အပြစ်အနာအဆာမရှိ လှပပြည့်စုံလွန်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ ဝတ်မှုံရွှေရည်

အပြစ်အနာအဆာမရှိ လှပပြည့်စုံလွန်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ ဝတ်မှုံရွှေရည်

ပရိသတ်အချစ်တော် မင်းသမီးချောလေး ဝတ်မှုံရွှေရည်က သူမရဲ့ အနုပညာသက်တမ်းတစ်လျှောက် အောင်မြင်မှုတွေများစွာကို ရရှိခဲ့သူတစ်ဦးဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က အခုချိန်ထိလဲ မြန်မာနိုင်ငံရဲ့ အအောင်မြင်ဆုံး မင်းသမီးတစ်ဦးအဖြစ် ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ ၁၉ နှစ်အရွယ်တည်းကနေ အခုချိန်ထိ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်လာပြီး အိမ်ထောင်မပြုသေးပဲ ချစ်ရတဲ့ မိသားစုတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေထိုင်လျက်ရှိပါတယ်။

ကြည်လည်တောက်ပတဲ့ အသားအရည်နဲ့ အပြစ်ဆိုစရာမရှိတဲ့ သဘာဝအလှကို ပိုင်ဆိုင်ထားတဲ့ ဝတ်မှုံရွှေရည်က ဒီနေ့မှာတော့ သူမရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးထားတာပဲ ဖြစ်ပါတယ်။

ထိုပုံလေးတွေမှာ ဝတ်မှုံရွှေရည်ရဲ့ အနီးကပ်ပုံတွေကို တွေ့မြင်ရပြီး အလှကြီး လှနေတာကို တွေ့ရပါတယ်။ အပြစ်ဆိုရက်စရာမရှိတဲ့ အလှလေးကလည်း မြင်လိုက်တာနဲ့ ထင်းကနဲ ဖြစ်နေပါတယ်။

ထိုပုံထဲက ဝတ်မှုံရွှေရည်က သူမရဲ့ ပင်ကိုယ်လှပြီးသား သဘာဝမျက်နှာလေးနဲ့ ချစ်စရာကောင်းနေတာကို တွေ့ရပါတယ်။ ခွဲစိတ်ပြုပြင်ထားခြင်းမရှိတဲ့ ဝတ်မှုံရွှေရည်ရဲ့ သဘာဝအလှကတော့ ပရိသတ်တွေကြားမှာ သဘောကျချင်စရာပဲ ဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်ကတောလ ဘယ်အချိန်ကြည့်ကြည့်ကို လှနေတာပဲနော်။ ပရိသတ်ကြီးလည်း ဝတ်မှုံရွှေရည်ရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Wutt Hmone Shwe Yi’s fb & Stella Collection

Comments are closed.