သူ့ရဲ့ အချစ်ဆုံး Crush ကို တရားဝင်ဖွင့်ပြောလာတဲ့ သင်ဇာဝင့်ကျော်

သူ့ရဲ့ အချစ်ဆုံး Crush ကို တရားဝင်ဖွင့်ပြောလာတဲ့ သင်ဇာဝင့်ကျော်

ပရိသတ်တွေချစ်တဲ့ နိုင်ငံကျော် အနုပညာရှင် သင်ဇာဝင့်ကျော်ဟာ ယခုနောက်ပိုင်းမှာတော့ Sexy မော်ဒယ်အဖြစ် အနုပညာရှင်တွေကြားမှာ နာမည်ကြီးနေခဲ့တာဘဲ ဖြစ်ပါတယ်။ သူမဟာ အဝတ်အစားဖက်ရှင်ကြောင့် ပရိသတ်တွေရဲ့ ဝေဖန်တိုက်ခိုက်မှုကို ခံခဲ့ရပေမယ့် သူမရဲ့ ယုံကြည်ချက်နဲ့ ဆက်လက်လျှောက်လှမ်းသွားခဲ့ပါတယ်။ သူမ ရဲ့ ယုံကြည်ချက်ကို ချစ်တဲ့ ပရိသတ်တွေကတော့ သူမအနားမှာ အမြဲရှိနေဆဲပါ။

သူမက မကြာခင်မှာ ရုံတင်ပြသတော့မယ့် အချစ်ဆုံး Crush ဆို တဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ထားပြီး သူက အဲ့ဒီဇာတ်ကားမှာ ချစ်ရတဲ့ကောင်လေးကို သူ့ဘက်ကစပြီး ချစ်ရေးဆိုတဲ့ ဇာတ်ရုပ်နေရာကနေသရုပ်ဆောင်ထားပြီး အဲ့ဒီကားထဲမှာတော့ ပိုက်ဆံ ချမ်းသာတဲ့ သူဌေးသမီးလေးတစ်ယောက်ပေါ့ ။

အချစ်ဆုံး Crush ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Red Carpet Show မှာတော့ သင်ဇာဝင့်ကျော်က သူ့ရဲ့ Crush ကို ဖွင့်ပြောလာပါပြီ။ သူမ ငယ်ငယ်ထဲက ခုချိန်ထိ Crush ခဲ့တဲ့ သူကတော့ ကမ္ဘာကျော် မင်းသား ဘရက်ပစ် ပါဆိုပြီး ဖြေဆိုခဲ့ပါတယ်။

ချစ်တဲ့ ပရိသတ်တွေအတွက် သင်ဇာ့ရဲ့ Crush လေးကို ဖော်ပြပေးလိုက်ပါတယ်နော်။ သူမရဲ့ Crush လေးကိုသိတဲ့ သူတွေ ရှိသလို မသိတဲ့သူတွေလဲ ရှိသေးတာမို့ မျှဝေပေးဖို့ မမေ့ပါနဲ့နော်။

ဖတ်ရှု့ပေးတဲ့ ပရိသတ်တွေကို ကျေးဇူးအထူးတင်ရှိပါတယ်။

credit – momolay

Comments are closed.