ကလေးလေးတွေထပ်ယူချင်သေးတယ်ဆိုတဲ့ Rဇာနည်

ကလေးလေးတွေထပ်ယူချင်သေးတယ်ဆိုတဲ့ Rဇာနည်

Acid စတင်ခြင်းဆိုတဲ့ မြန်မာနိုင်ငံ Hip Hop ဂီတရေစီးကြောင်းရဲ့ အစောဆုံး သီချင်းခွေထဲမှာ အသံပါဝါကောင်းကောင်းနဲ့ Featuring သီဆိုခဲ့ပြီး ပရိသတ်တွေစိတ်ဝင်စားခံခဲ့ရကာ အခုချိန်မှာတော့ တေးသီချင်းမြောက်မြားစွာကို သီဆိုပြီး အောင်မြင်နေတဲ့ အဆိုတော်Rဇာနည်ကို တော့ ကျနော်တို့မိတ်ဆွေတွေကို အထူးတလည် မိတ်ဆက်ပေးနေဖို့လိုမယ်မထင်ပါဘူး ။ အခု သူပေါ်ပြူလာ ဂျာနယ်နဲ့ အင်တာဗျူးမှာ ပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ ပရိသတ်တွေသိအောင် ပြောပြပေးလိုက်ပါတယ် ခင်ဗျာ ။

Rဇာနည်က ပေါ်ပြူလာ ဂျာနယ်နဲ့ အင်တာဗျူးမှာ သားနှစ်ယောက်နဲ့ ပတ်သက်ပြီး “ အင်းပေါ့လ့ ကိုယ်က သူတို့နှစ်ယောက် အတွက်ပဲ ပိုပြီးတော့ ကျန်းမာအောင် နေနေတယ် ။ သူတို့နှစ်ယောက်အတွက်ပဲ ကိုယ့်အချိန်တွေက ဖြစ်လာတယ်လို့ ပြောရမှာပေါ့ ။ ကျနော်ထင်တာတော့ အကုန်တူနေတယ် ။ မတူတဲ့အကျင့်သိပ်မရှိဘူး ဒါပေမယ့် အငယ်လေးအခုချိန်မှာ အစားကြေး(ဂျီး)မများဘူး ဖစ်ဖစ်က ငယ်ငယ်လေးကတည်းက အစားကြေးများတယ် ။ အငယ်လေးက အသီးနှံတွေ အသီးရွက်တွေလည်း စားတယ် ။ ဖစ်ဖစ်က အခုထက်ထိကို အသီးနှံတွေ အသီးရွက်တွေ သိပ်မစားဘူး ။အတင်းကျွေးရတယ် ။

သူကသိသွားပြီ အခုဆယ်နှစ်လေ အကြီးလေးက ။ သူက မိဘတွေက ဘာကိုဖြစ်စေချင်လည်းဆိုတာကို သူကနားလည်နေပြီဆိုတော့ သူ့ညီလေးကိုလည်း အရမ်းညှာတယ်ပေါ့နော် ။ ကိုယ်ကတော့ အရမ်းဝမ်းသာတာပေါ့နော် ။ကိုယ်လက်ရှိဒီအခြေအနေလေး ရောက်နေတာကို အရမ်းကို ဝမ်းသာပီတိဖြစ်နေရတယ်။ ဒီမိသားစုနဲ့ ဒီလိုနေနေရတာကို ။ ကလေးကို အရွယ်တစ်ခုလောက်ထိပဲ ခြားချင်တယ်လေ ဥပမာ အရမ်းကွာသွားတာမျိုး ဖြစ်နေမှာကြောက်လို့ ။ ကိုယ်တို့ အသက် ငါးဆယ်လောက်နဲ့ ကလေးက မွေးလခါစလေးကိုတော့ အကိုတို့ ယူဖြစ်မှာမဟုတ်ဘူး ။

ယူရင်တော့ ဒီအတောအတွင်းယူချင်တယ် ။ မဝမ်းက မယူဘူးတဲ့ (ရယ်လျက်) ။ အခုကတော့ သူများတွေကပြောကြတယ် ဘာလေးလိုချင်တယ်တော့ မပြောရဘူးတဲ့ ဘာလေးရရဆိုတဲ့ စိတ်နဲ့နေတဲ့ အကိုကတော့ သားလေးနှစ်ယောက်ရှိထားပြီးသားဆိုတော့ သမီးလေးရရင်တော့ ပိုကောင်းတာပေါ့။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် သားလေးပဲ ထပ်မွေးလာလဲ ကျေနပ်ရမှာပဲ ။”ဆိုပြီးပြောပြသွားခဲ့ပါတယ် ။

CRD-ပြောချင်လွန်း

Comments are closed.