ယုတ်မာတဲ့လူနဲ့ မျက်နှာချင်းဆိုင်တွေ့ခဲ့ရတာ အကုသိုလ်များတယ် လို့ဆိုလာတဲ့ ပြေတီဦး

ယုတ်မာတဲ့လူနဲ့ မျက်နှာချင်းဆိုင်တွေ့ခဲ့ရတာ အကုသိုလ်များတယ် လို့ဆိုလာတဲ့ ပြေတီဦး

ပရိသတ်တွေ ချစ်တဲ့ မင်းသားချောပြေတီဦးက ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် စိတ်ရော ကိုယ်ပါနစ်ပြီး သရုပ်ဆောင်တတ်တာကြောင့် အကယ်ဒမီဆုပေါင်းများစွာကို ရရှိပိုင်ဆိုင်ထားသူပဲ ဖြစ်ပါတယ်။ ပြေတီဦးက လက်ရှိမှာလဲ အနုပညာလုပ်ငန်းတွေကို မအားမလပ်အောင် လုပ်ကိုင်နေရင်း သူ့ရဲ့မိသားစုလေးကို သာယာအောင် တည်ဆောက်ထားတာဖြစ်ပါတယ်။

ဒီနေ့မှာတော့ ပြေတီဦးက “ယုတ်မာတဲ့အတွေးအခေါ်ရှိတဲ့ လူယုတ်မာတယောက်နဲ့ မျက်နှာချင်းဆိုင်တွေ့ရတာ အကုသိုလ်များလိုက်တာဗျာ..” ဆိုပြီး ဖေ့စ်ဘုတ်စာမျက်နှာမှာ ရင်ဖွင့်လာပါတယ်။

ပြေတီဦးကတော့ သူ့ရဲ့ ခံစားချက်တွေကို ပရိသတ်တွေဆီ ရင်ဖွင့်ပြောဆိုလာသလို ပရိသတ်တွေကလည်း ပြေတီဦးတစ်ယောက် ဘာပြဿနာများရှိနေလဲဆိုပြီး စိတ်ပူနေတာ ဖြစ်ပါတယ်။

ပြေတီဦးက ဒီနေ့မှာတော့ မွန်ပြည်နယ် ရေဘေးရန်ပုံငွေပွဲအတွက် အပြာအသင်းဘက်ကနေ ပါဝင်ကစားပေးခဲ့တာ တွေ့ရပါတယ်။ ဒါ့အပြင် အခြားသော အနုပညာလှုပ်ရှားမှုများစွာကိုလည်း လုပ်ကိုင်နေလျက်ရှိပါတယ်။

ပြေတီဦးတစ်ယောက် ဘာလိုလူတွေနဲ့ကြုံခဲ့တာလဲဆိုတာ စိတ်ဝင်စားစရာပဲနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Pyay Ti Oo’s fb

Comments are closed.