စကားတတ်လွန်းတဲ့ သမီးလေးကို အိမ်မှာဈေးလာရောင်းပါလို့ တောင်းဆိုလိုက်တဲ့ စမိုင်းလ်

စကားတတ်လွန်းတဲ့ သမီးလေးကို အိမ်မှာဈေးလာရောင်းပါလို့ တောင်းဆိုလိုက်တဲ့ စမိုင်းလ်

ဆယ်ကျော်သက်အရွယ်က မော်ဒယ်လောကမှာကတည်းက အောင်မြင်မှုတွေ ရရှိခဲ့တဲ့ သရုပ်ဆောင် စမိုင်းလ်က အရွယ်တစ်ခုရောက်လာတဲ့အခါ အနုပညာလုပ်ငန်းတွေထက် စီးပွားရေးလုပ်ငန်းတွေကိုသာ လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ စမိုင်းလ်က အလိုလိုက် ဂရုစိုက်လွန်းတဲ့ ခင်ပွန်း၊ ချစ်စရာကောင်းပြီး လိမ္မာတဲ့ သမီးနှစ်ယောက်နဲ့အတူတူ အချိန်တွေကို ပျော်ရွှင်စွာ ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။

လူလေးလှသလို စိတ်ထားလေးကောင်းတဲ့ စမိုင်းလ်က ပျော်ပျော်နေတတ်ပြီး လွတ်လွတ်လပ်လပ် နေတတ်သူ တစ်ဦးပါ။ စကားပြောရာမှာလည်း လွတ်လပ်ပေါ့ပါးတဲ့ စမိုင်းလ်ကို ပရိသတ်တွေကလည်း ချစ်ခင်အားပေးကြတာကို တွေ့ရပါတယ်။

ဒီနေ့မှာတော့ စမိုင်းလ်က အွန်လိုင်းမှာ နာမည်ကြီးနေတဲ့ ဈေးရောင်းတမ်းဆော့တဲ့ ကလေးမလေးကို သူမရဲ့ အိမ်မှာ ခေါ်ထားခြင်ကြောင်း ပြောပြလာပါတယ်။ “ကျမ ကျမနဲ့ပြောတဲ့ကလေးလေးဈေးရောင်းတဲ့ကလေးလေး တီတီအိမ်မှာလာရောင်းပါအများကြီးစားမယ်လို့ ချစ်တာ” ဆိုပြီး ပြောထားပါတယ်။

ထိုကလေးလေးနာမည်က လင်းလက်မြင့်မိုရ်ဦး (ခ) ကိကိ လို့ အမည်ရပြီး လတ်တလော ဖေ့စ်ဘုတ်စာမျက်မှာမှာ မိခင်ဖြစ်သူနဲ့ ဈေးရောင်းတဲ့ ဗီဒီယိုလေးတွေကြောင့် လူသိများလာတဲ့ ကလေးမလေးပဲ ဖြစ်ပါတယ်။ စကားတတ်လွန်းတဲ့ ထိုကလေးလေးကို ပရိသတ်တွေသာမက အနုပညာရှင်တွေကပါ သဘောကျနေရတာပဲ ဖြစ်ပါတယ်။

စမိုင်းလ်ကတော့ ကလေးတွေဆိုရင် အပြစ်ကင်းလွန်းလို့ အရမ်းကို ချစ်ပါတယ်တဲ့။ ပရိသတ်ကြီးလည်း စမိုင်းလ်လိုပဲ သမီးလေး ကိကိကို မချစ်ပဲ မနေနိုင်လောက်ဘူး ထင်ပါတယ်နော်။

credit – momolay

Comments are closed.