တစ်သားမွေးတစ်သွေးလှနေတဲ့ မြန်မာနိုင်ငံရဲ့ နာမည်ကြီး မင်းသမီး (၃)ဦး “

တစ်သားမွေးတစ်သွေးလှနေတဲ့ မြန်မာနိုင်ငံရဲ့ နာမည်ကြီး မင်းသမီး (၃)ဦး “

အမျိုးသမီးတော်တော်များများဟာ အိမ်ထောင်ပြုပြီး သားသမီးမွေးဖွားပြီးတဲ့အခါ ပင်ကိုယ်အလှအပတွေကို ထိန်းသိမ်းဖို့မေ့လျော့လေ့ရှိကြပါတယ်။ တစ်ချို့ ကတော့ ကိုယ်ခန္ဓာအလှအပပိုင်းကို ဂရုစိုက်နေရင်း ထိန်းသိမ်းရခက်နေတဲ့ သူတွေရှိကြတဲ့အထဲမှာ အနုပညာရှင် အိမ်ထောင်သည်အမျိုးသမီးတွေလည်း အပါအဝင်ပဲ ဖြစ်ပါတယ်။တစ်ချို့သော အနုပညာရှင် အမျိုးသမီးအချို့ကတော့ တစ်သားမွေးတစ်သွေးလှဆိုတဲ့ စကားအတိုင်းပဲ တစ်မင်လုပ်ယူစရာမလိုအောင် အိမ်ထောင်မကျခင် အပျိုတုန်းကထက်ပိုလှလာကာ အပျိုရှုံးရလောက်အောင် ရက်ရက်စက်စက် လှနေသူတွေရှိတဲ့သူတွေထဲကမှ အိန္ဒြာကျော်ဇင်၊ သက်မွန်မြင့် ၊ချစ်သုဝေတို့ အပါအဝင်ပဲ ဖြစ်ပါတယ်။

(၁) အိန္ဒြာကျော်ဇင်

အိန္ဒြာကျော်ဇင်ကတော့ ရုပ်ရှင်သရုပ်ဆောင်လောကမှာ အနုပညာကဝေလို့တောင် တင်စားခေါ်ဝေါ်ခံရတဲ့ ဝါရင့်မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်။ အနုပညာမျိုးရိုးကဆင်းသက်လာသူ တစ်ဦးဖြစ်ပြီး အကယ်ဒမီ ထူးချွန်ဆု နှစ်ဆုကို ပိုင်ဆိုင်ထားတဲ့မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်။ပရိသတ်တွေရဲ့ အချစ်တော်ဒွေးနဲ့လည်း အတွဲညီခဲ့တဲ့ မင်းသမီးတစ်လက်လို့ ဆိုရမှာပါနော်။(၂၀၁၁)ခုနှစ်မှာ ဝါရင့်ရုပ်ရှင်သရုပ်ဆောင်တစ်ဦး ဖြစ်တဲ့ပြေတီဦးနဲ့ လက်ထပ်ထိမ်းမြှားခဲ့တာပဲ ဖြစ်ပါတယ်။သမီးဦးလေးကို ဖွေးဖွားခဲ့ပြီးနောက် အရမ်းလှလာပြီး တစ်သားမွေးတစ်သွေးလှလို့တင်စားနေရင်နဲ့ နောက်ထပ် သားလေးကို မွေးဖွားပြီးနောက် ပိုမိုကာနုပျိုလှပလာမှုကြောင့် အပျိုရှုံးတဲ့ အလှကိုပိုင်ဆိုင်ထားတယ်လို့ ပရိသတ်တွေသာမက အနုပညာရှင် အချင်းချင်းကပါ အားကျရလောက်တဲ့မင်းသမီးတစ်လက်ပါပဲနော်။

