ပရိသတ်တွေကို အံ့အားသင့်စေခဲ့တဲ့ သင်ဇာဝင့်ကျော်ရဲ့ အကြမ်းစားပုံရိပ်

ပရိသတ်တွေကို အံ့အားသင့်စေခဲ့တဲ့ သင်ဇာဝင့်ကျော်ရဲ့ အကြမ်းစားပုံရိပ်

င်ငံကျော်မင်းသမီးချောလေး သင်ဇာဝင့်ကျော်က အနုပညာလောကထဲကို စတင်ဝင်ရောက်လာချိန်ကစပြီး ယနေ့အချိန်ထိ အောင်မြင်မှုတွေ ရရှိနေသူတစ်ဦး ဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်ရဲ့ အပြစ်ဆိုစရာမရှိတဲ့ မျက်နှာလေးနဲ့ စွဲဆောင်မှုရှိတဲ့ ကောက်ကြောင်းအလှက ပရိသတ်တွေရဲ့ ရင်ခုန်မှုကို မြန်ဆန်စေတာပဲ ဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်က လက်ရှိမှာ အားပေးသူပရိသတ် အများအပြား ပိုင်ဆိုင်ထားတဲ့ မင်းသမီးလေးတစ်လက်ပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ သင်ဇာဝင့်ကျော်က သူမရဲ့ အလှဓာတ်ပုံလေးတစ်ပုံကို ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် မျှဝေပေးထားတာကို တွေ့ရပါတယ်။ ထိုပုံက သင်ဇာဝင့်ကျော်ရဲ့ အတွင်းသားကောက်ကြောင်းတွေကို မြင်နေရတာမို့ ပရိသတ်တွေက တော်တော်လေး အံသြနေကြတာပဲ ဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်က အများနဲ့မတူတဲ့ ဖက်ရှင်တွေကို စိတ်ဝင်စားတတ်တာမို့ သူမရဲ့ ဝတ်ပုံစားပုံတွေက အများနဲ့မတူပဲ တစ်မူကွဲထွက်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူမရဲ့ ဝတ်ပုံစားပုံတွေကို အမြဲတမ်း စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေရတာ ဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်က လက်ရှိမှာတော့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေပြီး လာမယ့် (၁၀) လပိုင်းမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားမှာ ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

သင်ဇာသင့်ကျော်ရဲ့ ဖက်ရှင်တွေကတော့ တစ်နေ့တစ်မျိုး မရိုးရအောင် ပရိသတ်တွေကို ဖမ်းစားထားတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အခုမျှဝေခဲ့တဲ့ သင်ဇာဝင့်ကျော်ရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးတင်ပါတယ်။

Rowena
Source: Thinzar Wint Kyaw’s fb
Photo: Aung Kyaw Tun

Comments are closed.