အသက်တွေသာကြီးလာပေမယ့် ရည်းစားမရှိသေးတာ ဒီလိုအချက်တွေကြောင့်ပါ

အသက်တွေသာကြီးလာပေမယ့် ရည်းစားမရှိသေးတာ ဒီလိုအချက်တွေကြောင့်ပါ

အသက်တွေသာကြီးလာပေမယ့် ရည်းစားမရှိသေးတဲ့သူဆိုရင် လူတွေက နှိမ်ချင်ကြတယ်။ တကယ်ပါ…။ ကိုယ်တိုင် ကြုံရင်လည်းကြုံဖူးမှာပါ။ ဒီအရွယ်ရောက်တာတောင် ရည်းစားမရှိသေးဘူးနော် တို့..။ ဘယ်တော့မှ စွံမှာလဲ..တို့ လိုမျိုး မေးခွန်းတွေနဲ့ မကြာခဏ ရင်ဆိုင်ရတတ်တာ။ တကယ်တော့ ရည်းစားမရှိသေးဘူးဆိုတာ ပြန်ကြိုက်မယ့်သူမရှိလို့ မရှိတာဖြစ်နိုင်သလို၊ ကိုယ်တိုင်က ရည်းစားမလိုချင်လို့ ရည်းစားမရှိတာလည်း ဖြစ်နိုင်တယ်မဟုတ်လား။

ကမ္ဘာကြီးမှာ ရည်းစားမထားချင်ပဲ အေးဆေးနေချင်တဲ့သူတွေ အများကြီးရှိတယ်လို့ပြောရင် လက်ခံလိမ့်မယ်ထင်ပါတယ်။ ရည်းစားရှိတာက ပျော်စရာ၊ စိတ်လှုပ်ရှားစရာကောင်းပေမယ့် ရည်းစားမထားချင်တဲ့သူတွေကတော့ ဒီလိုအချက်တွေကို ဆုပ်ကိုင်ထားတတ်ကြတယ်…။

(၁)။ အေးဆေးနေချင်လို့

တစ်ယောက်တည်း အေးဆေးချင်နေတဲ့သူတွေ ၊ ရည်းစားထားရင် နားပူတယ်၊ စိတ်ညစ်ဖို့ကောင်းတယ်လို့ ခံယူထားတဲ့ သူအများစုက ရည်းစားထားဖို့ နောက်တွန့်တတ်ကြပါတယ်။ သူတို့စိတ်ထဲမှာ ရည်းစားထားတာဟာ အပူရှာတာပဲလို့ ထင်နေကြတယ်။ တစ်ယောက်တည်းလည်း အေးဆေးနေလို့ရတဲ့ဘဝကြီးမှာ ဘာလို့ ဒုက္ခရှာနေကြမှာလဲလို့တွေးရင်း ရည်းစားမထားဖြစ်ကြတာပါ။

(၂)။ ကိုယ်သတ်မှတ်ထားတဲ့ စံနှုန်းတွေကမြင့်နေလို့

ကိုယ်နဲ့ချစ်သူဖြစ်ရမယ့်သူက ပါးချိုင့်ပါရမယ်၊ ဘယ်စာရေးဆရာကိုကြိုက်ရမယ်၊ ကော်ဖီဆိုရင် ဘယ်လိုကော်ဖီမျိုးကြိုက်ရမယ်၊ ဟင်းချက်ကောင်းရမယ် ..စသဖြင့် ကိုယ်သတ်မှတ်ထားတဲ့ စံနှုန်းတွေက များလွန်း၊ မြင့်လွန်းနေရင်လည်း ရည်းစားထားဖို့ဆိုတဲ့ ကိစ္စကြီးနဲ့ တဖြည်းဖြည်းဝေးသွားနိုင်ပါတယ်။ ကိုယ်စိတ်ထဲမှာ သဘောကျတဲ့လူတစ်ယောက်တွေ့ပေမယ့် ကိုယ့်စံနှုန်းတွေနဲ့မကိုက်၊ နောက်ထပ်တစ်ယောက်တွေ့ပေမယ့်လည်း မကိုက်ပြန်..ဒီလိုနဲ့ပဲ ရည်းစားမထားချင်ပဲ ဖြစ်လာတာမျိုးပါ။

(၃)။ ချုပ်ခြယ်တာမခံချင်လို့

တချို့ကတော့ချုပ်ခြယ်တာ မခံချင်ကြဘူး။ သူတို့မျက်စိရှေ့မှာ ရည်းစားက ချုပ်ခြယ်လို့ စိတ်ညစ်နေကြရတဲ့ အပေါင်းအသင်းတွေအများကြီးကို မြင်ခဲ့ပြီးတဲ့နောက် သူတို့ကိုယ်တိုင်လည်း ရည်းစားထားရမှာ ကြောက်နေတတ်ကြပါတယ်။ အဲလိုလူတွေက ရည်းစားထားဖို့ကို တော်တော်လေး စဉ်းစားတတ်ကြပြီး တခြားနည်းလမ်းတွေနဲ့သာ ဘဝကို ပျော်ရွှင်ဖို့ ကြိုးစားကြတယ်။

(၄)။ ထားခဲ့ခံရမွာစုိးရိမ္လုိ႔

တချို့ကတော့ ရည်းစားတောင်မထားရသေးဘူး၊ ဟိုက ကိုယ့်ကို ထားခဲ့မှာ စိုးရိမ်နေကြပါတယ်။ “ငါသူ့ကိုကြိုက်ပြီးမှ ငါ့ကိုထားခဲ့ရင် ဘယ်လိုလုပ်မလဲ” ဆိုတာမျိုး အမြဲတွေးနေတတ်တယ်။ ဒီလိုနဲ့ပဲ မဖြစ်သေးတာတွေကို ကြိုတွေးရင်း ရည်းစားမရပဲ ဖြစ်နေကြတာပါ။

(၅)။ ကိုယ်မျှော်လင့်နေတဲ့သူက ကိုယ့်ကိုပြန်မကြိုက်ဘူးဆိုတာ သေချာနေလို့

တချို့ကတော့ သူတို့ရဲ့စိတ်ထဲမှာ ကျိတ်ပြီး သဘောကျနေတဲ့သူက သူတို့ကို ပြန်မကြိုက်ဘူးဆိုတာ သေချာသွားတဲ့နောက် ရည်းစားမထားတော့ဘူးလို့ ဆုံးဖြတ်လိုက်ကြတာမျိုးပါ။ “သူငါ့ကိုပြန်မကြိုက်လည်း ငါသူ့အတွက်ပဲ ရှင်သန်သွားတော့မယ်” ဆိုတာမျိုးပေါ့။

Comments are closed.