လှနုထွန်းက သူ့အတွက် ဝိုင်လိုပဲ၊ နှစ်ချို့လာလေ တန်ဖိုးရှိလေ ဆိုတဲ့ လှနုထွန်းခင်ပွန် ကိုဖြိုးပိုင်

လှနုထွန်းက သူ့အတွက် ဝိုင်လိုပဲ၊ နှစ်ချို့လာလေ တန်ဖိုးရှိလေ ဆိုတဲ့ လှနုထွန်းခင်ပွန် ကိုဖြိုးပိုင်

မြန်မာအမျိုးသမီးထုကြီးကို အမြင်ကျယ်လာအောင် သူမသိတဲ့ ဗဟုသုတလေးတွေကို ဝေမျှရင်း အောင်မြင်မှုတွေရရှိလာတဲ့ National Director အလှမယ် လှနုထွန်းကတော့ သူမကိုယ်တိုင်လည်း ခင်ပွန်းသည်အပေါ် တာဝန်ကျေအောင် နေထိုင်နေသူတစ်ဦးပဲ ဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းရှိတဲ့ စိတ်ဓါတ်ပိုင်ရှင်လေး လှနုထွန်းကတော့ အမုန်းခံရရင်တောင် သူမပြောချင်တဲ့ အကြောင်းအရာကို သေသေချာချာပြောပြတတ်တဲ့သူတစ်ဦးပါပဲနော်။ဒီတစ်ခါမှာတော့ မိုမိုလေးရဲ့ ချစ်ပရိသတ်တွေအတွက် လှနုထွန်းက သူ့အတွက် ဝိုင်လိုပဲ၊ နှစ်ချို့လာလေ တန်ဖိုးရှိလေ..” လို့ ပြောလာတဲ့ လှနုထွန်း ခင်ပွန်းကိုဖြိုးပိုင် အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

လှနုထွန်း ရဲ့ ခင်ပွန်းက ” သူက ကျွန်တော့်အတွက် ဝိုင်လိုပဲ နှစ်ချို့လာလေ တန်ဖိုးရှိလေ ။ ဒါပေမယ့် ကျွန်တော်ကဝိုင်ပဲ သောက်တာ မဟုတ်ဘူး၊CoCa Cola လည်း သောက်ချင်သောက်မယ်၊ ဘီယာလည်း သောက်ချင်သောက်မယ်။ ပြောပြတာသဘောကို ကျွန်တော်က သာမာန် ယောကျာ်းတစ်ယောက်ပါလို့ ။ သူနဲ့ကျွန်တော်က သာမာန်ဇနီးမောင်နှံလိုပဲ ရန်ဖြစ်တာတွေလည်း ရှိတာပေါ့နော်။

သူ Social Media ပေါ်မှာ ရေးတာတွေနဲ့ ပတ်သက်လို့ ကျွန်တော်က ထောက်ခံတယ်။ တစ်ခါတစ်လေကျရင် သူ့မိသားစုတွေက တောင်နားမလည်နိုင်ဘူး မလုပ်နဲ့ မပြောနဲ့ လို့ ပြောပေမယ့် ကျွန်တော်က ဘာ့ကြောင့်လဲ ဆိုတာ မေးတယ် ၊ သူ့ရည်ရွယ်ချက်ကောင်းရင် အမြဲတမ်းသူ့ကို ထောက်ခံနေမှာ အားပေးနေမှာ။

သူ့ကို ဝေဖန်တဲ့ သူတွေကိုတော့ ” သူနဲ့ ကျွန်တော် နဲ့ က အနှစ် ၂၀ကျော် လောက်အတူနေလာတာ ဆိုတော့ သူဘာကို ဆိုလိုတယ် ဆိုတာ ကျွန်တော်သိတယ် ၊ သူ့မျက်လုံးကို ကြည့်ခြင်းအားဖြင့် သူဘာကို တွေးနေလဲ ဆိုတာကအစ ကျွန်တော်သိတယ်။ ခုမှသိတဲ့ သူ့ပရိသတ်အသစ်တွေကတော့ အမြင်မတူတာတွေအမြင်စောင်းတာတွေ ရှိမယ် ။ ခုနောက်ပိုင်းတော့ သူ့ကို လက်ခံလာကြတာတွေ့ရတယ်။”

” လှနုက တစ်ခါတလေ သူပြောတာတွေက ရဲတင်းတယ် အင်္ဂလန်မှာ ၃ နှစ်လောက် နေလာတာဆိုတော့ သူစဉ်စားတဲ့ ပုံက မြန်မာ သိပ်မဆန်တော့ဘူး စိတ်ထဲရှိတာ ဒဲ့ပြောတယ်။မြန်မာယဉ်ကျေးမှုနဲ့ဆို နည်းနည်းစောတာပေါ့။ဒါပေမယ့် သူပြောတဲ့ အကြောင်းတွေက ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် လိုအပ်တယ်၊ အမှန်တရားက ဆေးခါးလိုပဲ ခါးတယ် ” ဆိုပြီးဇနီးဖြစ်သူနဲ့ ပတ်သက်လို့ ခုလိုပြောပြခဲ့တာပါ။

လှနုထွန်း ရဲ့ ခင်ပွန်း က ဇနီးနဲ့ ပတ်သက်ပြီးပြောထားတဲ့ အကြောင်းကို ပရိသတ်တွေ သိရလောက်ပြီ ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

credit- momolay

Comments are closed.