
အကြောင်းမရှိ အကြောင်းရှာပြီး အပြစ်တင်ခံနေရတဲ့ BLACKPINK အဖွဲ့ဝင် Lisa

အခုလတ်တလောမှာလည်း အဖွဲ့ဝင်တစ်ယောက်ဖြစ်သူ Lisa ဟာဆိုရင် တချို့သော ကိုရီးယားလူမျိုးတွေရဲ့ အကြောင်းမရှိ အကြောင်းရှာပြီး ပြစ်တင်ဝေဖန်ခံနေရပါတယ်။ ပြစ်တင်ဝေဖန်ခံရတဲ့အကြောင်းအရင်းကတော့ ဒီလိုပါ။

Lisa ဟာ အင်စတာဂရမ်မှာ Follower အများဆုံးသော K-pop အနုပညာရှင်တစ်ယောက်ဖြစ်ယုံသာမကပဲ YouTube မှာရှိတဲ့ သူမရဲ့“Lilifilm Official” ဆိုတဲ့ Channel ဟာဆိုရင်လည်း subscriber (၁.၆) သန်းရှိပါတယ်။ အခုတစ်ခါမှာတော့ Lisa အနေနဲ့ ပြစ်တင်ခံရမှုဟာ ထို YouTube Channel မှာတင်တဲ့ ဗီဒီယိုတွေကနေ အစပြုတာပဲဖြစ်ပါတယ်။

ထိုဗီဒီယိုတွေရဲ့ နောက်ခံမှာ ပါဝင်တဲ့လူတွေရဲ့ မျက်နှာကို မကွယ်ဝှက်ထားတာနဲ့ ပတ်သတ်ကာ Lisa ဟာ လတ်တလောမှာပြစ်တင်ခံနေရတာဖြစ်ပြီး လူအများစုကတော့ ဒီလိုမျိုးတခြားသူတွေရဲ့ မျက်နှာတွေကို ဖုံးကွယ်ထားပေးခြင်းမရှိတာက တစ်ပါးသူရဲ့ ကိုယ်ရေးကိုယ်တာကို ထိခိုက်ခြင်းဖြစ်တယ်လို့ ဆိုထားကြပါတယ်။

တချို့တွေကတော့ ဒီဗီဒီယိုတွေဟာ သူမကိုယ်တိုင်တည်းဖြတ်တာမဟုတ်တဲ့အတွက် သူမကို တိုက်ရိုက်အပြစ်တင်လို့မရကြောင်း၊ သူမရဲ့ ကုမ္ပဏီကိုသာပြောရမှာဖြစ်တယ်လို့ ဆိုထားကြပါတယ်။ ဒါ့အပြင် တချို့တွေကလည်း ဒီလိုမျိုးဗီဒီယိုတွေမှာပါဝင်တဲ့ နောက်ခံကလူတွေရဲ့မျက်နှာကို ဝါးခြင်းမပြုပဲ တင်တဲ့အနုပညာရှင်တွေဆိုတာက သူမတစ်ယောက်တည်းမဟုတ်ပဲ တခြားသူတွေလည်းရှိကြောင်းဆိုပြီး Lisa ဘက်ကနေ ကာကွယ်ပြောဆိုပေးထားကြပါတယ်။

ဒါပေမယ့်လည်း အကြောင်းမရှိ၊ အကြောင်းရှာပြီး အပြစ်တင်ဝေဖန်ချင်သူတွေကတော့ ဒီလိုမျိုး ဗီဒီယိုတွေရဲ့ နောက်ခံမှာပါဝင်တဲ့သူတွေဟာ တစ်က္ကန့်မျှပါဝင်တာမဟုတ်ပဲ အချိန်အတော်ကြာပါဝင်တဲ့အတွက် သူတို့တွေရဲ့မျက်နှာကို ဖုံးကွယ်ပေးရမှာက မပြောပဲနဲ့သိရမယ့် ယဉ်ကျေးမှုတစ်ခုဖြစ်ကြောင်း၊ တခြားသော YouTuber တွေဆိုရင် ထိုကဲ့သို့ပါဝင်တဲ့သူတွေရဲ့မျက်နှာကို ဖုံးကွယ်ပေးထားကြကြောင်း စသဖြင့်ပြောထားတာကို တွေ့ရပါတယ်။
Lisa အနေနဲ့ အပြစ်တင်ဝေဖန်ခံနေရတဲ့ ဗီဒီယို
Lisa အနေနဲ့ အပြစ်တင်ဝေဖန်ခံနေရတဲ့ ဗီဒီယို

သင်တို့အနေနဲ့ Lisa တစ်ယောက် အပြစ်တင်ဝေဖန်ခံနေရတာနဲ့ ပတ်သတ်ပြီး ဘယ်လိုမျိုးများ ထင်မြင်မိပါသလဲ။
Ref : Koreaboo
Mia (Momolay)