တီဗီဂိမ်းကစားပြီးတော့ ဂိုးဖမ်းလေ့ကျင့်ခဲ့တယ်ဆိုတဲ့ စိုင်းစိုင်း

တီဗီဂိမ်းကစားပြီးတော့ ဂိုးဖမ်းလေ့ကျင့်ခဲ့တယ်ဆိုတဲ့ စိုင်းစိုင်း

saisai53699 1

မြန်မာနိုင်ငံမှာ အအောင်မြင်ဆုံးသော အဆိုတော် သရုပ်ဆောင်ဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ကတော့ သူ့အနေနဲ့ လက်ရှိမှာ ရေဘေးသင့်ပြည်သူတွေအတွက် တက်နိုင်ဖက်ကနေ လှူဒါန်းနေပြီး အနုပညာရှင်တွေ စုပေါင်းပြီးလုပ်တဲ့ ရံပုံငွေအလှူပွဲမှာ ပါဝင်ခဲ့ပြီး ဂိုးဖမ်းခဲ့တာ ဖြစ်ပါတယ်။ စိုင်းစိုင်းကတော့ သူ့အနေနဲ့ ဒီဘောလုံးပွဲမှာ ဘာကြောင့် ဂိုးဖမ်းဖြစ်တာလဲဆိုတဲ့ အကြောင်းနဲ့ ဘယ်လိုခံစားခဲ့ရလည်းဆိုတာကိုတော့ ပြောကြားသွား ခဲ့ပါတယ်။

saisai53699 4

စိုင်းစိုင်းခမ်းလှိုင်ကတော့ MC နဲ့ အင်တာဗျူးမှာတော့ ဘာလို့ ဂိုးဖမ်းတာလဲဆိုတဲ့ အပေါ်မှာတော့ “ကျနော်က ဘာလို့ဂိုးဖမ်းရတာလဲဆိုတော့ ကျနော်က ဘောလုံးသမားမဟုတ်ဘူး။ အရှေ့မှာ သုံးမရတော့ ကျနော်ဂိုးဖမ်းတာပါ။ ကျနော်မကန်တတ်တော့ ငယ်ငယ်တုန်းကဆိုရင်လည်း မင်းမကန်တတ်ရင် ဂိုးဖမ်းကွာဆိုတဲ့ သဘောမျိုးပေါ့။ ဂိုးဖမ်းပါဆိုလို့ ကျနော်က ဂိုးသမားဖြစ်သွားတာ ခင်ဗျာ။

saisai53699 2

ဂိုးဖမ်းရတဲ့အခါ စိတ်ထဲမှာ ဘယ်လိုခံစားရလဲဆိုတဲ့ မေးခွန်းကိုတော့ “ပျော်တာပေါ့။ တတ်သလောက်မှတ်သလောက် ကျနော့်မှာ တီဗီဂိမ်းဆော့ပြီးတော့ လေ့ကျင့်ထားတာ။ ကျနော်တို့ကတော့ မျှမျှတတပဲ ပျော်စရာကောင်းအောင်ပဲ ကစားကြတာပါ။ တကယ်တမ်းတော့ ကျနော်တို့ အရွယ်နဲ့ ဘယ်ကစားနိုင်မလဲဗျာ။ ပရိသတ်တွေ ကြည့်ရှုဖို့လည်းဖြစ်အောင် ရံပုံငွေရှာဖွေတဲ့ပွဲလည်း ဖြစ်အောင် ကျနော်တိ့ု ကစားကြတာပါ

saisai53699 3

မွန်ပြည်နယ် တနင်္သာရီမှာ ရေဘေးဖြစ်တဲ့ အချိန်မှာ ကျနော်အရမ်းကို စိတ်မကောင်းဘူး။ အဲ့ဒါနဲ့ ကျနော်လှူချင်လို့ အကြံရတယ်။ ကျနော်လှူရင် ကျနော့် လုပ်အားခပဲ လှူနိုင်မယ်။ ကျနော်အလှူငွေကောက်ရင် ကျနော့်ပရိသတ်တွေလည်း ပါဝင်ရမယ်။ အဲ့မှာ ကျနော့်ပရိသတ်တွေကြီးမဟုတ်ပဲ အနုပညာညီအစ်ကိုတွေလည်း ပေါင်းလိုက်ရင် အလှူငွေကောက်လို့ ရမယ်ဆိုပြီးတော့ ကျနော် အဖွဲ့တွေနဲ့ တိုင်ပင်ပြီး ဒီအကြံလေးကို တူတူ တိုင်ပင်ဖြစ်ကြပါတယ်။

saisai53699 4

ခါတိုင်းဆို ရုပ်ရှင်နဲ့ ဂီတဆိုပြီးတော့ ကန်ပါတယ်။ ဒါပေမယ့်လည်း ပရိသတ်တွေကြည့်ရတာလည်း ပိုကောင်းအောင် စနစ်တကျလေးနဲ့ မဲခွဲပြီးတော့ ကန်ဖြစ်တာပါ။ အလှူငွေ ဘယ်လောက်ရလဲတော့ မသိသေးပါဘူး။ ကျနော့်လုပ်အားခကိုလည်း ထည့်ပြီးတော့ လှူဒါန်းပါတယ်။ အနုပညာညီအစ်ကိုတွေ စုံစုံလင်လင်လေးနဲ့ ဒီလိုလုပ်ရတာလည်း ကြည်နူးဖို့ ကောင်းပါတယ်။ ရေဘေးသင့်သူတွေလည်း အမြန်ဆုံးအဆင်ပြေပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။

Comments are closed.