ကျွမ်းကျင်ပညာရှင်တစ်ဦးက သုံးသပ်ပြခဲ့တဲ့ Ku Hye Sun ရဲ့ စိတ်ကျန်းမာရေးအခြေအနေ

ကျွမ်းကျင်ပညာရှင်တစ်ဦးက သုံးသပ်ပြခဲ့တဲ့ Ku Hye Sun ရဲ့ စိတ်ကျန်းမာရေးအခြေအနေ

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော်အနုပညာစုံတွဲတစ်တွဲဖြစ်တဲ့ Ahn Jae Hyun နဲ့ Ku Hye Sun တို့ ၂ ယောက်ဟာ အခုဆိုရင် တရားဝင်ကွာရှင်းကြဖို့အတွက် အတိအလင်းကြေညာပြီးသွားပြီဖြစ်ပြီး ဒီအတောတွင်းမှာလည်း သူတို့ ၂ ယောက်ရဲ့ ကွာရှင်းမှုနဲ့ပတ်သတ်ကာ သတင်းတွေများစွာလည်း ထွက်ရှိလို့လာခဲ့ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ဟာ သတင်းတွေထွက်ရှိလာတာနဲ့ပတ်သတ်ကာ အွန်လိုင်းကနေတဆင့် ဖြေရှင်းမှုတွေလည်းလုပ်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ပရိသတ်တွေဟာ သူတို့ဇနီးမောင်နှံ ၂ ဦးရဲ့ စိတ်ကျန်းမာရေးအခြေအနေ၊ လူကျန်းမာရေးအခြေအနေတွေကို စိတ်ပူခဲ့ကြတဲ့အတွက် စိတ်ကျန်းမာရေးဆေးခန်းတစ်ခုက တာဝန်ရှိသူတစ်ယောက်က သူတို့စုံတွဲရဲ့ စိတ်ကျန်းမာရေးအခြအနေနဲ့ ပတ်သတ်ကာ သုံးသပ်ခဲ့ပါတယ်။ သူ့ရဲ့ သုံးသပ်ချက်တွေထဲမှာတွေ့ရတာကတော့ သူ့အနေနဲ့ဆိုရင် Ku Hye Sun ရဲ့ စိတ်အခြေအနေကို စိုးရိမ်ပူပန်မိကြောင်း ဖော်ပြထားခဲ့ပါတယ်။

“ခင်ပွန်းဖြစ်သူ Ahn Jae Hyun ဟာ သူမရဲ့ရင်သားတွေက ဆွဲဆောင်မှုမရှိတာကြောင့် ကွာရှင်းချင်တာပါ”လို့ Ku Hye Sun ပြောခဲ့တာကိုကြည့်ခြင်းအားဖြင့် ဒါဟာ Ahn Jae Hyun အနေနဲ့ သူမကို စနောက်ပြီးပြောခဲ့တာကို လုံးဝမေ့လို့မရတဲ့ အခြေအနေမျိုးဖြစ်တယ်လို့ အဆိုပါကျွမ်းကျင်ပညာရှင်က ဖော်ပြခဲ့ပါတယ်။

ဆက်လက်ပြီး ထိုသူက “တစ်ယောက်ယောက်ကို လိင်ပိုင်းဆိုင်ရာနဲ့ပတ်သတ်ပြီး ဆွဲဆောင်မှုမရှိဘူးလို့ပြောလိုက်တာဟာ သူတို့အတွက် မေ့ဖျောက်လို့မရတဲ့ စိတ်ဒဏ်ရာမျိုးပေးတာပါပဲ။ ပြီးတော့ Ku Hye Sun က သူမရဲ့အလှအပနဲ့ပတ်သတ်ပြီး ဂုဏ်ယူရမင်းသမီးတစ်ယောက်ဖြစ်တာကြောင့် သူမအတွက်ကတော့ ဒီလိုမျိုးမှတ်ချက်က နာကျင်စရာထက်တောင် ပိုသွားနိုင်ပါတယ်” လို့ဆိုကာ ရှင်းပြခဲ့ပါတယ်။

ဆက်လက်ပြီး “Ku Hye Sun ဟာ သူမကြုံတွေ့ခဲ့ရတဲ့ စိတ်ပျက်မှု၊ ဝမ်းနည်းမှုတွေကြောင့် သူမကိုယ်သူမ သရုပ်ဆောင်မင်းသမီးတစ်ယောက်ဆိုတာနဲ့ ရှေ့ဆက်မယ့်အနာဂတ်ကို မတွေးနိုင်တော့ပဲ စိတ်ခံစားမှုတွေအကုန်လုံးကို ဖွင့်ပြလိုက်တာကြည့်ခြင်းအားဖြင့် ဒါဟာ သူမအနေနဲ့ ဘယ်လောက်စိတ်ဆိုးဒေါသထွက်နေလဲဆိုတာကို သိနိုင်ပါတယ်။ သူမရဲ့ပို့စ်တွေမှာဆိုရင်လည်း သူမကိုယ်သူမ ဘယ်သူ၊ ဘယ်ဝါရယ်လို့ မတွေးနိုင်တော့တာကို တွေ့ရပါတယ်” လို့ ဖော်ပြထားပါတယ်။

Ku Hye Sun ရဲ့ လက်ရှိစိတ်ပိုင်းဆိုင်ရာ အခြေအနေနဲ့ ပတ်သတ်ပြီး ပရိသတ်တစ်ယောက်ကမေးမြန်းခဲ့ရမှာတော့ ထိုပညာရှင်ဟာ လက်ရှိမှာတော့ သူမရဲ့ အခြေအနေဟာ စိုးရိမ်ကောင်းတဲ့အခြေအနေမဟုတ်ကြောင်း ပြောပြခဲ့ပါတယ်။

credit – momolay

Comments are closed.