တံတားပြုပြင်နေသည့် တပ်မတော်သားများကို မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ ပစ်ခတ်

တံတားပြုပြင်နေသည့် တပ်မတော်သားများကို မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ ပစ်ခတ်

မိုင်းခွဲ ဖျက်ဆီးခံခဲ့ရတဲ့ တံတားတွေကို ပြုပြင်နေတဲ့ တပ်မတော်သားတွေကို မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က လာရောက်ပစ်ခတ်ခဲ့သလို သိန္နီရေပူစစ်ဆေးရေးစခန်းကိုလည်း ပစ်ခတ်ခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။

uvdnjcvnjdnfvjndijfnvijdnfij 5

ရခိုင်လက်နက်ကိုင်အဖွဲ့ AA၊ တအာင်းလက်နက်ကိုင်အဖွဲ့ TNLA နဲ့ ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA တို့ မိုင်းခွဲခဲ့တဲ့ သိန္နီ-နမ့်ဆလပ်-ကွမ်းလုံ လမ်းကြောင်းပေါ်က မန်တုံစွန်တံတား၊ နားတီးရွာ အထွက် ၃၁ မိုင်တံတားနဲ့ ၄၁ မိုင် သံကူကွန်ကရစ်တံတား (ဗြုန်းတောင်)တို့ကို တပ်မတော်က ပြန်ပြီးပြင်ဆင်နေပြီး မန်တုံစွန်တံတားကတော့ သြဂုတ် ၁၉ ရက်မှာ ပြီးသွားလို့ အပိုင်းတပိုင်းကို ဖြတ်သန်း သွားလာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

uvdnjcvnjdnfvjndijfnvijdnfij 3

ကျန်တဲ့တံတားနှစ်စင်းထဲက ၄၁ မိုင် သံကူကွန်ကရစ်တံတား (ဗြုန်းတောင်)ကို ဆောက်နေတုန်း သြဂုတ် ၂၃ ရက် နေ့လယ်ပိုင်းမှာ ပူးပေါင်း ၃ ဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ လာရောက်ပစ်ခတ်လို့ တပ်မတော်စစ်ကြောင်းက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

uvdnjcvnjdnfvjndijfnvijdnfij 2

ပြီးတော့ ပူးပေါင်း ၃ ဖွဲ့ဟာ ဩဂုတ် ၂၃ ရက် နေ့လယ်ပိုင်းမှာ ကွတ်ခိုင်မြို့က နယ်မြေခံ တပ်ရင်းဌာနချုပ်ကို လက်နက်ကြီးတွေနဲ့ လာရောက်ပစ်ခတ်ခဲ့သလို မနေ့မနက်ကလည်း သိန္နီမြို့၊ ရေပူစစ်ဆေးရေးဂိတ်ကို လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

uvdnjcvnjdnfvjndijfnvijdnfij 1

တပ်မတော်စစ်ကြောင်းဟာ ပြည်ထောင်စုလမ်းမကြီးပေါ် ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာအကြားမှာ ဒေသန္တရမိုင်း ၃ လုံးကို တွေ့ရှိ ရှင်းလင်းခဲ့ပြီး နမ့်ဖတ်ကာရဲ့ တမိုင်ကျော်မှာ Wish အမျိုးအစား အိမ်စီးကား ၂ စီးနဲ့ ဟွန်ဒါဖစ် ၁ စီးတို့ကို မီးရှို့ လမ်းကြောင်း ပိတ်ဆို့ထားတာကိုလည်း ရှင်းလင်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

Comments are closed.