“သမုဒ္ဒယရင်ခွင် ပရဟိတအဖွဲ့နှင့်အတူ မွန်ပြည်နယ် ရေဘေးသင့်ပြည်သူများအတွက် ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့တဲ့ ရွှေပိုးအိမ်”

“သမုဒ္ဒယရင်ခွင် ပရဟိတအဖွဲ့နှင့်အတူ မွန်ပြည်နယ် ရေဘေးသင့်ပြည်သူများအတွက် ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့တဲ့ ရွှေပိုးအိမ်”

ရွှေပိုးအိမ်ကတော့ အနုပညာလောကရဲ့ ဇာတ်ပို့ဇာတ်ရံမင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ ရွှေပိုးအိမ်ဟာ လက်ရှိမှာတော့ ပရိသတ်တွေသဲသဲလှုပ်ချစ်တာကို ခံနေရတဲ့ အနုပညာရှင်တစ်ယောက်ဆိုလည်းမမှားပါ။ မြန်မာဆန်ဆန်လေးနဲ့ ဝတ်ဆင်နေထိုင်တတ်သူတစ်ယောက်အဖြစ် ပရိသတ်တွေသတ်မှတ်တာကို ခံနေရတဲ့ အနုပညာရှင်တစ်ယောက်လို့လည်းဆိုင်နိုင်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ(၁၅)ရက်နေ့က ရွှေပိုးအိမ်ရဲ့ မွေးနေ့လေးဖြစ်ပြီးတော့ ချစ်ရတဲ့ ပရိသတ်တွေရဲ့ (၅)ထောင်တန်ပိုက်ဆံတွေနဲ့ လုပ်ထားတဲ့ ပန်းစည်းလေးနဲ့အတူ မွေးနေ့Surprise လုပ်တာကို ခံခဲ့ရသူတစ်ယောက်ပါ။

လတ်တလောမှာလည်း We Love တွေနဲ့အတူ အလှူတွေကို တလျှောက်ဆိုသလိုလုပ်ကိုင်နေတာဖြစ်ပြီးတော့ မွန်ပြည်နယ်ရေဘေးသင့်ပြည်သူများအတွက်လည်း နာရေးကူညီမှုအသင်းကို သွားရောက်လှူဒါန်းခဲ့ပါသေးတယ်။ မွေးနေ့အထိမ်းအမှတ်အဖြစ်လည်း လှည်းကူးမြို့က မေတ္တာမွန်ပရဟိတကျောင်းမှာ ကလေးများအတွက် ကုတင်(၆)လုံးကို လှူဒါန်းခဲ့တယ်လို့လည်း သိရပါတယ်။လက်ရှိမှာလည်း အမှန်တကယ်လိုအပ်နေတဲ့ မွန်ပြည်နယ်ရေဘေးသင့်ပြည်သူများအတွက် အနုပညာရှင်ညီအကိုမောင်နှမတွေနဲ့အတူ သွားရောက်လှူဒါန်းမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။

ရွှေပိုးအိမ်နဲ့အတူ ပွင့်နဒီမောင်၊စိုးန္ဒာကျော်၊မင်းထက် စသဖြင့်တခြားသောအနုပညာရှင်တွေက သမုဒ္ဒယ ရင်ခွင်ပရဟိတအဖွဲ့ရဲ့ (၇)ရက်သားသမီးများ၏ အလှူငွေများဖြင့် ဆန်,ဆီ,ကြက်သွန်,အာလူး,ရေသန့် အဝတ်အထည်များ ကျောင်းသုံး ဗလာစာအုပ်များ,ခြင်ထောင်များကို မွန်ပြည်နယ်ရေဘေးသင့်ပြည်သူထံသွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။ခုလိုသွားရောက်လှူဒါန်းခဲ့ကြတာကို”သမုဒ္ဒယရင်ခွင် ပရဟိတအဖွဲ့များနှင့်အတူ မွန်ပြည်နယ် ရေဘေးသင့် မိဘပြည်သူများအတွက် သွားရောက်လှူဒါန်းကြပါသည် “ဆိုပြီးတော့ ရွှေပိုးအိမ်ရဲ့ လူမှုကွန်ရက် စာမျက်နှာထက်ကနေ သိခဲ့ရပါတယ်။ဆယ်လီကမ္ဘာပရိသတ်ကြီးရေ ရွှေပိုးအိမ်နဲ့ သမုဒ္ဒယရင်ခွင် ပရဟိတအဖွဲ့များရဲ့ မွန်မြတ်လှတဲ့ အလှူအတွက် သာဓုခေါ်ခဲ့ကြပါဦး……..။

credit – celegabar

Comments are closed.