ကလေးဆန်ဆန် ဂါဝန်လေးဝတ်ပြီး ပုဂံမှာ ပေါ့ပေါ့ပါးပါး လျှောက်လည်နေတဲ့ သင်ဇာဝင့်ကျော်

ကလေးဆန်ဆန် ဂါဝန်လေးဝတ်ပြီး ပုဂံမှာ ပေါ့ပေါ့ပါးပါး လျှောက်လည်နေတဲ့ သင်ဇာဝင့်ကျော်

အနုပညာနဲ့ ပတ်သတ်ရင် သူမခံယူချက်အတိုင်း အကောင်းဆုံးဆိုတာတွေပဲ ပရိသတ်ကို ချပြနေသူတစ်ဦးဖြစ်ပြီး၊ မိန်းကလေးတစ်ဦးအနေနဲ့ စိတ်ဓါတ်ခိုင်မာစွာ အနုပညာလောကမှာ ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ မကြာခဏဆိုသလို သူမရဲ့အလှပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးလေ့ရှိတဲ့ သင်ဇာလေးကတော့ လတ်တလောမှာလည်း ကလေးဆန်ဆန်လေး လှတဲ့ ချစ်စရာဂါဝန်လေးနဲ့ ပုဂံမှာ လျှောက်လည်နေတဲ့ သူမရဲ့ပုံရိပ်တွေကို ဖေ့စ်ဘုတ်ပေါ်မှာ တင်ထားတာ တွေ့ရပါတယ်။ ဘယ်လိုဖက်ရှင်မျိုးနဲ့မဆို လိုက်ဖက်ညီလွန်းတဲ့ သင်ဇာဝင့်ကျော်ကတော့ ပင်ကိုယ်အလှတရားတွေနဲ့ ပြည့်စုံနေသူတစ်ဦးဆိုလည်း မမှားပါဘူးနော်။

ချစ်ပရိသတ်တွေအတွက် အရမ်းကို ချစ်စရာကောင်းနေတဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်ရဲ့ချစ်စရာပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

သင်ဇာကတော့ “SHAYI online store ကအသစ်ထွက်မဲ့ design လေးပါ … ဝတ်ရတာလဲလွပ်လပ်ပေါ့ပါးတယ် … အသားလဲအေးတယ် 😌🦋💙” ဆိုပြီး ကြော်ငြာရိုက်ကူးရင်း ချစ်ရတဲ့ ပုဂံမှာပျော်နေတဲ့ ပုံရိပ်တွေကို ဝေမျှပေးထားတာပါ။

သင်ဇာကတော့ လက်ရှိမှာ Single တစ်ဦးအနေနဲ့ သူမကိုယ်သူမ ပိုယုံကြည်မှုရှိလာပြီး ပိုပိုပြီးလည်း လှလာတာမို့ ချစ်ပရိသတ်တွေလည်း စိတ်ချမ်းသာနေကြရတာပါနော်။

သရုပ်ဆောင်ပိုင်းမှာလည်း အပြစ်ဆိုစရာမရှိအောင် ထူးချွန်တဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားတွေ၊ ကြော်ငြာတွေ ဆက်တိုက်ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။ သင်ဇာပါဝင်သရုပ်ဆောင်ထားတဲ့ “အချစ်ဆုံး Crush ” ရုပ်ရှင်ဇာတ်ကားကြီးကလည်း လာမယ့် သြဂုတ်လ (၂၉) ရက်နေ့မှာ ရုံတင်ပြသတော့မှာပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကို ချစ်စရာကောင်းနေတဲ့ သင်ဇာလေးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

credit – momolay

Comments are closed.