တစ်နေ့ကို ဒေါ်လာ(၉၀၀)ကျော်ဝင်ငွေရှိတယ်ဆိုတဲ့ ဂျပန်နိုင်ငံရဲ့ နံပါတ်(၁)ဧည့်ကြိုမယ်လေး

တစ်နေ့ကို ဒေါ်လာ(၉၀၀)ကျော်ဝင်ငွေရှိတယ်ဆိုတဲ့ ဂျပန်နိုင်ငံရဲ့ နံပါတ်(၁)ဧည့်ကြိုမယ်လေး

ဂျပန်နိုင်ငံက ကလပ်အတော်များများမှာ ဧည့်ကြိုမယ်လေးတွေ ရှိကြပါတယ်။ သူတို့ရဲ့အဓိကအလုပ်က ကလပ်ကိုလာတဲ့ ဧည့်သည်တွေနဲ့ စကားတွေပြောမယ်၊ အတူတူသောက်မယ်၊ နောက်တခါလာချင်အောင် ဆွဲဆောင်ရမယ် စသဖြင့်ပေါ့ဗျာ။ အဲဒီလို ဧည့်ကြိုမယ်လေးတွေ ထဲကမှ ဂျပန်နိုင်ငံရဲ့ နံပါတ်(၁)ဧည့်ကြိုမယ်လို့ တင်စားခံရတဲ့ ဧည့်ကြိုမယ်လေး အကြောင်းကို ပြောပြချင်ပါတယ်။

သူမရဲ့နာမည်ကတော့ Hoshino Kurumi ပါတဲ့။ တိုကျိုမြို့ အထက်တန်းအသိုင်းအဝိုင်းကြား နာမည်ကြီးတဲ့ Lalah Bar က ဧည့်ကြိုမယ်လေး တဦးပေါ့။ Lalah Bar ကတော့ အထပ်(၄)ထပ်ရှိပြီး တထပ်မှာ ထိုင်စရာ နေရာ(၂၀)စီပါတဲ့ အထက်တန်းကျလှတဲ့ကလပ် (၁)ခုပါ။ VIP ခန်း လည်း (၄)ခန်းတောင် ရှိပါသေးတယ်။ Lalah ကလပ်မှာ ဧည့်ကြိုမယ်ပေါင်း (၇၀၀)နီးပါးရှိတယ်လို့သတင်းတွေမှာဖော်ပြကြပေမဲ့ တနေ့ကို ဧည့်ကြိုမယ် (၅၀)လောက်ပဲ တွေ့ရလေ့ရှိပါတယ်တဲ့။

ဒီထဲကမှ Kurumi ကို နံပါတ်(၁)အဖြစ် ရွေးချယ်ကြတာကတော့ သူမရဲ့ ချစ်စရာကောင်းတဲ့သွင်ပြင်ရယ်၊ ဧည့်သည်တွေကို ယဉ်ယဉ် ကျေးကျေး စိတ်ရှည်ရှည်နဲ့ ဆက်ဆံပုံတွေကြောင့်ဖြစ်ပါတယ်တဲ့။ သူမဟာ ဘားကို အရက်လာသောက်တဲ့ ဧည့်သည်တဦးချင်းစီကို သူငယ်ချင်းတွေလို သဘောထားပြီး ဆက်ဆံပြောဆိုတာကြောင့် အခုလို နာမည်ရနေတာဆိုရင်လည်း မမှားပါဘူး။ ဘားကိုလာတဲ့ ဧည့်သည်အများစုက များသောအားဖြင့် ဧည့်ကြိုမယ်တွေနဲ့ ချစ်တင်းနှောနိုင်ဖို့ ကြိုးစားကြပေမဲ့ Kurumi ကတော့ သူမနဲ့ စကားပြောပြီး သူမကိုယ်တိုင်ကပါ နှစ်သက်သဘောကျသူကိုသာ ခွင့်ပြုလေ့ရှိတယ်လို့ သိရပါတယ်။

အသက် (၂၈)နှစ်အရွယ်ရှိပြီဖြစ်တဲ့ Kurumi ဟာ ဘားက ရတဲ့ လစာငွေအပြင် ဧည့်သည်တွေဆီကရတဲ့ ဘောက်ဆူးတွေအပါအဝင် တလကို ဝင်ငွေ အမေရိကန်ဒေါ်လာ (၇၄,၀၀၀)နီးပါးရှိတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ဧည့်သည်တွေဆီက တန်ဖိုးကြီးလက်ဆောင်တွေလည်း ရံဖန်ရံခါရလေ့ရှိပြီး သူမ ရခဲ့ဖူးတဲ့ တန်ဖိုးအကြီးဆုံးလက်ဆောင်က အမေရိကန်ဒေါ်လာ (၂)သောင်းတန် စိန်လော့ကတ် တခုဖြစ်ပါသတဲ့။

CRD-SHWEMOM

Comments are closed.