အောင်လအန်ဆန်း ၊ ဖိုးသော် တို့ ရဲ့ ပွဲစဉ်တွေကို တရားဝင် ကြေငြာလိုက်ပြီ

အောင်လအန်ဆန်း ၊ ဖိုးသော် တို့ ရဲ့ ပွဲစဉ်တွေကို တရားဝင် ကြေငြာလိုက်ပြီ

အမိုက်စားထိုးချက်တွေကြောင့် ချုပ်ကွက်တွေကြောင့် ပွဲစဉ်တွေမှာ အလဲထိုးနိုင်ခဲ့တဲ့ မြန်မာနိုင်ငံဖွားအောင်လအန်ဆန်ဟာ One Champion မှာ ခါးပတ်နှစ်ခုပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ပွဲစဉ်တိုင်းမှာဒိုင်ပွဲရပ်တွေနဲ့ ပြိုင်ဘက်ကိုအလဲထိုးသတ်နိုင်ခဲ့တဲ့ ထိုးချက်တွေကြောင့် ကမ္ဘာ့အသိအမှတ်ပြုခါးပတ်တွေနဲ့ ဆုတွေပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။

လာမယ့်အောင်လရဲ့ပွဲစဉ်ဟာ ထူးခြားတဲ့ပွဲစဉ်ဖြစ်ပြီး ဝိတ်တန်းမတူတဲ့ ဘရန်ဒန်ဗီရာနဲ့ထိုးသတ်ဖို့အတွက်ဝိတ်တင်ပြီးယှဉ်ပြိုင်မှာလည်းဖြစ်ပါတယ်။ အဆိုပါပွဲစဉ်ကြီးကို လာမယ့် အောက်တိုဘာ ၁၃ ရက်နေ့မှာဂျပန်နိုင်ငံ တိုကျိုမြို့မှာ ထိုးသတ်မှာဖြစ်ပြီး ပွဲစဉ်အမည်ကတော့ One Century လို့အမည်ပေးထားပါတယ်။

aungpho6399 2

အဆိုပါနေ့မှာပဲ ဖိုးသော်ဟာ ကိုရီးယားနိုင်ငံသား ယွန်ချန်မင်နဲ့လည်း ထိုးသတ်သွားမှာဖြစ်ပါတယ်။

ဝိတ်တန်းမတူ အရပ်အမောင်းမတူတဲ့လူနှစ်ယောက် ထိုးသတ်ကြမှာဖြစ်ပြီး နှစ်ဦးစလုံးဟာ ကမ္ဘာ့ချန်ပီယံဆုတွေရရှိထားတဲ့သူတွေဖြစ်လို့ အမိုက်စားထိုးချက်တွေနဲ့ တွေ့ရမှာပဲဖြစ်ပါတယ်။

aungpho6399 3

ပွဲစဉ်တိုင်းမှာ ဒိုင်ပွဲရပ်တွေနဲ့ အလဲထိုးနိုင်ခဲ့တဲ့ အောင်လအန်ဆန် ဒီတစ်ခါမှာလည်း ဗီရာကို အလဲထိုးသတ်ပြီးအနိုင်ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Comments are closed.