“ထိုင်ရှိခိုးပါတယ် ညညလန့်နိုးလို့ ပုံမတင်ပါနဲ့တော့ဗျာ” ဆိုပြီးစိုးပြည့်သဇင်ကို စနောက်လိုက်တဲ့ဟိန်းဝေယံ

“ထိုင်ရှိခိုးပါတယ် ညညလန့်နိုးလို့ ပုံမတင်ပါနဲ့တော့ဗျာ” ဆိုပြီးစိုးပြည့်သဇင်ကို စနောက်လိုက်တဲ့ဟိန်းဝေယံ

နိုင်ငံကျော်သရုပ်ဆောင် မင်းသမီးချောလေး အကယ်ဒမီ စိုးပြည့်သဇင် ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ နိုင်ငံကျော် အနုပညာရှင်တစ်ဦးပါ။ သရုပ်ဆောင်ပီပြင်ပြီး ကျရာဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင် နိုင်တဲ့ သူမက ချစ်စရာကောင်းတဲ့ မျက်နှာလေးကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ။မိုမိုလေးရဲ့ ချစ်ပရိသတ်တွေအတွက် စိုးပြည့်သဇင် ရဲ့ ပုံအောက်မှာ ဆေးထိုးထားတဲ့ ဟိန်းဝေယံ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

သရုပ်ဆောင် ဟိန်းဝေယံ နဲ့ စိုးပြည့်သဇင် တို့က ဇာတ်ကားတော်တော်များမှာ အတူတွဲသရုပ်ဆောင်တာ တွေ့ရသလို သူတို့နှစ်ယောက်က အရမ်းခင်မင်ကြတဲ့ လုပ်ဖော်ကိုင်ဖက် အနုပညာရှင်တွေပဲ ဖြစ်ပါတယ်။

ဒီတစ်ခါမှာတော့ စိုးပြည့်က သူ့ရဲ့ ပုံလေးတစ်ပုံကို သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ တင်ထားတာပဲဖြစ်ပါတယ်။ စိုးပြည့် ပုံတင်ထားတဲ့ အောက်မှာ ဟိန်းဝေယံ က ” ထိုင်ရှိခိုးပါတယ် ရှေ့က ချထားတဲ့ပိုက်ဆံလည်းယူသွားပါ ညညလန့်နိုးလို့ပါ ပုံမတင်ပါနဲ့တော့ဗျာ ” ဆိုတဲ့ ပုံလေးနဲ့ဆေးထိုးထားတာပဲ ဖြစ်ပါတယ်။

စိုးပြည့်ကလည်း ဟိန်းဝေယံကို ” ဆေးသောက်ပါနော်ဆိုပြီး အရူးဆေး ပုံလေးနဲ့ ပြန်မန့်ထားပါတယ်။ အနုပညာမောင်နှမအချင်းချစ်းစနောက်နေတာကို ကြည့်ပြီး စိုးပြည့်ရဲ့ ပရိသတ်တွေက အရမ်းသဘောကျနေတာပါ။

သရုပ်ဆောင် စိုးပြည့်သဇင် နဲ့ ဟိန်းဝေယံတို့ရဲ့အကြောင်းကို ပရိသတ်တွေ သိရလောက်ပြီထင်ပါတယ်။ကြည့်ရူပေးကြတဲ့ မိုမိုလေးပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

credit – momolay

Comments are closed.