အ Ro တတ်ဆုံး စုံတွဲတွေနဲ့မှ ခရီးအတူထွက်မိလို့ ကြေကွဲခဲ့ရတဲ့ G Fatt ရဲ့ ရယ်စရာအဖြစ်

အ Ro တတ်ဆုံး စုံတွဲတွေနဲ့မှ ခရီးအတူထွက်မိလို့ ကြေကွဲခဲ့ရတဲ့ G Fatt ရဲ့ ရယ်စရာအဖြစ်

အနုပညာကို ချစ်မြတ်နိုးလွန်းတဲ့ သူရဲ့စိတ်ကြောင့် တစ်နေ့တစ်ခြား အောင်မြင်မှုတွေတိုးလာတဲ့ အဆိုတော် G Fatt ကတော့ သူဘာလုပ်လုပ် ပရိသတ်ကို ရှေ့တန်းတင်ပြီး လုပ်လေ့ရှိသူနစ်ဦးပါ။ အချစ်ရေးမှာလည်း ကံကောင်းတဲ့ G Fatt ကတော့ သူ့ကိုအရမ်းချစ်တဲ့ ချစ်သူမမကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ လတ်တလောမှာတော့ G Fatt က အ Roဆုံးစုံတွဲတွေကြား တစ်ယောက်တည်း ခရီးထွက်မိလို့ ကြေကွဲနေတဲ့ သူ့ရဲ့အကြောင်းကို ဟာသလေးနှောပြီးတော့ လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ချစ်နေကြတဲ့ စုံတွဲတွေကြားမှာ တစ်ယောက်တည်းဖြစ်နေတဲ့ G Fatt ကတော့ မျက်နှာငယ်လေးနဲ့ ဖြစ်နေတာပါနော်။

ချစ်ပရိသတ်တွေအတွက် မြန်မာနိုင်ငံရဲ့ အ Roဆုံးစုံတွဲတွေကြား တစ်ယောက်တည်းဖြစ်နေလို့ ကြေကွဲနေတဲ့ G Fatt ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

G Fatt ကတော့ “ကျွန်တော့်မှာ အိမ့်မက်တစ်ခုရှိတယ် ….တစ်နေ့ အဲ့စုံတွဲတွေ ရှေ့မှာ နှစ်ဆ ပြန်ပြီး Ro ပြနိုင်ရမယ် ^” ဆိုပြီး မခံချင်စိတ်နဲ့ ကြုံးဝါးလိုက်သယောင် ဟာသနှောပြီး ပြောထားတာပါ။

G Fatt ကတော့ နာမည်ကြီးစုံတွဲတွေ ဖြစ်တဲ့ အဆိုတော် Rဇာနည် တို့ဇနီးမောင်နှံ၊ အဆိုတော် နေဝင်းတို့ ချစ်သူနှစ်ဦးနဲ့ နာမည်ကြီး သူရိန်ကျော်မိုးတို့ စုံတွဲ တွေနဲ့အတူ ခရီးထွက်ခဲ့တာပါ။

G fatt တို့အဖွဲ့တွေကတော့ ပျော်ပျော်ပါးပါး ခရီးထွက်နေကြတာ အခုဆိုရင် ဘာလီမြောက်ပိုင်း ရောက်နေတယ်လို့ သိရပါတယ်နော်။

G fatt ကတော့ လတ်တလောမှာ အပူအပင်မရှိပဲ ခရီးသွားနေရတာကို ပျော်ရွှင်နေတယ်လို့လည်း ရေးသားထားပါသေးတယ်။ချစ်ပရိသတ်တွေရော G Fatt တစ်ယောက် ကြုံးဝါးထားတဲ့အတိုင်း အRo ဆုံး စုံတွဲတွေထက် နှစ်ဆပြန် Ro နိုင်မယ်လို့ ထင်ကြလားဆိုတာ ပြောသွားခဲ့ပါဦးနော်။

Souece- G Fatt’s Facebook,MOMOLAY

Comments are closed.