အချစ်စစ်ဆိုတာ တကယ်ရှိကြောင်း သက်သေပြနေတဲ့ မြင့်မြတ်တို့ ဇနီးမောင်နှံ

အချစ်စစ်ဆိုတာ တကယ်ရှိကြောင်း သက်သေပြနေတဲ့ မြင့်မြတ်တို့ ဇနီးမောင်နှံ

ပရိသတ်တွေချစ်တဲ့ မင်းသားချော မြင့်မြတ်က ကျရာဇာတ်ရုပ်အတိုင်း ပီပီပြင်ပြင် တိတိကျကျ သရုပ်ဆောင်နိုင်တာကြောင့် သဘာဝမင်းသားလို့တောင် သက်မှတ်ခံရသူ ဖြစ်ပါတယ်။ အနုပညာလောကထဲ စတင်ဝင်ရောက်လာစဉ်ကတည်းက နာမည်ပျက်မရှိတဲ့ မြင့်မြတ်က လက်ရှိအချိန်ထိလည်း အောင်မြင်မှုတွေများစွာနဲ့ ထိပ်ဆုံးကနေ ရပ်တည်နေတာပဲ ဖြစ်ပါတယ်။

မြင့်မြတ်က အခုဆိုရင် အိမ်ထောင်ကျပြီး မိသားစုကို အချိန်ပေးရင်း အနုပညာလုပ်ငန်းတွေကို မျှတသင့်တင့်စွာ လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ မြင့်မြတ်က ချစ်စရာကောင်းတဲ့ သားချောလေး မြတ်သူကို ပိုင်ဆိုင်ထားတာဖြစ်ပြီး ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။

မြင့်မြတ်က ဇနီးချော မန္တလေးသူလေး မခင်သူအောင်နဲ့ (၂၀၁၇) ခုနှစ် ဖေဖော်ဝါရီလ (၂၂) ရက်နေ့က လက်ထပ်ခဲ့တာဖြစ်ပြီး အခုဆို သားလေး တစ်ဦးကိုပါ မွေးဖွားထားတာ ဖြစ်ပါတယ်။ မြင့်မြတ်နဲ့ မခင်သူအောင်က အိမ်ထောင်မပြုခင်ကတည်းက (၅) နှစ်ကျော်လောက် ချစ်သူတွေအဖြစ် လက်တွဲခဲ့တာ ဖြစ်ပါတယ်။

မြင့်မြတ်ကလည်း ဇနီးလေးအပေါ် သစ္စာရှိသလို ဇနီးလေးကလည်း ဒိတ်ဒိတ်ကြဲမင်းသားမြင့်မြတ်ကို နားလည်မှုအပြည့်နဲ့ လိုအပ်တာတွေမှန်သမျှ ဖြည့်ဆည်းပေးနေတာပဲ ဖြစ်ပါတယ်။

မြင့်မြတ် မအောင်မြင်ခင်ကတည်းက နားလည်မှုအပြည့်နဲ့ ဖေးမပေးခဲ့တဲ့ညမခင်သူအောင်က လက်ရှိ မြင့်မြတ်အအောင်မြင်ဆုံး ဖြစ်တဲ့အချိန်မှာလည်း ဘဝလက်တွဲဖော်ကောင်းအဖြစ် ဆက်လက်ဖေးမပေးနေတာပဲ ဖြစ်ပါတယ်။

အေးဆေးတည်ငြိမ်ပြီး ရင့်ကျက်လွန်းတဲ့ မြင့်မြတ်တို့ ဇနီးမောင်နှံကတော့ ပရိသတ်တွေ အားကျရတဲ့ ဇနီးမောင်နှံလေးပဲ ဖြစ်ပါတယ်။ မြင့်မြတ်နဲ့ မခင်သူအောင်တို့ရဲ့ (၈) နှစ်တာ သံယောဇဉ်လေး အခုထက်မက ခိုင်မြဲတည်တံပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Rowena
Photo Credit

Comments are closed.