သိန်း (၆၀) ဖိုး အဆီထုတ်ထားလို့ ပိန်တာဆိုပြီး ဝေဖန်သူတွေကို ထိထိမိမိ တုံ့ပြန်လိုက်တဲ့ နေခြည်ဦး

သိန်း (၆၀) ဖိုး အဆီထုတ်ထားလို့ ပိန်တာဆိုပြီး ဝေဖန်သူတွေကို ထိထိမိမိ တုံ့ပြန်လိုက်တဲ့ နေခြည်ဦး

သိန်း (၆၀) ဖိုး အဆီထုတ်ထားလို့ ပိန်တာဆိုပြီး ဝေဖန်ကြသူတွေကို ထိထိမိမိ တုံ့ပြန်လိုက်တဲ့ နေခြည်ဦး

naychioowd6693 1

စကားပြောရင် ပွင့်ပွင့်လင်းလင်းနဲ့ ဟန်ဆောင်မှုကင်းတဲ့ သူမရဲ့အပြုအမူလေးတွေကြောင့် ပရိသတ်တွေကြားမှာ တရှိန်ထိုး နာမည်ကြီးလာတဲ့ Beauty Bloggerမလေး နေခြည်ဦးကတော့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားသူလေးပါ။

naychioowd6693 3

လတ်တလောမှာတော့ နေခြည်ဦးက သူမရဲ့ ဝိတ်ချမှုမှတ်တမ်းလေးကို လူမှုကွန်ယက်မှာ ဝေမျှပေးခဲ့တာကြောင့် ပရိသတ်တွေ သဘောကျခဲ့ရတာပါ။ ချီးမွမ်းသူရှိသလို သိန်း ခြောက်ဆယ် အကုန်ခံပြီး ဝိတ်ချထားလို့ ပိန်နေတာဆိုပြီး ဝေဖန်သူတွေလည်း ရှိနေတာမို့ စကားအရမ်းတတ်တဲ့ ချီချီတစ်ယောက် ပညာသားပါပါ ပြန်တုံံ့ပြန်လိုက်တာ တွေ့ရပါတယ်။

naychioowd6693 2

ချစ်ပရိသတ်တွေအတွက် ကြိုးစားမှုမရှိရင် သိန်းဘယ်လောက်အကုန်ခံခံ ကိုယ်ကိုယ်တိုင် မကြိုးစားရင် ပိန်လာမှာမဟုတ်ဘူးဆိုတဲ့အကြောင်း ပြောပြလာတဲ့ နေခြည်ဦးရဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

naychioowd6693 1

ဝေဖန်သူတွေကတော့ “စောင်ရမ်းတွေ အားကျတယ် လုပ်မနေနဲ့ ဟိုက gym ပဲ play တာမဟုတ်ဘူး အဆီ သိန်းခြောက်ဆယ်ဖိုး ထုတ်ထားသေးတယ်လေ🙄” ဆိုပြီးရော ပရိသတ်တွေကို မျှော်လင့်ချက် မပေးပါနဲ့ ဆိုပြီးတော့ရော ဝေဖန်ထားကြတာပါ။

naychioowd6693 2

နေခြည်ဦးကတော့ “သိန်းခြောက်ဆယ်နဲ့ အဆီထုတ်ပြီး နေ့စဉ် လေးနာရီ အားကစားလုပ်ရတယ် boxing တစ်ပါတ်သုံးရက်ဆော့လို့ ခန္ဓာကိုယ်မှာ အညိုအမဲတွေစွဲလို့ အစားအသောက်ဆိုတာ ပရမ်းပတာစားဖို့မပြောနဲ့ အရသာကောရှိသေးရဲ့လားဆိုရလောက်အောင်ရှောင်ရှားခဲ့ရတယ်

naychioowd6693 3

ကိုယ်က ဘယ်အချိန်မှာ ဘယ်အတိုင်းအတာထိရောက်ချင်တာလဲဆိုတာရှိနေတဲ့အတွက် သူများထက်ငွေကြေးပါပိုသုံးပြီးလုပ်တာဆိုသော်လည်း ဟပ်ချလောင်းဆိုပြီးဖြစ်လာတာမဟုတ်တာကို သိစေချင်တယ် ( ကျွန်မပြောခဲ့လို့လဲ သိန်းခြောက်ဆယ်နဲ့ အဆီထုတ်ခဲ့တာ သိကြတာပါ ယူတို့ရယ် )” ဆိုပြီး သူမကို ဝေဖန်ကြသူတွေကို ထိထိမိမိ တုံ့ပြန်ခဲ့တာပါ

Comments are closed.