Song Hye Kyo နဲ့ ကွာရှင်းပြီးနောက် Song Joong Ki ရဲ့ လတ်တလောအခြေအနေ

Song Hye Kyo နဲ့ ကွာရှင်းပြီးနောက် Song Joong Ki ရဲ့ လတ်တလောအခြေအနေ

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော်အနုပညာရှင်စုံတွဲတစ်တွဲဖြစ်ခဲ့တဲ့ Song Joong Ki နဲ့ Song Hye Kyo တို့ ၂ ဦးဟာ အခုဆိုရင် ကွာရှင်းပြတ်စဲကြမယ်လို့ တရားဝင်ကြေညာခဲ့တာ အခုဆိုရင် ၂ လပတ်ဝန်းကျင်ခန့်ရှိနေပါပြီ။ ကွာရှင်းကြောင်းလျှောက်ထားလိုက်ပြီဆိုတာကို Song Joong Ki ဘက်က ဇွန်လ ၂၇ ရက်နေ့မှာစတင်ကြေညာာခဲ့ပြီး အဲဒီနောက်မှာတော့ Song Hye Kyo ဘက်ကလည်း ကွာရှင်းမယ်ဆိုတာဟာ သေချာသွားပြီဖြစ်ကြောင်းကို အတည်ပြုကြေညာပေးခဲ့ပါတယ်။

ဒီလိုမျိုးကြေညာပြီးနောက်မှာတော့ တစ်လအတွင်းကွာရှင်းဖို့အတွက်ကို လုပ်ရိုးလုပ်စဉ်တွေအတိုင်း ဆောင်ရွက်ခဲ့ပြီး အဲဒီနောက်မှာတော့ Song Joong Ki က သူ့အနေနဲ့ ပွဲအခမ်းအနားတတ်တာမျိုးတွေ၊ အများပြည်သူရှေ့ထွက်တာမျိုးတွေကို ခေတ္တရပ်နားမယ်ကာ ဇာတ်ကားရိုက်ကူးရေးကိုပဲဆက်လက်လုပ်ဆောင်မယ်လို့ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။

Song Hye Kyo ကတော့ ခင်ပွန်းဟောင်းဖြစ်သူနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့အနုပညာလှုပ်ရှားမှုတွေကို ပုံမှန်အတိုင်းဆက်လက်ဆောင်ရွက်ခဲ့ပါတယ်။ လက်ခံထားပြီးဖြစ်တဲ့ ပွဲအခမ်းအနားတွေကို တက်ရောက်ပေးခဲ့ပြီး အဲဒီနောက်မှာတော့ သူမအနေနဲ့ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းအထိ ဇာတ်ကားရိုက်ကူးမှုတွေကို ရပ်နားကာ လူရောစိတ်ပါ အနားယူမယ်လို့ ကြေညာခဲ့ပါတယ်။

ဒါကြောင့် ပရိသတ်တွေအနေနဲ့ Song Hye Kyo ကို မကြာခဏဆိုသလိုမြင်တွေ့ခဲ့ရပေမယ့် Song Joong Ki ကိုတော့ မြင်တွေ့ခွင့်မရခဲ့ပါဘူး။ ဒါပေမယ့် အခုတစ်ခါမှာတော့ Song Joong Ki တစ်ယောက် ကွာရှင်းပြီးနောက်ပိုင်းမှာ ဘယ်လိုမျိုးဖြတ်သန်းနေသလဲဆိုတာကို အွန်လိုင်းမှာပျံ့နှံ့နေတဲ့ ပုံရိပ်တွေကနေတဆင့် တွေ့မြင်ခွင့်ရခဲ့ပါတယ်။

မိတ်ဆွေ၊ သူငယ်ချင်းအချို့နဲ့ ဘီယာတွေ၊ ဆိုဂျူတွေ၊ အကင်တွေစားသောက်နေတဲ့ Song Joong Ki ရဲ့ ပုံရိပ်တွေဟာ သူ့ရဲ့ ကျန်းမာရေးကို စိတ်ပူနေကြတဲ့ပရိသတ်တွေအတွက် စိတ်အေးစရာဖြစ်ခဲ့ပါတယ်။ အဖြူတီရှပ်ဝတ်ဆင်ထားပြီး ဦးထုပ်အစိမ်းရောင်ဆောင်းထားတဲ့ Song Joong Ki ရဲ့ ပုံတွေကိုကြည့်လိုက်မယ်ဆိုရင် အသက် ၂၀ ကျော်လူငယ်လေးတစ်ယောက်လို့ပဲ ထင်မှားစရာကောင်းနေတာကို တွေ့ရပါတယ်။

Song Joong Ki နဲ့ Song Hye Kyo တို့ ၂ ယောက်ဟာ ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့မှာ လက်ထပ်မင်္ဂလာပွဲပြုလုပ်ခဲ့ကြတာဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့မှာတော့ တရားဝင်ကွာရှင်းပြတ်စဲခဲ့ကြတာ ဖြစ်ပါတယ်။

Ref : Koreaboo
Mia (Momolay)

Comments are closed.