ပရီးမီးယားလိဂ်မှာ သူအားပေးတဲ့အသင်းကို မကွယ်ဝှက်တမ်း ပွင့်လင်းစွာပြောခဲ့တဲ့ ဂရစ်ဇ်မန်း

ပရီးမီးယားလိဂ်မှာ သူအားပေးတဲ့အသင်းကို မကွယ်ဝှက်တမ်း ပွင့်လင်းစွာပြောခဲ့တဲ့ ဂရစ်ဇ်မန်း

ပြင်သစ်လက်ရွေးစင်တိုက်စစ်ကစားသမားဂရစ်ဇ်မန်းဟာ အက်သလက်တီကိုအသင်းကနေ ဘာစီလိုနာကို ပြောင်းရွှေ့ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။ ဂရစ်ဇ်မန်းဟာ လက်ရှိအချိန်မှာ ဘာစီလိုနာအသင်းနဲ့ ရာသီကြိုခြေစမ်းပွဲစဉ်တွေမှာ ပါဝင်ကစားနေပြီပဲဖြစ်ပါတယ်။ အင်တာဗျူးတစ်ခုမှာတော့ ဂရစ်ဇ်မန်းက ပရီးမီးယားလိဂ်မှာ သူအားပေးတဲ့အသင်းကို ထုတ်ဖော်ပြောကြးသွားခဲ့တာပဲဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဟာ ကမ္ဘာပေါ်မှာ ပရိသတ်စိတ်အဝင်စားဆုံးလိဂ်တစ်ခုဖြစ်ပြီး ပရိသတ်တွေသာမက နာမည်ကျော်ဘောလုံးသမားများစွာကလည်း ပရီးမီးယားလိဂ်ကို စိတ်ဝင်တစားစောင့်ကြည်လေ့ရှိပါတယ်။

အဲဒီအထဲမှာ ဂရစ်ဇ်မန်းဟာလည်း တစ်ယောက်အပါအဝင်ဖြစ်ပြီး သူ့ဟာ လီဗာပူးအသင်းပရိသတ်ဖြစ်ကြောင်းကို ဂရစ်ဇ်မန်းက ဝန်ခံပြောကြားသွားခဲ့တာပါ။ ပရိသတ်တွေကြောင့် လီဗာပူးအသင်းကို အားပေးတာလို့ ဂရစ်ဇ်မန်းက ဆိုခဲ့ပြီး လီဗာပူးတို့ ပရီးမီးယားလိဂ်ဖလားရဖို့ကလည်း မျှော်မှန်းလျက်ရှိနေပါတယ်။

“သူတို့ရဲ့ပရိသတ်တွေကြောင့် ကျွန်တော့်အနေနဲ့ လီဗာပူးကို အားပေးတာပါ။ သူတို့အနေနဲ့ ပရီးမီးယားလိဂ်ဖလားကို ပြန်ရဖို့ ကျွန်တော်မျှော်လင့်မိပါတယ်”လို့ ဂရစ်ဇ်မန်းက အင်တာဗျူးတစ်ခုမှာ ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

လီဗာပူးဟာ ပြီးခဲ့တဲ့ရာသီမှာ ဘာစီလိုနာကို အံ့အားသင့်ဖွယ်အနေအထားနဲ့ ကျော်ဖြတ်ပြီး ချန်ပီယံလိဂ်ဖလားကို (၆) ကြိမ်မြောက်အဖြစ် ရယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဂရစ်ဇ်မန်းရဲ့ ဝန်ခံစကားဟာ ဘာစီလိုနာပရိသတ်တွေအတွက်တော့ စိတ်အနှောင့်အယှက်ဖြစ်မိစေမှာပါ။

Ref: Sportbible

Oz11(မိုမိုလေး)

Comments are closed.