စိတ်ပူနေကြတဲ့ ပရိသတ်တွေကို အပြုံးလေးနဲ့ စိတ်အေးစေခဲ့တဲ့ သူရိယ

စိတ်ပူနေကြတဲ့ ပရိသတ်တွေကို အပြုံးလေးနဲ့ စိတ်အေးစေခဲ့တဲ့ သူရိယ

သဘာဝကျတဲ့ ဇာတ်ရုပ်တွေကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်လို့ ပရိသတ်တွေရဲ့ အားပေးနှစ်သက်ခြင်းကို အပြည့်အဝရရှိထားတဲ့ မင်းသားချောလေး သူရိယကတော့ ဝါသနာပါတဲ့ အနုပညာအလုပ်တွေလုပ်နေရရင် ပျော်နေသူတစ်ဦးပါ။ လတ်တလောမှာတော့ သူရိယက အဆင်မပြေတဲ့ အချစ်ရေးအခြေအနေကြောင့် ချစ်သူနဲ့ လမ်းခွဲလိုက်ပြီလို့ ကြေငြာလိုက်တာမို့ ပရိသတ်တွေအားလုံး အံ့အားသင့်နေကြတာပါ။ အချစ်ကြီးသူတစ်ဦးလို့ ပရိသတ်တွေ သိထားကြတဲ့ သူရိယတစ်ယောက် ဘယ်လောက်တောင် ခံစားနေရတယ်ဆိုတာ သူဖြေခဲ့တဲ့အင်တာဗျူးမှာ မျက်ရည်ကျခဲ့တာကိုကြည့်ရင် သိနိုင်ပါတယ်နော်။ ဒီနေ့လေးမှာတော့ သူရိယက ရင်ထဲမှာ ပူနေပေမယ့်လည်း ပရိသတ်တွေကို အပူမပေးချင်တာမို့ အပြုံးလေးတွေဆင်မြန်းထားတဲ့ သူ့ရဲ့ပုံရိပ်တွေကို ဝေမျှပေးထားတာ တွေ့ရပါတယ်။

ချစ်ပရိသတ်တွေအတွက် စိတ်ပူနေကြတဲ့ ပရိသတ်တွေကို အပြုံးတွေနဲ့ စိတ်အေးစေခဲ့တဲ့ သူရိယရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

သူရိယကတော့ “ဘုရားဖူးကြသည်🙏🙏🙏” ဆိုပြီးတော့ သူနဲ့ ပရိသတ်တွေရဲ့ ပျော်ရွှင်စွာ တွေ့ဆုံနေကြတဲ့ပုံတွေကို ဝေမျှပေးထားတာပါနော်။

ဘာသာတရားလည်း ကိုင်းရှိုင်းတဲ့ သူရိယကတော့ မကြာခဏဆိုသလို အလှူအတန်းတွေ လုပ်လေ့ရှိပါတယ်။

လတ်တလောမှာတော့ သူရိယက အချစ်ရေးကို စိတ်မဝင်စားသေးပဲ ပရိသတ်တွေအတွက် အနုပညာအလုပ်တွေ ကြိုးစားလုပ်ပြီး ရှေ့ဆက်နေတယ်လို့ သိရပါတယ်။ သူရိယပါဝင်သရုပ်ဆောင်ထားတဲ့ “အထက်တန်းစား” ရုပ်ရှင်ဇာတ်ကားကြီးကလည်း ရုံတင်ပြသနေပြီပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း သူရိယတစ်ယောက် အစစအရာရာ အဆင်ပြေစေဖို့ ဆုမွန်ကောင်း တောင်းပေးခဲ့ကြပါဦးနော်။

credit -momolay

Comments are closed.