
ဒီနေ့ က ချစ်စရာ အတက်မလေး Lvy လေးရဲ့ ၂နှစ်ပြည့် မွေးနေ့လေးပါ
Birthday Girl လေးဆိုတဲ့ စလွယ်အနီလေးကို လွယ်ကာ အိုက်တင်တွေပေးတက်နေပုံလေးက သိပ်ကို ချစ်စရာကောင်းလှပါတယ်။သူမဟာ မွေးကင်းစအရွယ်ထဲ လူချစ်လူခင်ပေါများခဲ့သူလေး ဖြစ်ပြီး တစ်နှစ်ပြည့်ခါနီး အရွယ်လေးကြမှ အေသင်က ပရိသတ်နဲ့ မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအချိန်ထဲက ချစ်ခင်သူတွေ ပေါများခဲ့ပါတယ်။ သူလေးက ယနေ့မှာတော့ အသက် ၂နှစ်ပြည့်ခဲ့ပြီး လူတက်မလေးဖြစ်နေပါပြီ။

ဗီဗီလေးရဲ့မွေးနေ့အတွက် မေမေအေသင်က ယနေ့မနက်မှာတော့ မသန်စွမ်းကလေးတွေထိန်းသိမ်းစောင့်ရှောက်ရေးဂေဟာကို သွားရောက်ခါ အာဟာရဒါနနဲ့ အရုပ်ကလေးတွေပေးပြီး ဒါနပြုခဲ့ပါတယ်။ဗီလေးဟာသူကိုယ်တိုင်လိုက်လံ ဝေငှပြီး မွေးနေ့အလှူလေးပြုခဲ့တာပါ။ အေသင်ချိုဆွေဟာ ယခုချိန်ထိ သီချင်းတွေကြားမှာ အရမ်းကိုအောင်မြင်ခဲ့ပြီး အချစ်ရေးမှာတော့ ကံခေသူလေးပါ။ အေသင်ဟာသမီးလေးကို Single Mom အဖြစ်ထိန်းသိမ်းစောင့်ရှောက်ခဲ့တာဖြစ်ပါတယ်။

သမီးလေးကလဲ တကယ့်ကိုချစ်စရာကောင်းတဲ့ အမေတူလေးမို့ အေသင့်ထက်တောင် ပရိသတ်များစွာရှိနေသူဖြစ်ပါတယ်။ သမီးလေးရဲ့မွေးနေ့လှူနေတဲ့ဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ် နော် ။ ချစ်တဲ့ပရိသတ်ကြီး မွေးနေ့ဆုတောင်းပေးကြပါအုံး။

Birthday Gril lay
မွေးနေ့အလှူလုပ်နေတဲ့ Lvy လေး
ဖတ်ရှု့ပေးကြတဲ့ချစ်ပရိသတ်အပေါင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
CRD_May Phyo(MML),Source – A Then Cho Swe