တစ်ချိန်ကဘောလုံးကန်ရင်း ရရှိခဲ့ဖူးတဲ့ ဒဏ်ရာဟောင်း ထိခိုက်သွားတဲ့ ဒေါင်း

တစ်ချိန်ကဘောလုံးကန်ရင်း ရရှိခဲ့ဖူးတဲ့ ဒဏ်ရာဟောင်း ထိခိုက်သွားတဲ့ ဒေါင်း

တစ်ချိန်ကဘောလုံးကန်ရင်း ရရှိခဲ့ဖူးတဲ့ ဒဏ်ရာဟောင်း ထိခိုက်သွားတဲ့ ဒေါင်း

daung639 1

ရေဘေးသင့်ပြည်သူတွေအတွက် ရန်ပုံငွေ အဖြစ် အနုပညာရှင် မင်းသားတွေ အဆိုတော်တွေက သုဝဏ္ဏဘောလုံးကွင်းမှာ ဘောလုံးကစားခဲ့ကြပြီး နောက်ဆုံး ရလဒ်ကတော့ တစ်ဖက်ကို ၇ဂိုးစီကိုယ်စီနဲ့ သရေပွဲဖြစ်ခဲ့ပါတယ်။

တကယ်တော့ အဖြူအသင်းနဲ့ အပြာအသင်းဆိုပြီး ကစားရာမှာ ပထမပိုင်းမှာ အပြာအသင်းက ၂ဂိုး။ အဖြူအသင်းက ၁ဂိုးနဲ့ အပြာအသင်းက ဦးဆောင်ခဲ့ပါတယ်။

daung639 4

ဒုတိယပိုင်း ပွဲစချိန်မှာတော့ ဂိုးသမားလဲလှယ်ကစားခဲ့ပြီးတဖက်ကို ၇ ဂိုးစီနဲ့ သရေပွဲအဖြစ် ပြီးဆုံးခဲ့ပါတယ်။ အဲ့ဒီနောက် ပင်နယ်ဒီ ဆက်လက် ကန်ခဲ့ပြီး အဖြူအသင်းက ၁၀ဂိုး အပြာအသင်းက ၉ဂိုးနဲ့ အဖြူအသင်းအနိုင်ရရှိခဲ့တာဘဲ ဖြစ်ပါတယ်။

daung639 2

အပြာအသင်းဝင်တစ်ဦး ဖြစ်တဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အချစ်တော် ဒေါင်း ဟာဆိုရင်ကစားရင် ခြေထောက်ဒဏ်ရာ ရရှိခဲ့တယ်လို့သိရပြီး ၊ ခြေထောက်ဒဏ်ရာကလည်း တစ်ချိန်တုန်းက သူဘောလုံးကန်ခဲ့စဉ် ရရှိခဲ့ဖူးတဲ့ ဒဏ်ရာဟောင်းဖြစ်တယ်လို့ သိရပါတယ်။

daung639 5

အပြာသင်းမှ နှုတ်ခမ်းနီမလေးတွေရဲ့ အချစ်တော် ဂိုးဖမ်းသမားလေး စိုင်းစိုင်းခမ်းလှိုင် ကလည်း အသင်းဝင်တစ်ဦးဖြစ်တဲ့ ဒေါင်း ထိခိုက်ဒဏ်ရာ ရရှိသွားတာကြောင့် အရံခုံနားအထိ သွားရောက်မေးမြန်းခဲ့တာတွေ့ရပါတယ်။

ထိခိုက်ဒဏ်ရာ ရရှိသွားတဲ့ ဒေါင်းကို အသင်ဝင်သားအချင်းချင်း ဂရုစိုက်ပေးနေတဲ့ စိုင်းစိုင်းတို့ရဲ့ ပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

သရုပ်ဆောင် အဆိုတော် စိုင်းစိုင်းခမ်းလှိုင် နဲ့ ဒေါင်း တို့ရဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေ တွေ့မြင်ပြီးလောက်ပြီ ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေးပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှှိပါတယ်နော်။

Comments are closed.