မတော်တဆထိခိုက်မှုကြောင့် ပြင်းထန်တဲ့ဝေဒနာခံစားခဲ့ရတဲ့ အနုပညာရှင်များ

မတော်တဆထိခိုက်မှုကြောင့် ပြင်းထန်တဲ့ဝေဒနာခံစားခဲ့ရတဲ့ အနုပညာရှင်များ

အနုပညာရှင်တစ်ယောက်ဖြစ်လာဖို့ဆိုတာ တကယ်ကိုမလွယ်ကူပါဘူး။မတော်တဆမှုတစ်ခုကြောင့် ထိခိုက်ဒဏ်ရာတွေရလာခဲ့ရင် အနုပညာရှင်တစ်ယောက်အနေနဲ့ဆက်လက်ရပ်တည်ဖို့တောင် ပိုမိုခက်ခဲသွားနိုင်တာပဲဖြစ်ပါတယ်။ဒီလိုမတော်တဆမှုတွေကြောင့် ပြင်းထန်တဲ့ဝေဒနာကိုခံစားခဲ့ရပြီး အသက်ဘေးကသီသီလေးလွတ်မြောက်ခဲ့ရတဲ့အနုပညာရှင်တချို့ကိုဖော်ပြပေးလိုက်ရပါတယ်နော်။

Lee Minho

မင်းသား Lee Minho ဟာဆိုရင် ၂၀၀၆ ခုနှစ်တုန်းက မင်းသား Jung Il Woo နဲ့အတူ ကားအက်စီးဒင့်အကြီးစားဖြစ်ခဲ့ပြီး ကားမောင်းသူနဲ့အခြားခရီးသည်တစ်ဦးသေဆုံးခဲ့တဲ့ထိကိုဖြစ်ခဲ့ရတာပါ။Lee Minho အနေနဲ့လည်း ဆေးရုံမှာလပေါင်းများစွာတက်ရောက်ကုသခဲ့ရပါတယ်။ပေါင်နဲ့ခြေကျင်းဝတ်အရိုးတွေအဓိကထိခိုက်ခဲ့တာဖြစ်ပြီး ပေါင်ထဲကို ၄၆ စင်တီမီတာရှိသတ္တုချောင်းထည့်ပြီးကုသခဲ့ရတာပဲဖြစ်ပါတယ်။များပြားလွန်းတဲ့အလုပ်နဲ့အချိန်ဇယားတွေကြောင့် သေချာအရှင်းသက်သာအောင်မကုသခဲ့ရတဲ့ Lee Minho ကတော့ ယနေ့ချိန်ထိဒီဒဏ်ရာရဲ့အကျိူးဆက်ကို တခါတလေခံစားနေရတုန်းပါပဲတဲ့။

Jung Il Woo

Lee Minho နဲ့အတူကားအက်စီးဒင့်ဖြစ်ခဲ့ရတဲ့ မင်းသား Jung Il Woo ဟာဆိုရင်တော့ Lee Minho ထက်တောင် ပိုဆိုးရွားတဲ့ဝေဒနာကိုခံစားခဲ့ရတာပဲဖြစ်ပါတယ်။ဦးနှောက်အမြှေးရောင်ရောဂါ၊Amnesia ရောဂါတို့ကိုပါခံစားရတဲ့ထိ ပြင်းထန်ခဲ့တာပါ။လက်ကောက်ဝတ်နဲ့တင်ပါးဆုံရိုးလည်းကျိုးခဲ့ပြီး လပေါင်းများစွာဆေးရုံမှာကုသမှုခံယူခဲ့တာတောင် အရှင်းမသက်သာခဲ့ပါဘူး။

Kim Jongkook

သန်မာပြီးခွန်အားအပြည့်နဲ့လို့ပရိသတ်အများစုသိထားတဲ့ Running Man အဖွဲ့ဝင် Kim Jongkook ဟာလည်း ငယ်စဉ်ကခြေထောက်ကျိုးခဲ့ရာမှအစပြုပြီး နောက်ကျောဘက်မှာဒဏ်ရာခံစားခဲ့ရတာပဲဖြစ်ပါတယ်။ ဒီဒဏ်ရာသက်သာအောင် Jongkook ဟာအားကစားစတင်လိုက်စားခဲ့တာဖြစ်ပေမယ့် မသက်သာတဲ့အပြင် နောက်ပိုင်းမှာခြေထောက်နဲ့တင်ပါးဆုံရိုးပိုင်းမှာပါ ဝေဒနာခံစားလာရတာပဲဖြစ်ပါတယ်။ များစွာသောခွဲစိတ်ကုသမှုတွေပြုလုပ်ထားပေမယ့် Jongkook ဟာလက်ရှိထိဒီဝေဒနာကိုခံစားနေရဆဲပဲဖြစ်ပါတယ်။

Heechul

Super Junior အဖွဲ့ဝင် Heechul ဟာဆိုရင်လည်း လွန်ခဲ့တဲ့ ၁၃ နှစ်တုန်းက ကားအက်စီးဒင့်တစ်ခုနဲ့ကြုံတွေခဲ့ရပြီး ဘယ်ဘက်ခြေထောက်ကိုဆိုးရွားစွာထိခိုက်ခဲ့တာပဲဖြစ်ပါတယ်။ဒီဒဏ်ရာကြောင့် Heechul ဟာအခုထက်ထိ အကပိုင်းဆိုင်ရာမှာအခက်အခဲနဲ့ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

Kyuhyun

အဖွဲ့ဝင် Heechul အက်စီးဒင့်ဖြစ်ပြီးတစ်နှစ်အကြာ ၂၀၀၇ မှာပဲ Super Junior အဖွဲ့ဟာနောက်ထပ် ကားအက်စီးဒင့်တစ်ခုနဲ့ကြုံခဲ့ရပါသေးတယ်။ဒီအက်စီးဒင့်မှာအများဆုံးထိခိုက်ခဲ့တာကတော့ အဖွဲ့ဝင် Kyuhyun ပဲဖြစ်ပြီး Coma အခြေအနေနဲ့ လေးရက်ခန့်မေ့မြောနေခဲ့တာဖြစ်လို့ အသက်ရှင်ဖို့ရာခိုင်နှုန်း ၂၀ သာကျန်ရှိကြောင်း ဆရာဝန်တွေကပါပြောခဲ့တာပဲဖြစ်ပါတယ်။ အပေါ်ပိုင်းခန္ဓာကိုယ် အပြင်းအထန်ထိခိုက်ခဲ့ရုံသာမက နံရိုးတွေပါကျိုးခဲ့တဲ့ Kyuhyun ဟာတော့ ICU အခန်းတွင်း ၆ ရက်နေခဲ့ရပြီး တစ်လနီးပါးလုံးလမ်းမလျှောက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဒါ့အပြင် Kyuhyun ဟာ Super Junior အဖွဲ့နဲ့လှုပ်ရှားမှူတွေက ၄ ၅ လရပ်နားခဲ့ရပါသေးတယ်။

winkie
Ref:koreaboo

Comments are closed.