မြန်မာတပ်မတော်ရဲ့ ” ဇ ” ကို သူပုန်တိုင်းသိစေရမည် တိုက်ပွဲတွေ ဆက်တိုက်ချင်တာလား အသင့်ပဲ ဟု တပ်မတော် သတိပေး

မြန်မာတပ်မတော်ရဲ့ ” ဇ ” ကို သူပုန်တိုင်းသိစေရမည် တိုက်ပွဲတွေ ဆက်တိုက်ချင်တာလား အသင့်ပဲ ဟု တပ်မတော် သတိပေး

အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေးကိုလိုလားသလား ၊ တိုက်ပွဲများများကိုသာ လိုလားသလားဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဥက္ကဌဖြစ်သူ ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောဆိုလိုက်သည်။”ကျွန်တော်အတိုချုပ် တစ်လုံးတည်းပဲ ပြောလိုက်မယ်။ အဲ့ဒီအဖွဲ့တွေနဲ့ ပတ်သက်ပြီးငြိမ်းချမ်းရေး ဆွေးနွေးပွဲကို လာမှာလား၊ တပ်မတော်အနေနဲ့ကြိုဆိုတယ်။

တိုက်ပွဲတွေ ဆက်တိုက်ချင်လား အသင့်ပဲ”ဟု ဗိုလိချုပ်စိုးနိုင်ဦးက ပြောသည်။ပြင်ဦးလွင်မြို့နယ်အတွင်း၌ တပ်မတော်နည်း ပညာတက္ကသိုလ် (DSTA) ၊ ပြင်ဦးလွင်မြို့အထွက်ဂိတ် အနီး မူးယစ်ဆေးဝါး x – ray စက်၊ နောင်ချိုမြို့နယ် အတွင်းရှိ ပူးပေါင်းစစ်ဆေးရေးဂိတ် ၊ တပ်ရင်းဌာန ၊ နောင်ချိုရဲကင်း တို့အား သြဂုတ်လ ၁၅ ရက်နေ့ AA TNLA MNDAA အမဟာမိတ်အကြမ်းဖက်အဖွဲ့ တို့မှ ပူးပေါင်းပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ပစ်ခတ်ရာတွင် အရပ်သားတစ်ဦအား အရှင်လတ်လတ်မီးရို့သတ်ဖြတ်ခြင်း ဖမ်းဆီးသွားသည့် တပ်မတော်သားတစ်ဦးကို မျက်လုံးများဖောက်ထုတ်မှုများ ၎င်း အဖွဲ့ ၃ ဖွဲ့မှ လုပ်ဆောင်ခဲ့သည်။ထိုသို့ဝင်ရောက် ပစ်ခတ်ခြင်းသည့် လူမဆန်သည့် အကြမ်းဖက်မှုလုပ်ရပ်ဖြစ် စစ်ရာဇဝတ်ကိုကျူးလွန်သည့် လုပ်ရပ်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောသည်။

Comments are closed.