(၂) သက်မွန်မြင့်

သက်မွန်မြင့်ကတော့ ချင်းမလေးတစ်ယောက်ဖြစ်ပြီး ပရိသတ်တွေက သဘာဝမင်းသမီးလေးလို့တောင်တင်စားခေါ်ဝေါ်ခံရတဲ့မင်းသမီးလေးတစ်လက်ပဲ ဖြစ်ပါတယ်။အနုပညာလောကအတွင်းသို့ မော်ဒယ်အဖြစ်ဖြင့် ဝင်ရောက်ခဲ့ပြီးနောက် ကြော်ငြာမင်းသမီးအဖြစ်ကနေ သရုပ်ဆောင်ဘက်ကိုကူပြောင်းခဲ့တဲ့ မင်းသမီးတစ်လက်လို့ဆိုရမှာပါ။ အနုပညာသက်တမ်းတစ်လျှောက် မည်သည့်နာမည်ဆိုးမှမရှိဘဲ ကျရာဇာတ်ရုပ်ကိုပီပီပြင်အောင်သရုပ်ဆောင်နိုင်မှုတွေကြောင့် (၂၀၁၀) ခုနှစ်မှာ ” အာဒမ်ရယ် ဧဝရယ် ဒသရယ် ” ဇာတ်ကားဖြင့်အမျိုးသမီးဇာတ်ဆောင်ဆုကိုရရှိခဲ့ပြီး ( ၂၀၁၆ )ခုနှစ်မှာလည်း ” ချစ်လှစွာသော အမုန်း ” ရုပ်ရှင်ဇာတ်ကားဖြင့် ဒုတိယမြောက်အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။အိမ်ထောင်ကျပြီး သားဦးလေးကိုမွေးပြီးနောက် သမီးလေးကိုထပ်မံ မွေးဖွားခဲ့ပေမယ့် သက်မွန်ကတော့ ပွဲတက်တွေမှာ အရမ်းကိုကျက်သရေရှိလှစွာနဲ့ ကလေးအမေလို့မထင်ရလောက်အောင် နုပျိုလွန်းနေတာပဲ ဖြစ်ပါတယ်။ တစ်သားမွေးတစ်သွေးလှနေတဲ့ သူတွေထဲမှာ မေမေသက်မွန်ကလည်းထိပ်ဆုံးကပါနေတာပါနော်။

(၃) ချစ်သုဝေ

ချစ်သုဝေကတော့ အဆိုတော်မင်းသမီးတစ်လက်ဖြစ်ပြီး သူမရဲ့ စူးရှရှအသံလေးကြောင့် ပရိသတ်တွေသတိထားမိလာပြီး နှစ်တိုင်းသြင်္ကန်ပွဲတော်မှာ ပရိသတ်တွေက သူမရဲ့ သြင်္ကန်သီချင်းကလည်း မပါမဖြစ်ပဲ ဖြစ်ပါတယ်။သူမရဲ့ “တကယ်ဆိုရင် ” သီချင်းလေးကတော့ မိန်းကလေး ပရိသတ်တွေ အသည်းစွဲကြိုက်ခဲ့ကြတာဖြစ်ပြီး ထပ်မံပြီး ” အဖြူလေးပါ ” သီချင်းကလည်း မိန်းကလေးတွေပါးစပ်ဖျားမှာ ရေပန်းစားခဲ့တဲ့သီချင်းလေးပဲ ဖြစ်ပါတယ်။ချစ်သုဝေကတော့ အဆိုတော်လင်းလင်းနဲ့ အိမ်ထောင်ကျခဲ့ပြီး ” မေမြန်မာခေတ်” နဲ့ ” မေမြန်မာသစ်” ဆိုတဲ့ အမွှာသမီးလေးနှစ်ယောက် ကို ပိုင်ဆိုင်ထားပြီး သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကိုရရှိထားတာပဲ ဖြစ်ပါတယ်။ သြဂုတ်လ(၁၀)ရက်နေ့ကတော့ အဆိုတော်သရုပ်ဆောင်ချစ်သုဝေရဲ့ (၃၅)နှစ်ပြည့်မွေးနေ့ရက်မြတ်လေး ဖြစ်ပြီး လင်းလင်းက ချစ်သုဝေအတွက် ” မင်းလွှတ်တဲ့စွန်” ဆိုတဲ့သီချင်းလေးကို မွေးနေ့ လက်ဆောင်အဖြစ်Surprise လုပ်ခြင်းခံခဲ့ရတာပဲ ဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့ အမွှာသမီးလေးနှစ်ယောက် ကိုမွေးဖွားပြီး သမီးနှစ်ယောက်ကို ကိုယ်တိုင်ပြုစုပျိုးထောင်နေတဲ့ မေမေချစ်သူဝေကတော့ ပွဲတက်တွေမှာ သမီးလေးတွေရဲ့မေမေလို့တောင်မထင်ရလောက်အောင် ကျက်သရေရှိစွာလှပနေတတ်သူဖြစ်တာကြောင့် ပရိသတ်တွေက ကလေးအမေလို့တောင် မထင်ရဘူးလို့ မှတ်ချက်အမြဲပေးခြင်းကိုခံရသူဖြစ်ပါတယ်။ မေမေချစ်သုဝေကလည်း တစ်သားမွေးတစ်သွေးလှနေတဲ့ သူတွေထဲက တစ်ယောက်အပါအဝင်ပဲ ဖြစ်ပါတယ်။

credit – celegabar

Comments are closed.