နှမချင်းကိုယ်ချင်းမစာ ရမ်းသမ်းပြီး ဝေဖန်နေသူတွေကို ထိထိမိမိ တုန့်ပြန်လိုက်တဲ့ Miss နန်းချယ်ရီ

နှမချင်းကိုယ်ချင်းမစာ ရမ်းသမ်းပြီး ဝေဖန်နေသူတွေကို ထိထိမိမိ တုန့်ပြန်လိုက်တဲ့ Miss နန်းချယ်ရီ

လွန်ခဲ့တဲ့ ရက်ပိုင်းက မနာလိုသူတစ်ချို့ရဲ့ လက်ချက်ကြောင့် ၂၀၁၉ခုနှစ် မေလအတွင်းက မြန်မာကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ MISS JEWEL OF THE WORLD 2019 က ပြိုင်ပွဲဝင်ဗီဒီယိုဖိုင်တစ်ခုကို မျှဝေပြီး မြန်မာအချင်းချင်း စာနာမှုမရှိတဲ့ အပြောအဆိုတွေနဲ့ ဝေဖန်တိုက်ခိုက်ခဲ့ကြတာဘဲ ဖြစ်ပါတယ်။ အဲ့လို ဝေဖန်တိုက်ခိုက်မှုတွေကို အလှမယ် နန်းချယ်ရီက ပြန်လည်တုန့်ပြန်လာပါပြီး ။ သူပြောခဲ့တဲ့ အထဲမှာ သူမအနေနဲ့ ခုလိုဖြစ်ခဲ့တယ်ဆိုတာ အခက်အခဲတစ်ချို့ကြောင့်ဖြစ်ပြီး အဲ့ဒါတွေမသိဘဲ နှမချင်းမစာမနာ ဝေဖန်နေကြတာဟာ သည်းမခံနိုင်လောက်အောင်ပါဘဲ ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်မှာရေးသားဖော်ပြခဲ့ပါတယ်။

သူမရေးခဲ့တဲ့ အပြည့်အစုံကတော့ “ စောက်ရမ်းတွေစိတ်တိုလို့ပြောပြီဆိုလဲ ဘယ်သူ့မျက်နှာမှမကြည့်ဘူးနော် ။ ငါ့ကိုလိုက်ပြောတဲ့သူတွေ ငါ့လောက်ရော ပြိုင်ဖူးပြီလား အတွေ့ကြုံရှိပြီလား ။ ကို့ထမင်းကိုစားပြီးအေးဆေးနေကြပါလား လူတယောက်ဘာအခက်ခဲတွေရှိခဲ့လဲမသိဘဲ ရမ်းသမ်းပြောနေကြရတာ အားရကျေနပ်နေကြတာလား ကိုယ်တိုင်ဝင်ပြိုင်ကြ အဲ့ကြမှသိလိမ့်မယ်”

“ အားပေးနေတဲ့ သူငယ်ချင်းတွေ အသိမိတ်ဆွေ fbကသူငယ်ချင်းတွေအားလုံးအရမ်းကျေးဇူးတင်ပါတယ် နန်းဘက်ကရပ်တည်ပေးတဲ့အတွက် ချစ်လဲချစ်ပါတယ်။ လွန်ခဲ့သော ၄လလောက်ကvideo ကို ဝေဖန်တာလက်ခံလို့ ဘာမှလဲ မပြောဘဲ ပါးစပ်ပိတ်နှုတ်ဆိတ်နေခဲ့တယ် အရာရာတိုင်းကို publicကိုချပြပြီလဲပြောမနေတတ်ဘူူး နာမည်ကြီးအောင်မျက်ရည်လဲမခြူတတ်တော့ခက်သား ဒါကို အခု ၄လလောက်ကြာတော့မှ comment တွေပြန်ပေး ပြန်ဆဲ အဖေတွေ ငါတွေ နဲ့ကိုင်တုတ်ဆဲဆိုနေကြတာ အပြောခံနေရတာ မိန်းကလေးပါလားဆိုတဲ့ မိန်းကလေးချင်းကိုယ်ချင်းစာစိတ် နှမချင်းကိုချင်းစာစိတ်လေးများမရှိကြဘူးလား”

“ ဒီတခွန်းတော့မေးကြည့်ချင်တယ် မိန်းကလေးပါ ဝေဖန်တာလက်ခံပေမဲ့ ဝေဖန်တဲ့အဆင့်ထိကျော်နေကြတာတွေကိုတော့ စဉ်းစားကြည့်ကြပေါ့လေ တခုခုဆို ရှင်းပြလိုက်ပါလား ရှင်းပြလိုက်ပါလားဆိုပေမဲ့ တချို့အရာတွေမှာ ကိုယ့်ရဲ့ personal case တွေကိုpublic ကိုချမပြသင့်တာတွေရှိတယ် ဒါကတော့လူတိုင်းသိကြမှာပါ ။ အခုအားလုံးက အခက်ခဲတွေကို ရှင်းပြစေချင်တယ်။ ပြောစေချင်နေတယ်”

“ ဟုတ်ပြီ အချိန်ကာလတခုကိုစောင့်ပေးပါ အကုန်နားလည်လာကြပါလိမ့်မယ် ။ ကျွန်မpost တင်တာတွေအောက်ထိ ဆဲတယ် ပြောတယ် ဘာမှပြန်မပြောဘူး ရတယ် ။ လူဆိုတာတော့ အရှက်နဲ့လူလုပ်တာဘဲ သည်းခံနိုင်စွမ်းဆို တာလဲရှိတာဘဲ သည်းခံနိုင်စွမ်းကျော်လွန်ရင်တော့ လူဆိုတာစိတ်တိုတာမဆန်းပါဘူး ဒီလောက်ပါဘဲ ဟိုမှာလဲ clapper ဖြစ်ပြီးပြန်လာတာမဟုတ်ဘဲနဲ့” လို့လဲ သူမက ပြန်လည်ရေးသားခဲ့ပါတယ်။

ဖတ်ရှု့ပေးကြတဲ့ ပရိသတ်ကြီးကိုမှ ကျေးဇူးအထူးတင်ရှိပါတယ်။ မြန်မာအချင်းချင်း ရိုင်းပင်းကူညီချင်းဖြင့် စာနာစိတ်လေးထားတက်အောင်ကြိုးစားကြပါစို့ ။

Source – Nang Cherry,CRD-MOMOLAY

Comments are closed.