ဒူးမကောင်းပေမဲ့လည်း အကောင်းဆုံးကြိုးစား ယှဉ်ပြိုင်ခဲ့ပါတယ်ဆိုတဲ့ ရဲလေး

ဒူးမကောင်းပေမဲ့လည်း အကောင်းဆုံးကြိုးစား ယှဉ်ပြိုင်ခဲ့ပါတယ်ဆိုတဲ့ ရဲလေး

ရဲလေးကတော့ အဆိုတော်တစ်ယောက်အနေနဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်လောက်ကတည်းက အောင်မြင်မှုတွေရရှိထားတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။(၂၀၀၅)ခုနှစ်အောက်တိုဘာလ မှာ သူရဲ့ တစ်ကိုယ်တော် တေးစီးရီး အယ်ဘမ်ဖြစ်တဲ့ “ကျွန်တော်နှင့်သက်ဆိုင်သော”တေးစီးရီးခွေထွက်ရှိထားတာပဲဖြစ်ပါတယ်။အဆိုတော်တစ်ယောက်အနေနဲ့သာမက သရုပ်ဆောင်တစ်ယောက်အနေနဲ့လည်း ကြော်ငြာများ၊ဗွီစီဒီများမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။

yelay23669 6

ဂီတ၊ ရုပ်ရှင် နယ်ပယ်နှစ်ခုလုံးတွင် အောင်မြင်မှုရအောင် ကြိုးစားခဲ့တဲ့ရဲလေးဟာ သူ့ရဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ “နေတစ်ခြမ်း လတစ်ခြမ်း”ရုပ်ရှင်ဇာတ်ကားကို (၂၀၀၅)ခုနှစ်မှာ စိုင်းစိုင်းခမ်းလှိုင်၊ ချစ်သုဝေ တို့နဲ့အတူတွဲဖက်ပြီး ရိုက်ကူးခဲ့ပါသေးတယ်။နောက်ပိုင်းမှတော့ “အိမ်”၊”တတိယကာရန်”၊”ရကောက်ဘဝဖြင့် နေထိုင်ခြင်း”၊”အောင်မြင်မှု ခရီးစဉ်”စတဲ့ တေးစီးရီး အယ်ဘမ်ပေါင်းများစွာထွက်ရှိထားတာပဲဖြစ်ပါတယ်။အခုနောက်ပိုင်းမှာတော့ ရဲလေးဟာ အဆိုတော်သရုပ်ဆောင်တစ်ယောက်အပြင် နှင်းဆီအဖွဲ့ရဲ့ ပင်တိုင်လူရွှင်တော်တစ်ဦးအဖြစ်လည်းပရိသတ်တွေကို တဝါးဝါးပွဲကျစေမဲ့ ဟာသပြက်လုံးတွေနဲ့ အတူ ဖျော်ဖြေနေပါသေးတယ်။

yelay23669 2
yelay23669 7

သြဂုတ်လ (၂၄)ရက်နေ့က ရေဘေးသင့်ပြည်သူများအတွက် အနုပညာရှင်များကနေ ရံပုံငွေဘောလုံးပွဲကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ရဲလေးက အဖြူအသင်းရဲ့ ကစားသမားတစ်ဦးအနေနဲ့ ပါဝင်ခဲ့ပါသေးတယ်။ရဲလေးတစ်ယောက် ဒီပွဲကြီးမှာ “ဒူးတစ်ဖက်မကောင်းတဲ့ဒဏ်နဲ့ အကောင်းဆုံးအတတ်နိုင်ဆုံး ကစားခဲ့ပါတယ်။

yelay23669 4
yelay23669 1

အကောင်းဆုံးကစားပေးသွားတဲ့ အပြာအသင်း နဲ့အဖြူ အသင်းမှကစားဖော်ညီအစ်ကို များအားလုံး repect ပါ။ ရေဘေးအလှူ အတွက်အလှူငွေတွေအများကြီးလှူပေးကြတဲ ့သူများအားလုံးကို လည်းကျေးဇူးပင်လယ်ပါခင်ဗျာ။”ဆိုပြီး ဒူးမကောင်းပေမဲ့လည်း အကောင်းဆုံးကြိုးစားယှဉ်ပြိုင်ခဲ့ပါတယ်လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားတာဖြစ်ပြီး “နိုင်တာရှုံးတာထက် ညီအစ်ကို တွေချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး ပွဲလေးကို အကောင်းဆုံးအတူတူပုံဖော်ဖန်တီးနိုင်ခဲ့ကြတဲ့အတွက် အရမ်းပျော်ခဲ့ပါတယ် “လို့လည်း ဖော်ပြထားပါသေးတယ်။

yelay23669 3

E.T.S ပရိသတ်ကြီးရေ ဒူးမကောင်းတဲ့ကြားက အကောင်းဆုံးကြိူးစားယှဉ်ပြိုင်ခဲ့တဲ့ ရဲလေးအတွက် ဂုဏ်ပြုစကားလေးတွေပြောသွားပေးပါဦးနော်။

Comments are closed.