ဖိုက်စတားအဖွဲ့ကို ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ခေါ်ယူသတိပေး ဆိုတဲ့ သတင်းကို ကောင်းကျော် ဖြေရှင်း

ဖိုက်စတားအဖွဲ့ကို ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ခေါ်ယူသတိပေး ဆိုတဲ့ သတင်းကို ကောင်းကျော် ဖြေရှင်း

လတ်တလောမှာတော့ ဖိုက်စတား လူရွှင်တော်အဖွဲ့က သက်ကြီးလူရွှင်တော်ကြီးများ ရံပုံငွေစုပေါင်းဖျော်ဖြေသည့်ပွဲတွင် လက်ရှိနိုင်ငံတော် အစိုးရကို အကြည်ငြိုပျက်အောင် ပျက်လုံးများထုတ်ခဲ့သောကြောင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ ခေါ်ယူသတိပေးဆိုတဲ့ သတင်းတစ်ခု လူမှုကွန်ယက်ပေါ်မှာ နာမည်ကြီးနေတာ တွေ့ရပါတယ်။ အဆိုပါသတင်းအမှားနဲ့ပတ်သတ်ပြီး လူရွှင်တော် ကောင်းကျော်က လုံးဝမှားနေတဲ့ သတင်းဖြစ်ကြောင်း ဖြေရှင်းချက်ထုတ်လိုက်တာ တွေ့ရပါတယ်။ ကောင်းကျော်ကတော့ မိဘပြည်သူတွေလည်း အဆိုပါ သတင်းအမှားတွေကို မယုံကြဖို့ သေချာလေး ပြောပြထားခဲ့တာပါနော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် လုံးဝကို မှားယွင်းနေတဲ့ သတင်းအမှားတွေအကြောင်း ဖြေရှင်းလာတဲ့ လူရွှင်တော် ကောင်းကျော်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

လူရွှင်တော် ကောင်းကျော်ကတော့ “ဂျင်းထည့်သည့် သတင်းအမှားတစ်ခုအား ပြန်လည်ရှင်းလင်းတင်ပြခြင်း ????? ယခုလတ်တစ်လောဖြစ်ပေါ်နေသော သတင်းအမှားတစ်ခုဖြစ်သည့် ဖိုက်စတား လူရွှင်တော်အဖွဲ့သည် သက်ကြီးလူရွှင်တော်ကြီးများ ရံပုံငွေစုပေါင်းဖျော်ဖြေသည့်ပွဲတွင် လက်ရှိနိုင်ငံတော် အစိုးရကို အကြည်ငြိုပျက်အောင် ပျက်လုံးများထုတ်ခဲ့ သောကြောင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ ခေါ်ယူသတိပေးခြင်း ဆိုသည့် သတင်းမှာ လုံးဝ မှားယွင်းသော သတင်း ဂျင်းထည့်ခြင်းဖြစ်ပါသည်။

ဖြစ်စဉ်အမှန်မှာ ။14-8-2019 နေ့တွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ သက်ကြီးလူရွှင်တော်ကြီးများအတွက် ရန်ပုံငွေ ဘောလုံးပွဲကို လိုအပ်သည့်အကူအညီများပေးနိုင်ရန်နှင့် ဘောလုံးပွဲအတွက်ကြိုတင်ပြင်ဆင်မှုများအတွက်ခေါ်ယူ၍ဆွေးနွေးညှိနှိုင်းတိုင်ပင်ခဲ့ကြခြင်းသာဖြစ်ပြီး ၎င်း ဖျော်ဖြေရေးပွဲနှင့်ပါတ်သက်ပြီး မည်သည့်ပြဿနာတစ်စုံတရာမှမဖြစ်ပါကြောင်း မြန်မာနိုင်ငံလူရွှင်တော်များအသင်း(မှ) ရှင်းလင်းအသိပေးအပ်ပါသည်။နောက်နောင် ထိုကဲ့သို့ ခြေအမြစ်မရှိသောဂျင်းထည့်သည့်သတင်မျိုး များကိုလဲ မိဘပြည်သူများအနေဖြင့် အကြောင်းအကျိုးကို တွေးတောဆင်ချင် သတိထားပြီးမှ ချင့်ချိန်ပြီး မှယုံကြည်ကြပါ ရန်လေးစားစွာဖြင့်အသိပေးနှိုးဆော်အပ်ပါသည်။ ကောင်းကျော် ပြန်ကြားရေးမှုး( မြန်မာနိုင်ငံလူရွှင်တော်များအသင်း) 27-8-2019″ ဆိုပြီး သေသေချာချာလေးကို ဖြေရှင်းထားတာပါ။ မျက်တောင်တစ်ချက် ခတ်လိုက်မိရင်တောင် နောင်တအကြီးအကျယ်ရသွားနိုင်တဲ့ သင်ဇာဝင့်ကျော်ရဲ့အကြမ်းစားပုံရိပ်တွေ

မိုမိုလေးချစ်ပရိသတ်တွေလည်း တက်လာသမျှသတင်းတွေကို စဉ်းစားချင့်ချိန်ပြီး ယုံကြစေဖို့ ဦးကောင်းကျော်ပြောသလို သတိပေးလိုက်ရပါတယ်နော်။

Myint Myat
Source;U Kaung Kyaw’s Facebook

Comments are closed.