ဇာတ်ပို့သရုပ်ဆောင် မျိုးမျိုးခိုင်ရဲ့ ဖခင်ကွယ်လွန်

ဇာတ်ပို့သရုပ်ဆောင် မျိုးမျိုးခိုင်ရဲ့ ဖခင်ကွယ်လွန်

ပရိသတ်တွေကို ပျော်စရာ၊ရယ်မောစရာတွေနဲ့ ဖျော်ဖြေ၊တင်ဆက် သရုပ်ဆောင်လေ့ရှိတဲ့ ဟာသသရုပ်ဆောင်လဲ ဖြစ်၊ ဇာတ်ပို့၊ဇာတ်ရံလဲ ဖြစ်တဲ့ သရုပ်ဆောင် မမျိုးမျိုးခိုင်ရဲ့ ဖခင်ဖြစ်သူ ဦးဘမောင် ဟာ သြဂုတ်လ ၂၄ရက်နေ့က ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။

ifdsivfbidjfidod 4

သူမဟာ ဖခင်ဖြစ်သူကွယ်လွန်သွားတာ ကြောင့် ပူဆွေးသောကရောက်နေရပေမယ့် သူမရဲ့ အပူကို ဖော်ပြကြေညာခြင်းမရှိခဲ့ဘဲ အနုပညာမောင်နှမတွေ ဖြစ်တဲ့ ဟာသသရုပ်ဆောင် ရဲလေးမရဲ့ သူမဖေ့စ်ဘုတ်ပေါ်မှာ ရေးသားခဲ့တဲ့ အကြောင်းအရာအရ သိရပါတယ်။

ifdsivfbidjfidod 2

သူရေးသားခဲ့တာကတော့ “ ချစ်ခင်လေးစား ရတဲ့မမကြီး သရုပ်ဆောင် မျိုးမျိုးခိုင် ရဲ့ဖခင် ဦးဘမောင် အသက် ၈၀နှစ် ကွယ်လွန်အနိစ္စရောက်ရှိကြောင်းကြားသိရတဲ့အတွက် ထပ်တူ စိတ်မကောင်းဖြစ်ရပါတယ် ကောင်းမွန်မြင့်မြတ်ရာ ဘုံသို့အေးချမ်းစွာ ရောက်ရှိပါစေ” လို့ ဆိုပြီး ရေးသားခဲ့တာဖြစ်ပါတယ်။

ifdsivfbidjfidod 3

ဇာတ်ပို့ ၊ ဇာတ်ရံ သရုပ်ဆောင် မမျိုးမျိုးခိုင် ရဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ ဖခင်ဖြစ်သူရဲ့ ကျန်ရှိနေတဲ့ ရုပ်ကလာဘ်ကို သြဂုတ်လ(၂၅)ရက်နေ့က မီးသဂြိႋုလ် ခဲ့တယ်လို့ လဲသိရပါတယ်။

ifdsivfbidjfidod 5

ဖခင်တစ်ယောက်ဆုံးဆုံးရတဲ့ အခါ အရမ်းကိုပူလောင်တဲ့ခံစားချက်မျိုးကို ခံစားရတာကြောင့် မမျိုးမျိုးခိုင်နဲ့အတူ ထပ်တူခံစားရပါတယ်။ မမျိုးမျိုးခိုင်ရဲ့ ဖခင်ဖြစ်သူလဲ ကောင်းရာဘုံဘဝကိုရောက်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်။ဖတ်ရှု့ပေးတဲ့ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။ ပရိသတ်ကြီး လဲ ဆုမွန်ကောင်းတောင်းပေးကြပါအုံး ။

Comments are closed.