နှစ်တွေအတော်ကြာတိုင် သစ္စာမပျက်ပဲ ရွှေလက်တွဲနေကြဆဲဖြစ်တဲ့ အနုပညာရှင်စုံတွဲများ

နှစ်တွေအတော်ကြာတိုင် သစ္စာမပျက်ပဲ ရွှေလက်တွဲနေကြဆဲဖြစ်တဲ့ အနုပညာရှင်စုံတွဲများ

အခုခေတ်မှာ ချစ်သူရည်းစားတွေက ပြတ်လွယ်ဆက်လွယ်ဖြစ်နေကြတာကို ပရိသတ်ကြီးလဲ ပတ်ဝန်းကျင်မှာ ကြားဖူးမြင်ဖူးနေကြမှာပါ။ ဒါပေမယ့် ချစ်သူသက်တမ်းတစ်ခုကို ပိုင်ဆိုင်ထားပြီး တစ်သက်တာလုံး ရွှေလက်တွဲဖို့ ရည်ရွယ်ထားတဲ့ သူတွေလဲ အများအပြား ရှိကြပါတယ်။ ပရိသတ်ကြီးချစ်တဲ့ အနုပညာရှင်တွေထဲမှာလဲ နှစ်ရှည်လများ ရေရှည်တည်တံ့တဲ့ ချစ်သူဘဝကို ပိုင်ဆိုင်ထားတဲ့ ချစ်သူစုံတွဲတွေလဲ ရှိပါတယ်။ မိုမိုလေး ပရိသတ်တွေအတွက် ထိုအနုပညာရှင်စုံတွဲတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

အောင်မြင့်မြတ်နဲ့အိမီမီကို

အောင်မြင့်မြတ်နဲ့ သူ့ရဲ့ချစ်သူလေး အိမီမီကိုကတော့ ချစ်သူသက်တမ်း(၄)နှစ်ကျော် လက်တွဲခဲ့တာပဲဖြစ်ပါတယ်။ အောင်မြင့်မြတ် နာမည်မကြီးခင်ကတည်းက ဘေးနားမှာ ပါရမီဖြည့်ပေးတဲ့ သူတို့အတွဲလေးကတော့ တကယ်ကို အားကျစရာပါပဲ။

ရဲရင့်အောင် နဲ့ ဧငြိမ်းဖြူ

ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူကတော့ ချစ်သူသက်တမ်း (၃)နှစ်ရှိပြီဖြစ်ပါတယ်။ တစ်ယေက်နဲ့တစ်ယောက် ဂရုစိုက်လွန်းတဲ့အတွဲလေးဖြစ်ပြီး Romantic အဆန်ဆုံးအတွဲလေးလည်း ဖြစ်ပါတယ်။

လွှမ်းပိုင် နဲ့ Bobby Soxer

လွှမ်းပိုင်နဲ့ Bobby Soxer တို့ကတော့ ချစ်သူသက်တမ်း(၁၀)နှစ်ကျော်ရှိတဲ့ ချစ်သူသက်တမ်း အကြာဆုံးချစ်သူစုံတွဲလေးပါ။ Rap သီချင်းတွေကို အတူတူ ဆိုရုံသာမက အခုဆိုရင် Game တွေပါ အတူတူ ဆော့ကြလို့ ပရိသတ်တွေက သဘောကျနေရတာ ဖြစ်ပါတယ်။

ဖြိုးလေးနဲ့ ဝါဆိုမိုးဦး

ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ကတော့ ချစ်သူသက်တမ်း(၃)နှစ်ကျော်ကြာသက်တမ်းရှိတဲ့ စုံတွဲလေးပဲ ဖြစ်ပါတယ်။ အမိုက်စာဖက်ရှင်တွေနဲ့ တွေ့မြင်ရတတ်တဲ့ သူတို့အတွဲလေးကလည်း ပရိသတ်တွေ ချစ်ပြီးသားအတွဲလေးပါပဲ။

နေဝင်း နဲ့ အိမ့်ချစ်ချော

နေဝင်းနဲ့ သူ့ရဲ့ ချစ်သူ Travel Blogger မလေးကတော့ (၁၀)နှစ်ကျော်ကြာ ချစ်သူသက်တမ်းရှိပါပြီ။ သူတို့်အတွဲလေးကလည်း ပကာသနမရှိပဲ ရိုးရှင်းလွန်းလို့ ပရိသတ်တွေက အားကျနေရတာ ဖြစ်ပါတယ်။

ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာ

ကျော်ထွဋ်ဆွေ နဲ့ နန်းသူဇာတို့က (၈) နှစ်ကျော်ကြာ သက်တမ်းရှိတဲ့ ချစ်သူစုံတွဲလေးပဲ ဖြစ်ပါတယ်။ နှစ်ယောက်လုံးက ကျွမ်းကျင်တဲ့ အနုပညာနယ်ပယ်အသီးသီးမှာ အောင်မြင်ပြီးသား နှစ်ယောက်ဖြစ်ပါတယ်။ လက်ရှိမှာတော့ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာက စီးပွားရေးလုပ်ငန်းတွေကို အတူူတူ လုပ်ကိုင်နေလျက်ရှိတာကို တွေ့ရပါတယ်။

ကောင်းပြည့်နဲ့ သန္တာဗို

ကောင်းပြည့်နဲ့ သန္တာဗိုတို့ အတွဲလေးကတော့ ချစ်သူသက်တမ်(၇)နှစ် ရှိပြီဖြစ်ပါတယ်။ သူတို့်အတွဲလေးကတော့ ပရိသတ်တွေ အချစ်ဆုံး၊ အားအကျဆုံးအတွဲလေး ဖြစ်မာ် ထင်ပါတယ်။

ဒီအတွဲလေးတွေကတော့ နှစ်ရှည်လများ ချစ်ကြိုက်ခဲ့ပြီး ပရိသတ်တွေ အားကျခြင်းခံရတဲ့ အတွဲလေးပါပဲ။ ပရိသတ်ကြီးလဲ အခုဖော်ပြတဲ့ အတွဲလေးတွေထဲက ဘယ်အတွဲလေးကို သဘောအကျဆုံးလဲ ဆိုတာ ပြောပြခဲ့ဦးနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။ ဒီပိုစ့်လေးကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။

credit – momolay

Comments are closed.