ဗောဓိမြိုင်ဆရာတော်ဘုရားကြီးကို ဒုတိယအကြိမ်သွား ရောက်ဖူးမျှော်ခဲ့တဲ့ မေကဗျာ

ပရိသတ်ကြီးရေ မေကဗျာကတော့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိထားတဲ့ ပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသမီးချော လေးတစ်ယောက်ပဲဖြစ်ပါတယ်။ မေကဗျာကတော့ လက်ရှိမှာ အနုပညာအလုပ်တွေနဲ့အတူ စီပွားရေးလုပ်ငန်းတွေကို ပြုလုပ်နေခဲ့ပြီး ကောင်းမှုကုသိုလ်တွေကိုပြုလုပ်ကာ ဘဝကိုအေးချမ်းစွာဖြတ်သန်းနေခဲ့ပါတယ်။

မေကဗျာကတော့ ကောင်းမှုကုသိုလ်တွေကို နေ့တိုင်းလိုလို ပြုလုပ်နေခဲ့ပြီး ဒီနေ့မှာလည်း ဗောဓိမြိုင်ဆရာတော်ဘုရားကြီးကို ဖူးမျှော် သွားရောက်ဖူးမျှော်ခဲ့ကြောင်းသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့ပါတယ်။ မေကဗျာကတော့ ဗောဓိမြိုင်ဆရာတော် ဘုရားကြီးကို သွားရောက်ဖူးမျှော်ခဲ့တာဆိုရင် ဒုတိယအကြိမ်မြောက်ဖူးမျှော်ခွင့်ရရှိခဲ့တာပဲဖြစ်ပါတယ်။

ပရိသတ်တွေကတော့ ဗောဓိမြိုင်ဆရာတော်ဘုရားကြီးကို နှစ်ကြိမ်တိုင်တိုင်ဖူးမျှော်ခွင့်ရရှိခဲ့တဲ့ မေကဗျာရဲ့ ကုသိုလ်ထူးတွေကိုတော့ အားကျသာဓုခေါ်နေခဲ့ကြပါသေးတယ်။ CeleZone ပရိသတ်ကြီးရေ မေကဗျာရဲ့ ဗောဓိမြိုင်ဆရာတော်ဘုရားကြီးကို နှစ်ကြိမ်တိတိ ဖူးမျှော်ခွင့်ရရှိတာကတော့ တကယ်ကို ကံထူးလွန်းလှတာပဲနော်။

Source – May Kabyar

Advertisement

Be the first to comment

Leave a Reply

Your email address will not be published.


*