်ပါ။ ပြီးရင် ရေနဲ့တစ်ခါထပ်ဆေးပါ။
ပန်းသီးရှာလကာရေထည့်ပါ ။ အရိုးမြုပ်သည်အထိရေထည့်ပါ။ တစ်နာရီခန့်စိမ်ထားလိုက်ရင် အရိုးထဲမှကိုယ်လိုချင်တဲ့ အကျိုးပြုမယ့်ဓာတ်တွေ အားလုံးစိမ့်ထွက်လာပါလိမ့်မယ်။
အခြားအမည်များအားလုံးကိုထည့်ပြီး ရေဆူအောင်တည်ပါ။ အပေါ်ကိုဝေ့တက်လာသော အမြှုပ်မဲမဲတွေကို ဇွန်း နဲ့ဖယ်ပစ်ပါ။ မသန့်တဲ့အဆီနဲ့အညစ်ကြေးတွေတက်လာတာဖြစ်ပါတယ်။
ဆူလာတဲ့အခါ မီးကိုလျော့ချလိုက်ပြီး မီးအေးအေးနဲ့ ဆက်တည်ထားလိုက်ပါ။ ကြာကြာတည်လေ ကောင်းလေ ဖြစ်ပါတယ်။ ၂၄နာရီလုံးပစ်တည်ထားနိုင်ရင် အရိုးထဲက အာနိသင်တွေအကုန်နီးပါးရရှိနိုင်ပါတယ်။
ချခါနီး ၁၀ မိနစ်လောက်အလိုမှာ နံနံပင်ထည့်လို့ရပါပြီ။ မွှေးပြီးအရသာလည်းရှိ အာနိသင်တွေလည်း အပြည့်ဖြစ်ပါတယ်။ အအေးခံထားပါ။ အရိုးတွေနဲ့ ဟင်းရွက်တွေကို ဇကာနဲ့စစ်ချလိုက်ပါ။ထွက်လာတဲ့ ချဉ်ဆီတွေကို အရိုးပြုပ်ရေထဲ ပြန်ထည့်ပေးပါ။
Sea salt or Rock salt ကို မိမိ နှစ်သက် သလောက် မြည်းကြည့်ပြီး ထည့်နိုင်ပါတယ်။
အဖိုး+အဖွား အဖေ+အမေ နှင့် ကလေးများ အကုန်လုံးကိုတိုက်ပါ။
ကလေးတွေဆိုရင် အရိုးပြုတ်ရည်ကို တစ်နေ့ ၃-၄ခါ လောက်တိုက်သင့်ပါတယ်။
အရိုးပြုတ်ရည်ထဲမှာ အိမ်လုပ်သန့်ရှင်းလတ်ဆတ်သော ချဉ်ဖတ်အရည် လ္ဘက်ရည်ဇွန် ၁ဇွန်းစာလောက်ထည့်ပြီး တိုက်မယ်ဆိုရင် အကျိုးပြုပိုးတွေပါ အများကြီးပါသွားမှာ ဖြစ်ပါတယ်။
ပိုနေတာကို ရေခဲသေတ္တာထဲမှာထည့်ထားရင် ၅ – ၇ ရက်ခံပါတယ်။ Freezer ဆိုရင် ၆ လ ခံပါတယ်။
မိတ်ဆွေများအားလုံး အရိုးပြုတ်ရေများသောက်ကြပြီး ကျန်းမာလာကြပါစေ။
ဆရာမကြီးဒေါ်ခင်နွယ်ဝင်း၏အရိုးပြုတ်ရည်အကြောင်းဆောင်းပါးများမှကောက်နှုတ်ထားခြင်းဖြစ်ပါသည်။
Credit…To A Better Health