အမေအတွက် ဆန်ပွဲရုံထောင်ထားပေးလိုက်တဲ့ နေဒွေး

အမေအတွက် ဆန်ပွဲရုံထောင်ထားပေးလိုက်တဲ့ နေဒွေး

ဗီဒီယို ဇာတ်ကားတွေ ခေတ်ကောင်းတဲ့ အချိန်တုန်းက ရုပ်ရှင်တော်တော်များများမှာ တွေ့ရပြီး ပရိသတ်အခိုင်အမာ ရရှိထားတဲ့ မင်းသား တယောက်ဖြစ်တဲ့ နေဒွေးကိုတော့ သိကြမှာပါ။ မင်းသားနေဒွေးကတော့ လက်ရှိမှာ ရုပ်ရှင်ရိုက်တာတွေကို နားထားပြီးတော့ စီးပွားရေးလုပ်ငန်းတွေကိုသာ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ သူကတော့ ဆန်ပွဲရုံလုပ်ငန်းကို ဦးစီးနေပြီး သူ့အမေကို လုပ်ငန်းတခုလုံးလွဲပေးထားတဲ့ အကြောင်းကို ပြောကြားသွား ခဲ့ပါတယ်။

ဆန်ပွဲရုံထောင်ထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး နေဒွေးကတော့ “အခုဆန်ပွဲရုံဆိုတာလဲ ကျွန်တော်တို့ ဗီဒီယိုဈေးကွက်ပျက်တဲ့အချိန်မှာ စဉ်းစားတယ် ငါဘာလုပ်မလဲ ကျွန်တော်တို့ကရုပ်ရှင်ဘက်ကို တစ်ယောက်ထဲတက်လှမ်းဖို့ဆိုတာ မဖြစ်နိုင်သေးဘူး ကိုယ်လဲမတက်ရဲဘူး ဘယ်ပရိုဂျုဆာမှလဲအရဲစွန့်ပြီး မလုပ်ရဲသေးဘူး အဲ့လိုအချိန်မှာစဉ်းစားတယ် ဒါဖြစ်သွားရင် ငါတို့ဘာလုပ်ရမလဲဆိုပြီးစဉ်းစားတာ နဂိုထဲကကျွန်တော် ဆန်ကိုစိတ်ဝင်စားတာ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့မြန်မာပြည်မှာ ဘယ်လောက်ပဲဆင်းရဲ ဆင်းရဲစားရမှာဘဲလေ ထမင်းကတော့ အာ့ကြောင့်ကျွန်တော်စဉ်းစားတယ် အဝတ်အစားတို့ အလှကုန်ပစ္စည်းတို့ လုပ်မယ်ဆိုရင် ဘာလုပ်မလဲ ဒါတွေကမသုံးလဲရတယ် အဲ့တော့ ဆန်ကတော့စားရမှာဘဲ ကျွန်တော်ဆန်လုပ်ငန်းမှာ အရမ်းကျွမ်းကျင်တယ်

ကျွန်တော် အစ်ကိုနဲ့ရှယ်ယာစလုပ်တယ် ဆန်စက်တွေ ဆန်ပွဲရုံတွေစလုပ်တယ် အခုအောင်မြင်လာပြီပြောရမယ် ဘာကြောင့်လဲဆိုတော့ ကျွန်တော် ၈ လနားလိုက်တာ အဲ့ဒါလဲပါတယ် ကျွန်တော်က အလုပ်တစ်ခုလုပ်ရင် သေချာလုပ်တာ ဗီဒီယိုဈေးကွက်မပျက်ခင်ကထဲက ကျွန်တော်စဉ်းစားထားတာ ဆန်လုပ်မယ်ဆိုပြီး နှစ်ခုတွဲလုပ်နေတာ ဗီဒီယိုဈေးကွက်ပျက်တော့ ရပ်ချလိုက်တာ ရပ်ပြီးတော့ဟိုဘက်ကိုကူးလိုက်တယ် သေချာလေ့လာပြီးတော့ ပုသိမ်အမြဲတမ်းသွားတယ် ဆန်ပွဲရုံမှာလေ့လာတယ် အဲ့ဘက်မှအခြေချလိုက်တော့ အခုအဆင်ပြေသွားပြီ အဆင်ပြေတဲ့အချိန်မှာ ကျွန်တော်အမေကို လွဲထားပေးပြီးပြီ အမေလဲ အကုန်လုပ်တက်သွားပြီ နားလည်သွားပြီဆိုတော့ ကျွန်တော်ဒီဘက်ကိုပြန်ဝင်လာတယ် ပြန်ဝင်လာပြီး ဒီဘက်မှာပြန်လုပ်တဲ့အချိန်ကျ ဟိုဘက်ဒီဘက် မျှတော့မျှရမယ်ပေါ့ အမေကိုလဲပြထားတော့ ကျွန်တော်လဲ သွားတော့သွားနေရတာပေါ့ လောလောဆယ်တော့ ကျွန်တော်အနုပညာဘက်ပြန် လှုပ်ရှားလာပြီပေါ့”

ဆန်ကုန်သည်အလုပ်ကို ဘယ်လိုစိတ်ပိုင်းဖြတ်ပြီးလုပ်ကိုင်လဲဆိုတဲ့ မေးခွန်းကိုတော့ ” အဓိကကတော့ ကျွန်တော်ကံဘဲလေ နောက်ပြီးဘာသာတရားလုပ်တယ် ဆန်လုပ်တယ်ဆိုတာလဲ ကျွန်တော်အနုပညာကျေး ကိုစုထားတာ စုထားတဲ့ဟာအားလုံးကို အဓိကက ကျွန်တော်အမေ အတွက်ပဲလုပ်ပေးလိုက်တာဘဲ ဆန်ကရတဲ့အမြတ်ငွေတွေ တစ်ပြားမှယူလဲမယူဘူး သုံးလဲမသုံးဘူး အမေစိတ်တိုင်းကျလုပ် အမေအတွက်ပဲလုပ်ပေးတာဆိုတော့ အဆင်ပြေမယ်လို့တော့ထင်တယ် အခုချိန်ထိတော့ အဆင်ပြေတယ် ပုံမှန်ဝင်ငွေလဲရှိနေတယ် ပြေရမယ်ဆို ဒီ၈လမှာ အနုပညာအလုပ်ဘာမှမရှိဘူးလေ ဒီဘက်ကရငွေကိုစုထားပြီး ဆန်လုပ်ငန်းကငွေနဲ့ ထိုင်စားလို့ရတယ်အေးဆေးပဲ”

ချစ်သူကောင်မလေးနဲ့ နောင်ရေးကိစ္စတွေ မင်္ဂလာကိစ္စ အကုန်အမေကိုပဲ အပ်ထားတာလား” အဲ့လိုတော့မဟုတ်ဘူး အမေကတော့ကြိုက်တဲ့သူယူ နင့်သဘောဘဲလို့ပြောတယ် အခုလောလောဆယ် ကိုယ်ကလဲယူမဲ့သူမရှိသေးဘူး။ ကောင်မလေးတွေကို အရင်တုန်းကတော့ခေါ်ပြဘူးတယ် အခုနောက်ပိုင်းတော့ မပြတော့ဘူး ပြခဲ့ရင်လဲကိုယ်တကယ်ယူမဲ့ မိန်းကလေးမျိုး ကိုယ်တကယ်ချစ်တဲ့ မိန်းကလေးမျိုးဆိုရင်တော့ ခေါ်ပြမှာပါ” ဟု ပြောကြားသွား ခဲ့ပါတယ်။

CRD_cantwait2say

Comments are closed.