တစ်ခါနားထောင်ရုံနဲ့ စိတ်ရောလူပါ လန်းဆန်းသွားစေမယ့် ရွှေထူးရဲ့ “Chill” MV အသစ်

တစ်ခါနားထောင်ရုံနဲ့ စိတ်ရောလူပါ လန်းဆန်းသွားစေမယ့် ရွှေထူးရဲ့ “Chill” MV အသစ်

ပရိသတ်တွေရဲ့ ခံစားချက်နဲ့ တိုက်ဆိုက်တဲ့ သီချင်းကောင်းလေးတွေကို သီဆိုတတ်တဲ့ အဆိုတော်တစ်ဦးဖြစ်တဲ့ ရွှေထူးက အမြို့မြို့အနယ်နယ်က ပရိသတ်တွေရဲ့ အားပေးခြင်းကို ခံရသူတစ်ဦး ဖြစ်ပါတယ်။ ရွှေထူးက လက်ရှိမှာလည်း သီချင်းအသစ်တွေ ဖန်တီးရင်း မင်းသမီးချောလေး ရွှေမှုံရတီနဲ့အတူတူ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ရွှေထူးရဲ့ သီချင်းအသစ်တွေကို မျှော်လင့်နေတဲ့ ပရိသတ်တွေအတွက် ဒီနေ့မှာတော့ သူ့ရဲ့ သီချင်းအသစ်စက်စက်လေးကို မျှဝေလိုက်ပါပြီ။

ရွှေထူးရဲ့ သီချင်းသစ်လေးနာမည်က “Chill ” လို့အမည်ရပြီး MV နဲ့တကွ ထွက်ရှိလာတာပဲ ဖြစ်ပါတယ်။ ရွှေထူးနဲ့ အတူတူ Ar Dan ကလည်း ပါဝင်သီဆိုထားတာကို တွေ့ရပါတယ်။သီချင်းလေးက မြူးမြူးကြွကြွနဲ့ အရမ်းနားထောင်ကောင်းပြီး ပရိသတ်တွေ တော်တော်လေး အကြိုက်တွေ့နေကြတာ ဖြစ်ပါတယ်။ ဒီသီချင်းလေးက ရွှေထူးရဲ့ လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ထွက်ရှိခဲ့တဲ့ I Album ထဲက သီချင်းလေးဖြစ်ပြီး MV အနေနဲ့ အခုမှ ထွက်ရှိလာတာ ဖြစ်ပါတယ်။ မိုမိုလေး ပရိသတ်တွေအတွက် ရွှေထူးရဲ့ သီချင်းသစ် “Chill” ကို မျှဝေပေးလိုက်ပါတယ်နော်။

သီချင်းလေးက ထပ်ခါထပ်ခါ နားထောင်ချင်ရလောက်အောင် ကောင်းမွန်တယ်နော်။ အဲ့ဒါကြောင့်လည်း တစ်နာရီအတွင်းမှာတောင် ကြည့်ရှုသူ သိန်းနဲ့ချီပြီး ရှိသွားခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလဲ ရွှေထူးရဲ့ သီချင်းသစ်လေးကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။

CRD_Rowena,Source: Shwe Htoo

Comments are closed.