ဒေသ(၂)လှိုင် က ဘူးသီးကြော်ဆိုင်မှာ ဒီချာတိတ်မလေးနဲ့ စတွေ့ခဲ့တာပါဆိုတဲ့ ဦးကျော်သူ

ဒေသ(၂)လှိုင် က ဘူးသီးကြော်ဆိုင်မှာ ဒီချာတိတ်မလေးနဲ့ စတွေ့ခဲ့တာပါဆိုတဲ့ ဦးကျော်သူ

တစ်ချိန်က အနုပညာအလုပ်တွေနဲ့ ပရိသတ်တွေကြားမှာ အရမ်းကို အောင်မြင်ခဲ့တဲ့ ဦးကျော်သူဟာ အကယ်ဒမီတွေလဲ ရရှိခဲ့သူပါ။ အဲ့ဒီနောက် အနုပညာအလုပ်တွေထက် ပရဟိတအလုပ်ကို ဇောက်ချလုပ်ကိုင်ခဲ့ပြီး ယခုနောက်ပိုင်းမှာတော့ သမိုင်းကြောင်းထဲက ဗဟုသုတရစရာ အကြောင်းအရာတွေကို ဒါရိုက်တာအဖြစ်ရော ကိုယ်တိုင်ပါဝင်ပြီးတော့ပါ သရုပ်ဆောင်နေတာဖြစ်လို့ တစ်ကယ့်ကိုကောင်းတဲ့ ဇာတ်ရုပ်တွေကိုရိုက်ကူးနေတာဖြစ်ပါတယ်။

သူဟာ ပရဟိတလဲလုပ်ရင်း အနုပညာကိုလဲ တိုးတက်အောင်လုပ်ဆောင်နေသူဖြစ်ကာ မိသားစုအတွက်လဲ အချိန်ပေးပြီးပျော်စရာတွေကို ဖန်တီးလေ့ရှိပါတယ်။ သူက ဇနီးဖြစ်သူရွှေဇီးကွက် ကို အရမ်းချစ်ပြီး သူတို့ရဲ့ မင်္ဂလာနှစ်ပတ်နေ့မှာလဲ သူ့ရဲ့ပရဟိတအဖွဲ့သားတွေနဲ့အတူပျော်ရွှင်စွား ဖြတ်သန်းလေ့ ရှိပါတယ်။ သူက တစ်နှစ်တစ်ခါမရိုးနိုင်အောင် မင်္ဂလာနှစပတ်လည်အတွက် အမှတ်တရစာသားလေးတွေ ရေးသားလေ့ရှိပြီး ဒီနေ့မှာတော့ ငယ်ဘဝက ချာတိတ်ပုံလေးတွေနဲ့အတူ စတွေတဲ့ အကြောင်းလေးကို ရေးသားခဲ့ပါတယ် ။

သူရေးခဲ့တာကတော့ ” ဒီ ချာတိတ်လေးနဲ့ ဒီ ချာတိတ်မလေး တို့ ၁၉၈၀ ခန့်က ဒေသ(၂)လှိုင်က ဘူးသီးကြော်ဆိုင်မှာစတွေ့ပြီး ၁၉၈၁ ခုနှစ်မှာ အာဝါဟ ဝိဝါဟပြုခဲ့တာဟာ အခု ၂၀၁၉ ခုနှစ် သြဂုတ်လ(၃၁) ရက်နေ့ ဆိုရင် (၃၈)နှစ်ပြည့်ပြီဗျာ။ ဒါ့ကြောင့် အခုလာမယ့်(၃၁)ရက်နေ့မှာ အစဉ်သဖြင့် မှတ်မှတ်ရရလေးအဖြစ် ဘူးသီးကြော်၊ မုန့်လင်မယား၊ ကော်ဖီ၊ လ္ဘက်ရည် တို့နဲ့ အဟာရဒါနပြုပါမယ်လို့ မိတ်ဆွေများနဲ့ ပရဟိတမောင်မယ်များကို ချစ်ခြင်းများစွာဖြင့် အသိပေးလိုက်ပါရဲ့ဗျာ” ဆိုပြီးရေးသားခဲ့ပါတယ်။

May Phyo(mml)
Source – Kyaw Thu

Credit:momolay

Comments are closed.