ချစ်ခင်ပွန်းနဲ့အတူ ရန်ကုန်မြို့အနှံ့လျှောက်လည်နေကြတဲ့ ရွှေမှုံတို့ရဲ့ကြည်နူးစရာ Video လေး

ချစ်ခင်ပွန်းနဲ့အတူ ရန်ကုန်မြို့အနှံ့လျှောက်လည်နေကြတဲ့ ရွှေမှုံတို့ရဲ့ကြည်နူးစရာ Video လေး

မင်းသမီးချောလေးရွှေမှုံရတီဟာ သရုပ်ဆောင်ပီပြငိကျွမ်းကျင်ရုံသာမကပဲ အိမ်ထောင်ရှင်မကောင်းတစ်ယောက်အဖြစ် လူတိုင်းအားကျနေရသောအမျိုးသမီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမဟာ အသက်ငယ်ငယ်လေးနဲ့အိမ်ထောင်ပြုခဲ့သော်လည်း ခင်ပွန်းသည်အပေါ်အိမ်ထောင်ရှင်မကောင်းအဖြစ်တာဝန်ကျေပွန်တာကြောင့် ရွှေထူးကပိုပြီးတော့အချစ်ပိုနေရတာပါ။

သူတို့နှစ်ယောက်လုံးဟာ ဝေဖန်မှုများစွာနဲ့ရင်ဆိုင်ကြုံတွေ့ရသော်လည်း တစ်ယောက်လက်ကိုတစ်ယောက်တွဲကာ ပျော်ပျော်ရွှင်ရွှင်နဲ့ရင်ဆိုင်ဖြတ်သန်းခဲ့ကြတာလည်း ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက်မျက်စိအောက်ကအပျောက်မခံနိုင်ရလောက်အောင်အချစ်ကြီးကြတာပဲဖြစ်ပြီး ပရိသတ်များကပင်အားကျနေရသောစုံတွဲလေးပါ။

အခုမှာတော့ ရွှေထူးတစ်ယောက်ကားလေးမောင်းကာ ရွှေမှုံနဲ့အတူ ရန်ကုန်မြို့အနှံ့လျှောက်လည် နေကြတာလေးကို ရွှေမှုံရဲ့ Facebook Myday လေးမှာ ဝေမျှထားတာပါ။ သူတို့နှစ်ယောက်လုံးဟာ ကားရိုက်တွေနဲ့မအားလပ်တာကြောင့် တစ်ယောက်နဲ့တစ်ယောက်တွေ့ဖို့တောင် ခက်ခဲနေကြတာပါ။ ဒီနေ့မှာတော့ မတွေ့ရတဲ့ရက်တွေအတွက် အတိုးချကာ အလွမ်းသယ်နေကြတာပါ။ ပရိသတ်ကြီးအတွက် ရွှေနှစ်ရွှေရဲ့ကြည်နူးစရာဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source- Shwe Hmone Yati ,credit – myanmarload

Comments are closed.