အဖရခိုင်ပြည်ကြီးမှာ နှစ်ဘက်တိုက်ပွဲတွေကြောင့် ပြည်သူတွေအသက်ဆုံးရှုံးနေရလို့ စိတ်မကောင်းဘူးဆိုတဲ့ ညီမင်းခိုင်

အဖရခိုင်ပြည်ကြီးမှာ နှစ်ဘက်တိုက်ပွဲတွေကြောင့် ပြည်သူတွေအသက်ဆုံးရှုံးနေရလို့ စိတ်မကောင်းဘူးဆိုတဲ့ ညီမင်းခိုင်

တေးရေးတေးဆို ညီမင်းခိုင် ဟာဆိုရင် ပရိသတ်တွေ အားပေးချစ်ခင်ရတဲ့ အနုပညာရှင် တစ်ဦးပါ။ နွယ်နီ သီချင်းလေးနဲ့ ပရိသတ်တွေကြားမှာ နာမည်ကြီးလာတဲ့ ညီမင်းခိုင်က တေးရေး အနေနဲ့ နာမည်ကြီး အဆိုတော်တွေအတွက် သီချင်းများရေးစပ်ပေးသလို သူကိုယ်တိုင်ဆိုထားတဲ့ သီချင်းလေးတွေကလည်း လူငယ်ပရိသတ်တွေကြားမှာရေပန်းစားနေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ရဲ့ချစ်ပရိသတ်တွေအတွက် တေးရေးတေးဆို ညီမင်းခိုင်ကနှစ်ဘက်တိုက်ပွဲတွေကြောင့် ပြည်သူတွေအသက်ဆုံးရှုံးနေရတာ ကြောင့် စိတ်မကောင်း ဖြစ်နေတဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

လက်ရှိမှာ မြန်မာ့တပ်မတော် နဲ့ ရခိုင့်တပ်မတော် တို့ တိုက်ပွဲဖြစ်နေတာကြောင့် ရခိုင်ပြည်သူပြည်သားများဟာဆိုရင် မိမိတို့ရဲ့ အိုးအိမ်စွန့်ခွာပြီး စစ်ဘေးအန္တရာယ်ကို ကြုံနေကြရသလို ပြည်သူတွေ အသက်ဆုံးရှုံးမှုတွေလည်း ရှိနေပါတယ်။

တေးရေးတေးဆို ညီမင်းခိုင်က သူ့ရဲ့ မွေးရပ်မြေ ရခိုင်ပြည်မှ မိသားစု ဆွေမျိုးများကို စိတ်ပူနေတဲ့အကြောင်းကို သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်ကနေပြောထားပြီး အသက်အန္တရာယ်မှ ကင်းဝေးကြဖို့ ဆုတောင်းပေးထားတာ တွေ့ရပါတယ်။

ညီမင်းခိုင် က ” ကျွန်တော့်ရဲ့မွေးရပ်ဇာတိမြေဖြစ်တဲ့ ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပန်းမြောင်းစံပြရွာလေးမှာနေထိုင်ကြပါကုန်သော အမေ အပါအဝင်မိသားစုဝင်များအားလုံး…ဆရာဆရာမများအားလုံး…ငယ်သူငယ်ချင်းများအားလုံး…လေးစားခင်မင်ရပါသောအသိမိတ်ဆွေရွာသူရွာသားများအားလုံး…ရဟန်းသံဃာတော်များအားလုံး…နှစ်ဘက်တိုက်ပွဲတွေအကြားမှာထိခိုက်နာကျင်ပေးဆပ်နေရမှုအသက်အန္တရာယ်ဘေးအထွေထွေထဲကအတတ်နိုင်ဆုံးသက်သာကင်းဝေးကြပါစေလို့ဆုတောင်းစိတ်မကောင်းဖြစ်နေရုံမှအပ…#NMK.🙏🙏🙏” ဆိုပြီးပြောထားပါတယ်။

ညီမင်းခိုင်က မိမိတို့ရဲ့ အိုးအိမ်စွန့်ခွာပြီး စစ်ဘေးအန္တရာယ်ကို ကြုံနေကြရတဲ့ ရခိုင်သူရခိုင်သားများအတွက် အသက်အန္တရာယ်ဘေးအထွေထွေထဲကအတတ်နိုင်ဆုံးသက်သာကင်းဝေးကြပါစေလို့ဆုတောင်းပေးထားပါတယ်။

Source;nyi min khine,CRD-MOMOLAY

Comments are closed.